< Jesaja 27 >
1 Op die dag zal Jahweh bestraffen Met zijn groot, geweldig en machtig zwaard Liwjatan, de vluchtende draak, Liwjatan, de kronkelende slang; Hij zal vermoorden Het monster der zee!
၁ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။
2 Op die dag zal men van de lieflijke wijngaard zingen:
၂ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။
3 Ik, Jahweh, verzorg hem, Blijf hem altijd besproeien, Opdat zijn blaren niet vallen. Ik waak over hem dag en nacht,
၃ငါ ထာဝရဘုရား သည် ဥယျာဉ်စောင့် ဖြစ်၏။ မ ခြားမလပ်ရေ လောင်းမည်။ အဘယ်သူမျှမဖျက် စေ ခြင်းငှါ ၊ နေ့ ညဉ့် မပြတ် စောင့်ရှောက် မည်။
4 Niet langer ben Ik vertoornd! En vind Ik nog doornen en distels, Ik trek er tegen ten strijde, En zal ze allen verbranden!
၄ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။
5 Dan klampt hij zich vast aan mijn sterkte, En maakt vrede met Mij, Maakt vrede met Mij!
၅သို့မဟုတ် ငါ ၏အစွမ်း သတ္တိကို ကိုးစား ၍၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေ။ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေသော။
6 Dan zal in die dagen, Jakob weer wortel schieten, Israël bloeien en vruchten dragen, En de aarde vullen met zijn oogst.
၆နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။
7 Of zou Hij hem slaan, zoals Hij slaat, die hèm slaan, Hem doden, zoals Hij doodt, die hèm doden?
၇သူ့ ကိုညှဉ်းဆဲ သောသူတို့ကို ညှဉ်းဆဲ တော်မူသည် နည်းတူ ၊ သူ့ ကို ညှဉ်းဆဲ တော်မူသလော။ သူ့ ကိုသတ် သောသူတို့ သည် အသေသတ် ခြင်းကိုခံ ရကြသည်နည်းတူ ၊ သူသည် အသေသတ် ခြင်းကိုခံရသလော။
8 Zou Hij hem zijn volle wraak doen gevoelen, Hem verwerpen, wegvagen door zijn ziedende toorn Op de dag van de storm?
၈သူ့ ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမ တော်မူ၏။ အရှေ့ လေလာသောအခါ၊ ပြင်းစွာ သောလေဖြင့် တိုက် သွားတော်မူ၏။
9 Neen, zo bedoelt Hij het niet! Maar de misdaad van Jakob moet worden verzoend, De verdelging zijner zonde moet de vrucht er van zijn: Als hij alle altaarstenen als brokken kalk heeft verbrijzeld, En er geen heilige palen en zonnezuilen meer staan.
၉ထို သို့ယာကုပ် အမျိုးသည် ယဇ် ပလ္လင်ကျောက် တို့ ကို ထုံး ကျောက် ကဲ့သို့ ချိုးဖဲ့ ၍၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို လှဲ သောအခါ ၊ မိမိ အပြစ် ပြေ ၍၊ အပြစ် ပြေရှင်းခြင်း အကျိုး ကျေးဇူးရှိသမျှ ကို ခံရလိမ့်မည်။
10 Wel zal de machtige stad nog eenzaam zijn, Een ontvolkte plaats, verlaten als een woestijn. De kalveren zullen er weiden, Tussen haar struiken liggen, en ze vernielen;
၁၀သို့ သော်လည်း၊ ခိုင်ခံ့ သောမြို့ သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့် ၍ ပစ် ထားသောနေရာ ဖြစ် လိမ့်မည်။ ထို အရပ်၌ နွား သငယ်သည် ကျက်စား လျက် ၊ အိပ် လျက်နေ၍၊ အညွန့် များကို ကိုက် စားလိမ့်မည်။
11 Haar takken zullen verdorren en knappen, De vrouwen komen, En steken ze in brand. Want nog is dit volk niet tot inzicht gekomen; Zijn Maker heeft dus voor hem geen erbarmen, Zijn Schepper geen ontferming voor hem.
၁၁အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။
12 Maar op die dag zal Jahweh oogsten Van de oever van de Eufraat tot de stroom van Egypte; En gij zult weer worden verzameld, Een voor een, Israëls zonen!
၁၂အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
13 Op die dag Zal schallen de grote bazuin: En die in het land van Assjoer waren verloren, Of naar het land van Egypte waren verstoten, Zullen Jahweh komen aanbidden In Jerusalem, op de heilige berg!
၁၃ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။