< Jongʼad Bura 3 >

1 Magi e oganda mane Jehova Nyasaye oweyo mondo otem jo-Israel duto mane ok osekalo e lweny moro amora e piny Kanaan.
ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊
2 Mano notimo mana mondo opuonjgo nyikwa jo-Israel lweny, mago mane onge gi lony e kedo.
3 Ogendinigo ne gin: ruodhi abich mag jo-Filistia, jo-Kanaan duto, jo-Sidon, kod jo-Hivi mane odak e gode mag Lebanon kochakore got Baal Hermon nyaka got Lebo Hamath.
ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။
4 Jehova Nyasaye nowegi mondo otemgo jo-Israel kendo ongʼego ka ginyalo rito chike mane omiyo kweregi kokalo kuom Musa.
ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။
5 Jo-Israel nodak e kind jo-Kanaan, jo-Hiti, jo-Amor, jo-Perizi, jo-Hivi kod jo-Jebus.
ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊
6 Negikendo nyi ogendinigo bangʼe negichiwo nyigi mondo okend gi yawuot pinjego kendo negilamo nyisechegi.
သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
7 Jo-Israel notimo tim mamono e wangʼ Jehova Nyasaye; ne wigi owil gi Jehova Nyasaye ma Nyasachgi mi gitiyone Baal kod Ashera.
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
8 Mirimb Jehova Nyasaye mager nobiro kuom jo-Israel ma nojwangʼogi e lwet jo-Kushan-Rishathaim ruodh Aram-Naharaim, ma jo-Israel nobedo wasumbinigi kuom higni aboro.
ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
9 To kane giywakne Jehova Nyasaye, nochiwonegi jakony, ma en Othniel wuod Kenaz, owadgi Kaleb matin, mane oresogi.
နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။
10 Roho mar Jehova Nyasaye nobiro kuome, mi nobedo jangʼad bura mar jo-Israel kendo negidhi e lweny. Jehova Nyasaye nochiwo Kushan-Rishathaim ruodh Aram e lwet Othniel, mane oloye.
၁၀ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
11 Omiyo piny nobedo gi kwe kuom higni piero angʼwen; nyaka Othniel wuod Kenaz notho.
၁၁အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
12 Jo-Israel nochako timo timbe mamono e wangʼ Jehova Nyasaye, kendo nikech timno, Jehova Nyasaye nochiwogi e lwet Eglon ruodh Moab.
၁၂တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
13 Eglon kaachiel gi jo-Amon kod jo-Amalek, nobiro momonjo jo-Israel, mi gikawo Dala Maduongʼ mar Jeriko.
၁၃ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
14 Jo-Israel nobedo e bwo loch Eglon ruodh Moab kuom higni apar gaboro.
၁၄ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
15 Jo-Israel nochako oywak ne Jehova Nyasaye mi nomiyogi jakony, Ehud, wuod Gera ja-Benjamin, mane racham. Jo-Israel noore gi chudo ir Eglon ruodh Moab.
၁၅နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
16 Ehud nothedho pand ligangla ma dhoge ariyo ma borne dirom fut achiel gi nus, mane oliere e bamne korachwich ei lepe.
၁၆ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
17 Ne ochiwo chudo ne Eglon ruodh Moab, mane ngʼat machwe ahinya.
၁၇မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။
18 Bangʼ ka Ehud nosechiwo chudo, nooro jogo mane okelo chudo mondo odogi.
၁၈ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
19 Kane oneno gigo mopa man Gilgal ne olokore en owuon kendo owacho niya, “An kodi gi wach ma lingʼ-lingʼ, yaye ruoth.” Ruoth nowacho niya, “Lingʼ thi!” Kendo joge duto mantie noa moweye.
၁၉ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
20 Eka Ehud nosudo ire kama nobetie kende e agola ma malo mar ode mar yweyo, mane ojabetie ndalo oro mi owacho niya, “Nyasaye oora iri.” Ka Ruoth noa malo e kome,
၂၀ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
21 Ehud norieyo bade koracham, mi owuodho ligangla koa e bamne korachwich kendo ochwoyo ii ruoth.
၂၁ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊
22 Ligangla nodonjo e iye molal kuno gi loge duto motuch nyaka e dier ngʼeye oko. Ehud ne ok opudho liganglano oko, kendo bor noume.
၂၂လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
23 Eka Ehud nowuok gie otuchi manie wi tado; nochiego dhoudi manie agola mamalo mi olorogi.
၂၃ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
24 Bangʼ kane osedhi, jotich nobiro kendo oyudo ka dhoudi manie agola mamalo olor. Negiwacho niya, “Nyaka bed ni okonyore e agola ma iye mar ot.”
၂၄ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည် လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
25 Negirito ma wigi okuot, to kane ok oyawo dhout agola, negikawo kifungu kendo giyawogi. Kanyo negineno ruodhgi koriere e dier ot, kosetho.
၂၅ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။
26 Kane pod girito, Ehud noluchore mi owuok odhi. Ne okalo machiegni gi gik mopa mi opondo odhi Seira.
၂၆ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
27 Kane ochopo kanyo, nogoyo turumbete e piny gode mag Efraim, kendo jo-Israel nolor kode piny koa e got, ka otelonegi.
၂၇ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။
28 Nowachonegi niya, “Luwauru, nimar Jehova Nyasaye osechiwo Moab, jasiku, e lwetu.” Omiyo ne giluwe kendo negikawo bath aora Jordan mane ochiko yo Moab, maonge ngʼama ne nyalo pondo mondo okadh aora Jordan.
၂၈သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာ ဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။
29 E sechego neginego jo-Moab madirom alufu apar, jogo mongirore kendo maroteke; maonge ngʼama nopondo kata achiel.
၂၉ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကို သတ်၍၊
30 Chiengʼno Moab nobedo e bwo loch Israel, kendo piny nobedo gi kwe kuom higni piero aboro.
၃၀မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
31 Bangʼ Ehud, Shamgar wuod Anath nobiro, en ema ne onego jo-Filistia mia auchiel gi bidhi. En bende noreso jo-Israel.
၃၁ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။

< Jongʼad Bura 3 >