< Klaagliederen 5 >
1 Gedenk toch, Jahweh, wat wij verduren, Zie toe, en aanschouw onze smaad:
၁အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ရောက် သော အမှု ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့ခံရသောကဲ့ရဲ့ ခြင်းကိုကြည့်ရှု ၍ ဆင်ခြင် တော်မူပါ။
2 Ons erfdeel is aan anderen vervallen, Onze huizen aan vreemden.
၂အကျွန်ုပ် တို့ အမွေ ခံရာမြေသည် တပါး အမျိုးသားလက်သို့ ၎င်း ၊ နေရာအိမ် တို့သည်လည်း တကျွန်းတနိုင်ငံသား တို့လက်သို့ ၎င်း ရောက် ပါပြီ။
3 Wezen zijn wij, vaderloos, Als weduwen zijn onze moeders;
၃အကျွန်ုပ်တို့သည် မိ ဘမရှိသော သူငယ်ဖြစ် ကြပါ ၏။ အဘ ဆုံး ပါပြီ။ အမိ သည်မုတ်ဆိုးမ ကဲ့သို့ နေရပါ၏။
4 Ons water drinken wij voor geld, Wij moeten ons eigen hout betalen.
၄ငွေ ပေးမှ ရေ ကို သောက် ရပါ၏။ ထင်း ကိုလည်း ဝယ် ရပါ၏။
5 Voortgezweept, met het juk om de hals, Uitgeput, maar men gunt ons geen rust!
၅ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မ ရပ် မနေဘဲ လုပ်ကိုင် ရပါ၏။
6 Naar Egypte steken wij de handen uit, Naar Assjoer om brood!
၆စားစရာ ကိုရ ခြင်းငှါ အဲဂုတ္တု ပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန် ခံရပါ၏။
7 Onze vaderen hebben gezondigd: zij zijn niet meer, Wij dragen hun schuld:
၇ဘိုးဘေး တို့သည်ပြစ်မှား ၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူ တို့ အပြစ် များကိုခံ ရပါ၏။
8 Slaven zijn onze heersers, En niemand, die ons uit hun handen verlost.
၈သူ့ကျွန် တို့သည် အကျွန်ုပ် တို့ကို အုပ်စိုး ကြပါ၏။ သူ တို့လက် မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
9 Met gevaar voor ons leven halen wij brood, Voor het dreigende zwaard der woestijn;
၉တော ၌ထား ဘေးနှင့် တွေ့၍ အသေခံ လျက် စားစရာ ကို ရှာရ ကြပါ၏။
10 Onze huid is heet als een oven, Door de koorts van de honger.
၁၀မွတ်သိပ် ခြင်းအရှိန် ကြောင့် အကျွန်ုပ် တို့၏ အရေ သည် မီးဖို ကဲ့သို့ မည်း ပါ၏။
11 De vrouwen worden in Sion onteerd, De maagden in de steden van Juda;
၁၁ဇိအုန် မြို့၌ မိန်းမ များကို၎င်း၊ ယုဒ မြို့ ရွာတို့၌ မိန်းမပျို များကို၎င်း အဓမ္မ ပြုကြပါ၏။
12 Vorsten door hen opgehangen, Geen oudsten gespaard.
၁၂မှူးမတ် တို့ကို လက် ဖြင့် ဆွဲ ထားကြပါ၏။ အသက်ကြီး သူတို့ကိုလည်း မ ရိုသေ ကြပါ။
13 De jongens moeten de molensteen torsen, De knapen bezwijken onder het hout;
၁၃လူပျို တို့သည် ကြိတ်ဆုံ ကို ထမ်း ရကြပါ၏။ သူငယ် တို့သည်လည်း ထင်း အောက်မှာ လဲ ရကြပါ၏။
14 Geen grijsaards meer in de poorten, Geen jonge mannen meer met hun lier.
၁၄အသက်ကြီး သူတို့သည် မြို့တံခါးဝ ၌ ၎င်း ၊ လူပျို တို့သည် ပွဲ သဘင်၌ ၎င်း ကွယ်ပျောက် ကြပါ၏။
15 Geen blijdschap meer voor ons hart, Onze reidans veranderd in rouw,
၁၅အကျွန်ုပ် တို့သည် နှလုံး ရွှင်လန်း ခြင်းပြတ် ၍၊ က ခြင်းအရာ၌ ညည်းတွား ခြင်း ရှိ ကြပါ၏။
16 Gevallen de kroon van ons hoofd: Wee onzer, wij hebben gezondigd!
၁၆အကျွန်ုပ် တို့ဆောင်း သော သရဖူ သည်ကျ ပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှား သောကြောင့် အမင်္ဂလာ ရှိကြပါ၏။
17 Hierom is ons hart verslagen, Staan onze ogen zo dof:
၁၇ထိုကြောင့် အကျွန်ုပ် တို့သည်စိတ် ပျက် ကြ ပါပြီ။ ထို အပြစ်ကြောင့် မျက်စိ တို့သည်လည်း မွဲ ကြပါ၏။
18 Om de Sionsberg, die ligt verlaten, Waar enkel jakhalzen lopen.
၁၈လူဆိတ်ညံ လျက်ရှိသောဇိအုန် တောင် ပေါ်မှာ မြေခွေး တို့သည် သွား လာကြပါ၏။
19 Maar Gij zetelt in eeuwigheid, Jahweh; Uw troon van geslacht tot geslacht!
၁၉အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ အမြဲတည် တော်မူ၏။ ပလ္လင် တော်သည်လည်း ထာဝရ ပလ္လင် ဖြစ်ပါ၏။
20 Waarom zoudt Gij ons dan altijd vergeten, Ten einde toe ons verlaten?
၂၀ကိုယ်တော်သည် အဘယ် ကြောင့်အကျွန်ုပ် တို့ကို အစဉ် မပြတ်မေ့လျော့ တော်မူသနည်း။ အဘယ်ကြောင့်ကာလ ကြာမြင့် စွာ စွန့်ပစ် တော်မူသနည်း။
21 Ach Jahweh, breng ons tot U terug: wij willen bekeren; Maak onze dagen weer als voorheen!
၂၁အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကိုအထံ တော်သို့ လှည့် စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည်ပြန် ၍ လာကြပါမည်။ ရှေး ကာလကဲ့သို့ အကျွန်ုပ် တို့ကာလ ကို အသစ် ပြုပြင်တော်မူပါ။
22 Neen, Gij hebt ons niet voor immer verworpen, Gij blijft op ons niet zo hevig verbolgen!
၂၂အကယ်၍ ကိုယ်တော်သည်အကျွန်ုပ် တို့ကို ရှင်းရှင်းပယ် တော်မူမည်လော။ ပြင်းစွာ အမျက်ထွက် တော်မူ မည်လော။