< Jesaja 28 >
1 Wee de trotse kroon van Efraïms drinkers, De verwelkte bloem van zijn prachtige krans, Op het hoofd van het welige dal, beschonken door wijn!
၁ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
2 Zie, een machtige en sterke, door Jahweh gezonden, Als een stortbui van hagel, een vernielende storm, Als een vloed van bruisende, onstuimige wateren, Slaat hem met geweld tegen de grond.
၂ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
3 Onder de voeten vertrapt Ligt de trotse kroon van Efraïms drinkers!
၃ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
4 En de verwelkte bloem van zijn prachtige krans, Op het hoofd van het welige dal, Zal het gaan als de vijg, al rijp vóór de oogst: Als iemand ze ziet, Slokt hij ze op, zó uit de hand.
၄မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။
5 Op die dag zal Jahweh der heirscharen De schitterende kroon zijn, En de prachtige krans voor het overschot van zijn volk;
၅အနန္တတန်ခိုးရှင်ထာဝရဘုရားသည်အသက် မသေဘဲ ကျန်ရှိခဲ့သည့်မိမိ၏လူမျိုးတော် အတွက် ဘုန်းအသရေတောက်ပသောဦးရစ် သရဖူသဖွယ် ဖြစ်တော်မူမည့်နေ့ရက်ကာလ ကျရောက်လာလိမ့်မည်။-
6 Een geest van gerechtigheid Voor wie op de rechterstoel zetelt; Een heldenkracht voor hen, Die de strijd naar de poorten verdringen.
၆ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
7 Ook hier is men bevangen door wijn en suf van het drinken: Priester en ziener zijn beneveld door drank, En verdwaasd door de wijn. Suf van het drinken, zijn ze in hun visioenen verward, En waggelen, als ze recht moeten spreken;
၇ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
8 Alle tafels liggen vol braaksel, Geen plek onbezoedeld.
၈သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
9 "Wien wil hij eigenlijk wijsheid leren, Wien de godsspraak verklaren: Aan pas gespeende kinderen misschien, Zo juist van de borst?
၉သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။-
10 Het is maar: Saw lasaw, saw lasaw, Kaw lakaw, kaw lakaw, Zeïr sjam, zeïr sjam!"
၁၀သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။
11 Welzeker! Met brabbeltaal En vreemde tongval Zal Hij spreken tot dit volk!
၁၁အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။-
12 Hij die hun eens had gezegd: Hier is de rust, laat de vermoeiden rusten, Hier is verkwikking! Maar ze wilden niet horen.
၁၂ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
13 Nu zal ook Jahweh’s woord voor hen zijn: Saw lasaw, saw lasaw, Kaw lakaw, kaw lakaw, Zeïr sjam, zeïr sjam; Opdat ze struikelen onder het gaan, Achterover vallen en breken, Worden verstrikt en gevangen.
၁၃သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
14 Hoort dan het woord van Jahweh, gij spotters, Grappenmakers van dit Jerusalemse volk!
၁၄ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။-
15 Gij zegt: We hebben een verbond met de dood gesloten, Met het dodenrijk een verdrag aangegaan. Als de storm zich ontketent, zal hij ons niet bereiken, Want we hebben ons de leugen tot toevlucht gemaakt, En verschuilen ons in het bedrog. (Sheol )
၁၅သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။- (Sheol )
16 Daarom zegt Jahweh, de Heer: Zie, in Sion heb Ik een steen, Een stevige steen, een kostbare hoeksteen, Als grondslag gelegd; Wie er op steunt, zal niet wankelen.
၁၆ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
17 En het recht heb Ik tot meetsnoer genomen, Tot paslood de gerechtigheid! Maar de hagel zal de toevlucht van leugen vernielen, En de watervloed spoelt de schuilplaatsen weg;
၁၇ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
18 Uw verbond met de dood zal worden verbroken, Uw verdrag met het dodenrijk geen stand kunnen houden. De storm zal worden ontketend, En wanneer hij over u heen zal loeien, Zult ge door hem worden plat geslagen! (Sheol )
၁၈သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။- (Sheol )
19 Zo vaak hij voorbij jaagt, grijpt hij u vast, Morgen aan morgen, Overdag en des nachts. Dan zal louter ontzetting U het spreekwoord leren verstaan:
၁၉သူတို့သည်သင်တို့အားနံနက်တိုင်းထပ်ကာ ထပ်ကာတိုက်ခိုက်ကြလိမ့်မည်။ သင်တို့သည် နေ့ရောညဥ့်ပါဒုက္ခရောက်ကြလိမ့်မည်။ ဘုရားသခင်၏ဗျာဒိတ်တော်ရောက်ရှိလာသည့် အခါတိုင်း ထိတ်လန့်၍နေကြလိမ့်မည်။-
20 "Het bed is te kort, om te liggen; De deken te smal, om te dekken!"
၂၀သင်တို့သည်``ငယ်လွန်းသောစောင်ကိုခြုံ၍ တိုလွန်းသောကုတင်တွင်အိပ်ရန်ကြိုးစား သူ'' ကဲ့သို့ဖြစ်ကြလိမ့်မည်။-
21 Want als op de Perasim-berg zal Jahweh opstaan, En woeden als in het Gibon-dal: Om zijn werk te verrichten, een ongekend werk, Zijn daad te volbrengen, een daad, ongehoord!
၂၁ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
22 Spot er niet mee, anders worden uw straffen nog zwaarder; De verwoesting van het hele land is beslist: Ik heb het gehoord van den Heer, Jahweh der heirscharen!
၂၂အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
23 Luistert en hoort naar mijn stem, Let op en hoort naar mijn woord!
၂၃ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့ အားငါပြောသည့်စကားကိုအာရုံစိုက်၍ နားထောင်ကြလော့။-
24 Als de landman wil zaaien, blijft hij altijd dan ploegen, Zijn akker spitten en eggen?
၂၄အဘယ်လယ်သမားမျှစိုက်ပျိုးမှုအတွက် မိမိ၏လယ်ကိုအစဉ်အမြဲထွန်ယက်ပြင် ဆင်၍မနေတတ်။-
25 Neen, als hij de grond gelijk heeft gemaakt, Strooit hij kervel, en zaait hij lavendel, Legt de tarwe en gerst in vakken, En de haver er langs.
၂၅မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။-
26 Het is zijn God, die het hem heeft geleerd, Hem onderwezen, wat hij moet doen.
၂၆ဘုရားသခင်သည်သူ့အားအသိဉာဏ်ပေး ထားတော်မူသဖြင့် သူသည်မိမိအဘယ် သို့လုပ်ဆောင်ရမည်ကိုသိ၏။-
27 En de kervel wordt niet met de slede gedorst, Het wagenrad niet over lavendel gewenteld; Maar de kervel wordt geklopt met een stok, Met een knuppel lavendel.
၂၇စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။-
28 Ook wordt het koren niet aldoor getreden, Niet maar altoos gedorst; Men wentelt het rad van zijn wagen er over, Woelt het los, maar verplettert het niet.
၂၈သူသည်ဂျုံနှံများကိုလည်းအဆက်မပြတ် နင်းနယ်ခြင်းအားဖြင့် ဂျုံဆံအများပျက်စီး အောင်မပြုတတ်။ ဂျုံဆံများမပွန်းမပဲ့ရ လေအောင်လှည်းဖြင့်အဘယ်သို့နင်းနယ်ရ မည်ကိုသိ၏။-
29 Ook dit gaat van Jahweh der heirscharen uit: Hij is wonderbaar in zijn raad, en zijn wijsheid is groot!
၂၉သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။