< Tim Jo-Lawi 26 >

1 Kik ulos kido moro amora mopa kata chungo siro moro milamo bende kidi moro amora mopa kik yud e pinyu kukulorune kulame. An e Jehova Nyasaye ma Nyasachu.
သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
2 Rituru Sabato maga, kendo luoruru kara maler mar lemo. An e Jehova Nyasaye.
ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
3 Ka urito buchena kendo urito chikena,
သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင်၊-
4 to abiro kelonu koth e kinde mowinjore, kendo pinyu nochieg cham mi yiendeu nonyag olembe.
အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။
5 Ubiro dino cham nyaka chop kinde muponoe mzabibu kendo ubiro pono mzabibu nyaka chop kinde muchwoyoe bende ubiro bedo gi chiemo moromou kendo ubiro dak gi kwe e pinyu.
စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။
6 Anamiu kwe e pinyu, mi ununindi maonge ngʼama nomiu luoro. Anatieki ondiegi duto e dieru kendo ligangla ok nomonju kata matin.
သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။
7 Unuriemb jowasiku duto e dieru kendo ununeg-gi.
သင်တို့သည် ရန်သူများကို လိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
8 Jou abich nobed gi teko mar riembo ji mia achiel, kendo jou mia achiel nobed gi teko mar riembo ji gana apar, kendo ununeg wasiku.
သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
9 Abiro olonu gweth, kendo abiro miyo unywol mi ununyaa mathoth, kendo abiro chopo singruok duto mane atimo kodu.
သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။
10 Cham mag higa makadho manie decheu noromu chamo nyaka chop kinde ma ugologie oko mondo uyud thuolo mar rwako cham manyien.
၁၀သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြ မည်။
11 Abiro loso kar dakna e dieru kendo ok anajwangʼu kata matin.
၁၁ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည်။
12 Anawuoth e dieru mi nabed Nyasachu, kendo unubed joga.
၁၂သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။
13 An e Jehova Nyasaye ma Nyasachu mane ogolou e piny Misri, mondo kik ubed wasumb jo-Misri kendo ne aturo lodi mane otwenu mi koro sani uwuotho tir.
၁၃အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။
14 To ka unutamru winja ma ok urito chikenago duto,
၁၄သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-
15 ma udagi buchena kendo uchayo chikena, ma ok urito chikena duto ma uketho singruok mara mane atimo kodu,
၁၅ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-
16 to koro ngʼeuru chuth ni mae e kaka abiro timonu: Anapou gi masira kod tho marach, gi tuo mayuyo wangʼ gi tuo mamiyo del dhe. Cham ma upidho ok nokonyu kata matin nikech jowasiku ema nochamgi.
၁၆သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။
17 Anabed ka asin kodu mi wasiku nolou e lweny kendo gininegu; unubed e bwo loch jowasiku, kendo unubwogru gi ngʼwech kata kaonge joma lawou.
၁၇သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။
18 Kata bangʼ timo magi duto kapod ok unyal winja, to anakumu nyadibiriyo kuom richo duto.
၁၈ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။
19 Anatiek sunga mar wich teko ma un-go, kendo anami polo rieny ka chuma, kendo piny mwalo nodog matek ka mula.
၁၉သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊
20 Ubiro ketho tekreu kayiem nono, kuchwoyo cham nimar chambu ok nochiegi, kata yedheu bende ok nonyag olembe.
၂၀သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။
21 Kapod usikona mana gi wich teko kendo udagi winja, to anakelnu masiche moloyo nyadibiriyo maromre gi richou.
၂၁သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။
22 Abiro oronu le mag bungu mondo oked kodu kendo ginineg nyithindo kaachiel gi jambu mi unudongʼ manok kendo yoreu nodongʼ nono maonge joma wuothoe.
၂၂သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
23 Kobedo ni pod ok udwogo ira kata bangʼ timonu magi duto, kendo udhi mana nyime gi wich teko,
၂၃ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
24 to an bende nanyisu wich teko, mi anamiu kum moloyo nyadibiriyo nikech richou.
၂၄ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည်။
25 Kendo anakel lweny e dieru mondo achulgo kuor kuom ketho singruok mane atimo kodu, kendo kinde duto manuchokru e miechu to nagou gi tuoche kendo wasiku nomaku.
၂၅ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။
26 Anami chiembu doko manok kendo mon apar notedi e agulu achiel. Ginipimnu chiemo e rapim, kendo kata kuchiemo to onge ngʼama noyiengʼ.
၂၆သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။
27 Kobedo ni pod ok udwogo ira kata bangʼ timonu magi duto, kendo udhi mana nyime gi wich teko,
၂၇ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
28 to an bende nasik kodu gi wich teko gi mirimba mager, kendo anakumu moloyo nyadibiriyo gi mirimba mager nikech richou.
၂၈ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည်။-
29 Unucham ring yawuotu kod nyiwu.
၂၉သင်တို့သည် ကိုယ်သားသမီးတို့၏ အသားကို စားရကြလိမ့်မည်။
30 Anaketh kuondeu motingʼore gi malo, kendo anamuki kendeu muwangʼoe ubani. Anaket ringreu motho kuom nyiseche manono kendo anajwangʼu chuth.
၃၀သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။
31 Miechu madongo biro bedo gundni, kuondeu maler mag lemo abiro ketho, kendo ok anayie winjo tik mangʼwe ngʼar mag misengini mau.
၃၁သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။
32 Anaketh pinyu kendo jowasiku mabiro dakie nohum nono.
၃၂တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။
33 Abiro keyou e kind ogendini, anagol ligangla mi alawu. Pinyu nodongʼ gunda, kendo miechu madongo nokethi chuth.
၃၃သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
34 E kinde duto ma pinyu nodongʼ gunda, ka un to asekeyou udak e kind wasiku; pinyu nobed ma ok opur mondo ochulgo Sabato maga duto mane ok urito.
၃၄ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။
35 E kinde duto ma pinyu nodongʼ gunda kamano, enobed ma ok opure, ka oritogo Sabato duto mane ok oyweyoe e kinde mane udak kuno.
၃၅လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။
36 To kuom jou modongʼ ka ngima e piny wasikgi, ginto anagogi kod kihondko e piny wasikgi, ma kata ka yamo okwadho it oboke maponi giwinjo, to giniwuog gi ngʼwech. Giniringi mana ka joma wasigu lawo gi ligangla mi gipodh piny kata obedo ni onge ngʼama lawogi.
၃၆ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။
37 Ginituomre kendgi giwegi mana ka joma wasigu lawo gi ligangla, kata obedo ni onge ngʼama lawogi. Omiyo ok unuyud teko mar kedo gi wasiku.
၃၇အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။
38 Unulal nono e kind ogendini, kendo wasiku notieku.
၃၈ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။
39 Joma otony e dieru mane odongʼ kangima e pinje mag wasiku nobed ka dendgi dhi adhiya nikech richogi kendo nikech richo mag kweregi, mana machal kaka notimore ni kweregi.
၃၉ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။
40 Bangʼ mae gibiro hulo richogi gi richo kweregi mane omiyo giweya kaachiel gi richo mane omiyo gibedo wasika,
၄၀သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-
41 mane omiyo abedo kodgi mamon kendo mane omiyo aterogi e piny wasikgi, eka bangʼe chunygi ma ok oyie kaka adwaro nobolre, mi giniyud kum kuom richogi,
၄၁ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ်၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊-
42 eka abiro paro singruok mane atimo gi Jakobo kendo gi Isaka kendo gi Ibrahim, kendo anapar pinyu.
၄၂ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။
43 Piny to nodongʼ gunda nikech joma odakie osea, kendo obiro nindo ka ok opure mondo ochulgo Sabato duto mane ok oyweyoe. Giniyud kum kuom richogi nikech ne gichayo chikena kod buchena.
၄၃ထိုပြည်သည် သူတို့ လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
44 “Kata kamano, kata obedo ni gin e piny wasikgi, to ka anawitgi kendo ok anajwangʼ-gi kata tiekogi chuth, mi aketh singruok mane atimo kodgi. An Jehova Nyasaye ma Nyasachgi.
၄၄သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။
45 Nikech aherogi, omiyo anapar singruok mane atimo gi kweregi, mane agolo e piny Misri mana kane ogendini neno mondo an Jehova Nyasaye abed Nyasachgi.”
၄၅ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
46 Magi e buche, chike kod yore mane Jehova Nyasaye omiyo jo-Israel e Got Sinai kokadho kuom Musa.
၄၆ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။

< Tim Jo-Lawi 26 >