< Zekaria 8 >

1 Wach Jehova Nyasaye Maratego nochako obirona kendo.
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ် က​ပတ်​တော်​သည် ဇာ​ခ​ရိ​ထံ​သို့​ရောက်​လာ ၏။-
2 Ma e gima Jehova Nyasaye Maratego wacho: “An gi nyiego maduongʼ nikech Sayun; kendo nyiego omaka malich nikech dalano.”
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-
3 Ma e gima Jehova Nyasaye wacho: “Abiro duogo Sayun mi adag Jerusalem. Eka Jerusalem noluong ni Dala Maduongʼ Mar Tim Makare, kendo got mar Jehova Nyasaye Maratego noluong ni Got Maler.”
ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''
4 Ma e gima Jehova Nyasaye Maratego wacho: “Chwo gi mon mahikgi ngʼeny biro bet e yore mag Jerusalem kendo, ka moro ka moro kuomgi sirore gi luth nikech hike ngʼeny.
``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။-
5 Yawuowi gi nyiri nopongʼ yore mag dala ka gitugoe.”
လမ်း​များ​သည်​လည်း​က​စား​လျက်​နေ​သူ က​လေး​သူ​ငယ်​သူ​ငယ်​မ​များ​နှင့်​တစ်​ဖန် ပြည့်​နှက်​၍​နေ​ပေ​လိမ့်​ဦး​မည်။''
6 Ma e gima Jehova Nyasaye Maratego wacho: “Ni ogendini mantie mane odongʼ kuom ji chakre ndalono to nyalo neno ni gima kama ok nyal timorena; to an bende dobedna gima ok nyalre?” Jehova Nyasaye Maratego ema owacho.
``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-
7 Ma e gima Jehova Nyasaye Maratego wacho: “Abiro reso joga e lwet pinje man yo wuok chiengʼ gi yo podho chiengʼ.
ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊-
8 Abiro dwogogi mondo gichak gidag Jerusalem; gibiro bedo joga, kendo kaka Nyasachgi abiro bedonegi ja-adiera kod tim makare.”
ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ရန်​အ​ရှေ့​နှင့် အ​နောက်​အ​ရပ်​များ​မှ​ခေါ်​ဆောင်​လာ​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ တို့​အား​တ​ရား​မျှ​တ​စွာ​သစ္စာ​နှင့်​အုပ်​စိုး မည်။
9 Ma e gima Jehova Nyasaye Maratego wacho: “Un joma winjo wechegi mane jonabi mane nitie e kinde mane iketo mise mar od Jehova Nyasaye Maratego owuoyoe, koro beduru mondo hekalu oger.
ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။-
10 Ka kindeno ne pok ochopo, ne onge chudo mane ichulo ji kata jamni. Onge ngʼama ne nyalo timo tijene mapile gi kwe nikech jasike, nikech namiyo ngʼato ka ngʼato olokore jasik nyawadgi,
၁၀ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။-
11 to koro sani ok abi timo ne joma odongʼ kuom jogi kaka ne atimo e kinde mokalo,” Jehova Nyasaye Maratego owacho.
၁၁သို့​သော်​ယ​ခု​ငါ​သည်​ဤ​လူ​မျိုး​အ​ကြွင်း အ​ကျန်​များ​နှင့် တစ်​မျိုး​တစ်​ဖုံ​ပြောင်း​လဲ ဆက်​ဆံ​မည်။-''
12 “Kodhi notwi maber, mzabibu nonyag olembe, cham nochieg e piny, kendo polo nochiw tho margi. Abiro chiwo gigi duto kaka girkeni ni joma odongʼ kuom jogi.
၁၂``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-
13 Mana kaka usebedo gima ikwongʼo e dier ogendini, yaye Juda gi Israel, e kaka koro abiro resou, mi udok joma ji yudo gweth kuomgi. Kik ubed maluor, to beduru gi chir.”
၁၃အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
14 Ma e gima Jehova Nyasaye Maratego wacho: “Mana kaka ne asechano mar kelonu masira, kendo kane kwereu owangʼo iya,” Jehova Nyasaye owacho.
၁၄အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင် တို့​၏​ဘိုး​ဘေး​များ​ငါ့​အား​အ​မျက်​ထွက် စေ​ကြ​သော​အ​ခါ ငါ​သည်​သူ​တို့​ကို​ဆိုး ကျိုး​ပေး​ရန်​ကြံ​စည်​ခဲ့​၏။ ထို​နောက်​စိတ် သ​ဘော​မ​ပြောင်း​မ​လဲ​ဘဲ​ယင်း​သို့​ကြံ စည်​သည့်​အ​တိုင်း​ငါ​ပြု​ခဲ့​၏။-
15 “E yo machal kamano, koro achano mar timo maber kendo ni Jerusalem kod Juda, omiyo kik uluor.
၁၅သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သား​တို့ အား​ကောင်း​ချီး​ပေး​ရန်​ကြံ​စည်​လျက် ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။-
16 Magi e gik monego utim: Wachuru adiera ne joweteu kendo ngʼaduru bura makare kendo mowinjore e uteu mag ngʼado bura;
၁၆သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-
17 kik uchan timo marach ni joma ukiewogo, kendo kik uher kwongʼoru gi miriambo. Ok adwar gigi duto,” Jehova Nyasaye owacho.
၁၇သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။
18 Wach Jehova Nyasaye Maratego nochako obirona.
၁၈အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
19 Ma e gima Jehova Nyasaye Maratego wacho: “Riyo kech mitimo e dwe mar angʼwen, gi mar abich, gi mar abiriyo, gi mar apar biro bedo kinde mag mor gi ilo kendo gibiro doko kinde mag sewni moyier mag mor ne jo-Juda. Emomiyo heruru adiera kod kwe.”
၁၉``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။
20 Ma e gima Jehova Nyasaye Maratego wacho: “Ogendini mopogore opogore mathoth kod ji modak e mier madongo bende nobi,
၂၀အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-
21 kendo ji modak e dala maduongʼ machielo ni wach ni, ‘Wadhiuru riat mondo walam Jehova Nyasaye kendo wadwar Jehova Nyasaye Maratego, an to eri asewuok adhi.’
၂၁မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-
22 Kendo ogendini mangʼeny kod pinje maroteke nobi Jerusalem mondo odwar Jehova Nyasaye Maratego mondo gilame.”
၂၂တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-
23 Ma e gima Jehova Nyasaye Maratego wacho: “E ndalogo ji apar moa e dhoudi mopogore opogore kendo mawacho dhok mopogore opogore nomak riak law ja-Yahudi moro motegno kawacho ni, ‘Yie mondo wadhi kodu, nikech wasewinjo ni Nyasaye nikodu.’”
၂၃ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

< Zekaria 8 >