< Johannes 9 >

1 En in het voorbijgaan zag Hij iemand, die blind was van zijn geboorte af.
လမ်း၌သွား တော်မူစဉ်၊ အမိ ဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ တစ်ယောက်ကို တွေ့မြင် တော်မူ၏။
2 Zijn leerlingen vroegen Hem: Rabbi, wie heeft gezondigd, hij of zijn ouders, dat hij blind werd geboren?
တပည့် တော်တို့က၊ အရှင် ဘုရား၊ ဤသူ သည် အဘယ်သူ ၏အပြစ် ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်း သလောဟု မေးလျှောက် ကြ၏။
3 Jesus antwoordde: Noch hij noch zijn ouders hebben gezondigd; maar de werken Gods moeten in hem worden geopenbaard.
ယေရှု ကလည်း၊ ကိုယ် အပြစ် ကြောင့်မ ဟုတ်။ မိဘ အပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှား စေမည်အကြောင်း တည်း။
4 Zolang het dag is, moet Ik de werken verrichten van Hem, die Mij heeft gezonden; er komt een nacht, waarin niemand werken kan.
ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။
5 Zolang Ik in de wereld ben, ben Ik het licht der wereld.
ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊
6 Na deze woorden spuwde Hij op de grond, maakte slijk van het speeksel, streek hem het slijk op de ogen,
မြေ ပေါ်မှာထွေး ၍ တံထွေး နှင့်ရွှံ့ လုပ် ပြီးမှ၊ ကန်းသောသူ၏ မျက်စိ ကိုရွှံ့ နှင့်လူး ၍ ၊
7 en sprak tot hem: Ga u wassen in de vijver van Siloë (dat betekent: Gezonden). Hij ging er heen, waste zich, en kwam ziende terug.
သင်သွား လော့။ ရှိလောင် ရေကန် ၌ မျက်စိကိုဆေး လော့ ဟု မိန့် တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ် သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား ၍ ဆေး ပြီးမှ၊ မျက်စိမြင် လျက် ပြန် လေ၏။
8 Zijn buren nu, en zij die hem vroeger als bedelaar hadden gekend, zeiden: Is dat niet de man, die zat te bedelen?
သူ သည် သူတောင်းစား ဖြစ် သည်ကို အိမ်နီးချင်း မှစ၍ မြင် ဘူး သောသူ တို့က၊ ဤသူ သည် ထိုင် ၍ တောင်း သောသူ မ ဟုတ် လောဟု ဆို ကြ၏။
9 Sommigen zeiden: Hij is het. Anderen weer: Neen, hij lijkt op hem. Zelf zei hij: Ik ben het.
လူအချို့ က၊ ဟုတ်ကဲ့ ဟုဆို ကြ၏။ အချို့ ကလည်း၊ ထိုသူ နှင့်တူ သည်ဟု ဆို ကြ၏။ ထိုသူ ကလည်း၊ အကျွန်ုပ် သည် ထိုသူပင်ဖြစ် သည်ဟုဆို ၏။
10 Men zei hem dus: Hoe zijn dan uw ogen open gegaan?
၁၀သူ တို့ကလည်း၊ အဘယ်သို့ သင် ၏မျက်စိ ပွင့် သနည်းဟု မေးမြန်း ကြလျှင်၊
11 Hij antwoordde: De man, die Jesus heet, maakte slijk, bestreek er mijn ogen mee, en sprak tot Mij: Ga naar de vijver van Siloë, en was u. Ik ging dus, waste mij, en kon zien.
၁၁ထိုသူ က၊ ယေရှု အမည် ရှိသောသူ တစ်ယောက်သည် ရွှံ့ လုပ် ၍ ကျွန်ုပ် မျက်စိ ကိုလူး ပြီးမှ၊ ရှိလောင် ရေကန်သို့ သွား ၍ မျက်စိကိုဆေး လောဟုဆို သည်အတိုင်း အကျွန်ုပ်သွား ၍ ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
12 Men zeide hem: Waar is Hij? Hij antwoordde: Dat weet ik niet.
၁၂လူများကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ကြလျှင်၊ အကျွန်ုပ်မ သိ ဟုဆို ၏။
13 Toen bracht men den gewezen blinde naar de farizeën.
၁၃လူများသည် မျက်စိ ကန်းဘူးသော ထိုသူ ကို ဖာရိရှဲ တို့ထံသို့ ပို့ ကြ၏။
14 Nu was het die dag juist een sabbat, toen Jesus slijk had gemaakt en hem de ogen had geopend.
၁၄ယေရှု သည် ရွှံ့ လုပ် ၍ သူ ၏မျက်စိ ကို ပွင့် တော်မူသောနေ့ သည် ဥပုသ်နေ့ ဖြစ် သတည်း။
15 Ook de farizeën ondervroegen hem, hoe hij het gezicht had teruggekregen. Hij sprak tot hen: Hij deed slijk op mijn ogen, ik waste mij, en ik zie.
၁၅တစ်ဖန် ဖာရိရှဲ တို့ကအဘယ်သို့ ၊သင်၏မျက်စိမြင် သနည်းဟုမေးမြန်း ပြန်လျှင်၊ အကျွန်ုပ် မျက်စိ ၌ သူ သည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
16 Sommigen van de farizeën zeiden: Die man komt niet van God, want Hij houdt de sabbat niet. Maar anderen zeiden: Hoe kan een zondig mens zulke wonderen doen? En er ontstond onenigheid onder hen.
၁၆ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။
17 Men ondervroeg dus den blinde opnieuw: Wat zegt ge zelf van Hem, nu Hij u de ogen geopend heeft? Hij sprak: Hij is een profeet.
၁၇တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။
18 Maar nu geloofden de Joden niet, dat hij blind was geweest, en het gezicht had teruggekregen, voordat ze de ouders van den genezene hadden ontboden.
၁၈ထိုသူသည် အထက်မျက်စိ မမြင်၊ နောက်မှ မျက်စိမြင် သည်ကို ယုဒ လူတို့သည် မ ယုံ ကြသဖြင့် သူ၏ မိဘ ကိုခေါ် ၍ ၊
19 Ze ondervroegen hen: Is dit uw zoon, die naar gij zegt, blind is geboren? Hoe ziet hij dan nu?
၁၉ဤသူ သည် သင် တို့ဆို သည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိ ကန်းသော သင် တို့၏ သား မှန် လော။ သို့မှန်လျှင် အဘယ်သို့ ယခု မျက်စိမြင် သနည်းဟု မေး ကြ၏။
20 Zijn ouders gaven ten antwoord: We weten, dat dit onze zoon is, en dat hij blind is geboren.
၂၀မိဘ တို့ကလည်း၊ ဤသူ သည် အကျွန်ုပ် တို့၏ သား မှန် သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း ၊ အကျွန်ုပ်တို့ သိ ကြပါ၏။
21 Maar hoe hij zien kan, dat weten we niet; of wie zijn ogen geopend heeft, we weten het niet. Vraagt het hemzelf; hij is meerderjarig, en zal zich zelf wel verantwoorden.
၂၁အဘယ်ကြောင့် မျက်စိမြင် သည်ကို၎င်း ၊ အဘယ်သူ သည်သူ၏ မျက်စိ ကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ် တို့ မ သိ ကြပါ။ သူ သည် အသက် အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ ကိုမေး ကြပါလော့။ သူ သည်ကိုယ် အကြောင်း ကို ကိုယ်တိုင်ပြော ပါလိမ့်မည်ဟု ပြန်ပြော ကြ၏။
22 Zo spraken zijn ouders uit vrees voor de Joden; want reeds waren de Joden overeengekomen, om iedereen uit de synagoge te bannen, die Hem als den Christus beleed.
၂၂ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။
23 Daarom zeiden zijn ouders: Hij is meerderjarig; ondervraagt hemzelf.
၂၃ထိုကြောင့် မိဘ တို့က၊ သူ သည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ ကိုမေး ကြလော့ဟု ယုဒ လူတို့ကို ကြောက် ၍ ပြော ကြ၏။
24 Opnieuw riepen ze nu den gewezen blinde, en zeiden tot hem: Geef eer aan God; wij weten, dat die man een zondaar is.
၂၄ထိုကြောင့် ၊ မျက်စိ ကန်းဘူးသောသူ ကို ဒုတိယ အကြိမ်ခေါ် ၍ ဘုရားသခင် ကို ချီးမွမ်း လော့။ ထို သူ သည် လူဆိုး ဖြစ် ကြောင်း ကို ငါ တို့သိ ၏ဟုဆို ကြလျှင်၊
25 Hij antwoordde: Of Hij een zondaar is, weet ik niet. Eén ding weet ik: dat ik blind was, en nu zie.
၂၅လူဆိုး ဖြစ် သည်မ ဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိ ကန်း၍ ယခု မျက်စိမြင် သည်အကြောင်းတစ်ခု ကို အကျွန်ုပ်သိ သည်ဟုဆို ၏။
26 Ze zeiden hem dan: Wat heeft Hij met u gedaan? Hoe heeft Hij u de ogen geopend?
၂၆တဖန်သူတို့က၊ သူသည်သင် တို့၌ အဘယ်သို့ ပြု သနည်း။ သင် ၏ မျက်စိ ကိုအဘယ်သို့ ဖွင့် သနည်းဟု မေး ကြလျှင်၊ အကျွန်ုပ်တစ်ခါပြော ပြီ၊ သင် တို့နားမ ကြား ကြ။
27 Hij antwoordde hun: Ik heb het u al gezegd, maar gij hebt niet geluisterd. Waarom wilt gij het nog eens horen? Wilt gij ook soms zijn leerlingen worden?
၂၇အဘယ်ကြောင့် တစ်ဖန် ကြား ချင် သနည်း။ သူ့ တပည့် ဖြစ် ချင်သလောဟု ဆို ကြ၏။
28 Ze zeiden hem honend: Gijzelf zijt een leerling van Hem; wij blijven leerlingen van Moses.
၂၈ထိုသူတို့ကလည်း၊ သင် သည်သူ့ တပည့် ဖြစ် ၏။ ငါ တို့မူကား မောရှ ၏တပည့် ဖြစ် ကြ၏။
29 We weten, dat God tot Moses gesproken heeft; maar waar Deze vandaan is, dat weten we niet.
၂၉ဘုရားသခင် သည်မောရှ ၌ ဗျာဒိတ် ထားတော်မူကြောင်း ကို ငါ တို့ သိ ကြ၏။ ထိုသူ သည် အဘယ် ကဖြစ် သည်ကို မ သိ ဟုကဲ့ရဲ့ ၍ ပြောဆို ကြလျှင်၊
30 De man antwoordde hun: Het is toch wel wonderlijk, dat gij niet weet, waar Hij vandaan is; en Hij heeft mij nog wel de ogen geopend.
၃၀သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။
31 We weten toch, dat God geen zondaars verhoort, maar hem alleen, die godvrezend is en zijn wil volbrengt.
၃၁ဘုရားသခင် သည် လူဆိုး တို့ စကားကိုနားထောင် တော်မ မူသည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ကို ရိုသေလေးမြတ်၍ အလို တော်ကို လိုက် သောသူဖြစ် လျှင် ထိုသူ ၏စကားကို နားထောင် တော်မူ၏။
32 Nooit in der eeuwigheid is het gehoord, dat iemand de ogen van een blindgeborene heeft geopend. (aiōn g165)
၃၂အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။ (aiōn g165)
33 Als Hij niet van God kwam, zou Hij niets kunnen doen.
၃၃ထိုသူ သည်ဘုရားသခင် စေလွှတ် တော်မူသောသူမ ဟုတ် လျှင် အဘယ် အမှုကိုမျှမ တတ် နိုင် ဟုပြောဆို ၏။
34 Ze antwoordden hem: In zonden zijt ge geboren van boven tot onder; en ge leest ons de les? En ze wierpen hem buiten.
၃၄ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။
35 Jesus vernam, dat men hem buiten geworpen had; en toen Hij hem aantrof, sprak Hij tot hem: Gelooft ge in den Mensenzoon?
၃၅နှင်ထုတ် သည်အကြောင်း ကို ယေရှု သည်ကြား ပြီးမှထိုသူ ကိုတွေ့ တော်မူလျှင်၊ သင် သည် ဘုရားသခင် သား တော်ကို ယုံကြည် သလော ဟု မေး တော်မူ၏။
36 Hij antwoordde: Wie is het, Heer; dan zal ik in Hem geloven.
၃၆သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊
37 Jesus sprak tot hem: Ge hebt Hem gezien; Hij is het, die met u spreekt.
၃၇ယေရှု က၊ သင်သည် ထိုသူ ကိုမြင် ခဲ့ပြီးသာမက ၊ သင် နှင့် ယခု စကားပြော သောသူ သည် ဘုရားသခင်၏ သားတော်ဖြစ် သည် ဟု မိန့် တော်မူလျှင်၊
38 Toen zei hij: Heer, ik geloof. En hij wierp zich voor Hem neer.
၃၈သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။
39 En Jesus sprak: Tot dit vonnis ben Ik in deze wereld gekomen: dat de blinden zouden zien, en de zienden blind zouden worden.
၃၉ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
40 Enige farizeën, die bij Hem waren, hoorden dit, en zeiden Hem: Zijn ook wij soms blind?
၄၀အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
41 Jesus sprak tot hen: Als gij blind waart, hadt gij geen zonde; maar nu gij zegt: We zien; nu blijft uw zonde.
၄၁ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။

< Johannes 9 >