< Jeremia 50 >
1 Ma e wach mane Jehova Nyasaye owacho kuom Babulon kod piny jo-Babulon kokalo kuom Jeremia janabi:
၁ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား၊
2 “Nyisuru kendo landuru e dier ogendini, tingʼuru bandera kendo landuru; kik upand gimoro, to wachni, ‘Babulon nomaki; Bel wiye nokuodi, Marduk luoro nogo ngoga. Gige mopa nokuod wigi kendo nyisechegi manono nopongʼ gi luoro.’
၂လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
3 Piny moa yo nyandwat nomonje kendo pinye nodongʼ gunda. Onge ngʼama nodag e iye; ji kaachiel gi le noringi.”
၃လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။
4 Jehova Nyasaye wacho niya, “E ndalogo, sa nogono, jo-Israel gi jo-Juda nodhi kaachiel ka pi wangʼ-gi chwer, ka gidwaro Jehova Nyasaye ma Nyasachgi.
၄ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
5 Ginipenj yo madhi Sayun kendo gilok wengegi kochiko kuno. Ginibi kendo ginitwere kuom Jehova Nyasaye e singruok mochwere, ma wich ok nowil godo.
၅ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
6 “Joga osebedo rombe molal; jokwathgi osewitogi, kendo osemiyogi bayo e gode madongo. Negibayo e gode madongo gi gode matindo, kendo wigi ne owil gi kargi mar yweyo.
၆ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။
7 Ngʼato angʼata mane oyudogi nokidhogi; wasikgi nowacho niya, ‘Ok wan joketho, nimar negitimo richo ni Jehova Nyasaye, kar kwadhgi madiera, Jehova Nyasaye, geno mar wuonegi.’
၇သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။
8 “Ringuru uwuog Babulon; ayeuru e piny jo-Babulon, kendo uchal gi diek motelone jamni.
၈ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။
9 Anami ogendini maroteke moriwore moa yo nyandwat obi omonj Babulon. Ginikaw keregi mondo gimonje, kendo koa yo nyandwat enomake. Aserni mag-gi nochal gi jolweny molony, ma ok duogi gi lwetgi nono.”
၉အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
10 Jehova Nyasaye wacho niya, “Omiyo Babulon noyaki; jogo moyake nokaw gik moromogi.
၁၀ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
11 “Nikech un gi ilo kendo umor, un joma ketho girkeni maga, nikech uchwe ka nyaroya machamo lum kendo ugiro ka farese,
၁၁ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
12 minu wiye nokuodi malich; ngʼatno mane onywolou nobed gi wichkuot maduongʼ. En ema nobedie ngʼat matin kuom ogendini, nochal thim, piny motimo ongoro, kama otwo.
၁၂ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည်။
13 Nikech ich wangʼ mar Jehova Nyasaye, ok nobed gi joma odak e iye, to enobed gunda chuth. Jogo duto makalo Babulon, nobed gi bwok maduongʼ kendo nyiere nikech adhondene duto.
၁၃ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
14 “Kawuru kereu e alwora mar Babulon, un duto maywayo atungʼ. Bayeuru gi asere! Kik uwe asere moro amora, nimar osetimo richo ne Jehova Nyasaye.
၁၄ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။
15 Gone koko kuonde duto! Otingʼo bade kanyiso ni oloye, kuondene mag ngʼicho motingʼore gi malo podho, ohinga mage imuko. Nikech ma e chulo kuor mar Jehova Nyasaye, chulneuru kuor; timneuru kaka osetimo ni joma moko.
၁၅မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။
16 Gol jachwoyo oko e Babulon, kod jakeyo gi pande mar keyo. Nikech ligangla mar ngʼama thiro ji we ngʼato ka ngʼato odog ir joge, we ngʼato ka ngʼato oringi odhi e pinye owuon.
၁၆ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။
17 “Israel chalo gi rombe mokee ma sibuor oseriembo. Mano mane okwongo kidhe ne en ruodh Asuria; mano mogik mane oturo chokege ne en Nebukadneza ruodh Babulon.”
၁၇ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
18 Emomiyo ma e gima Jehova Nyasaye Maratego, ma Nyasach Israel, wacho: “Anakum ruodh Babulon gi pinye kaka ne akumo ruodh Asuria.
၁၈ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။
19 To anaduog Israel e kare mar kwath kendo enokwa e Karmel kod Bashan; noyiengʼ e gode matindo mag Efraim gi Gilead.”
၁၉ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည်။
20 Jehova Nyasaye wacho niya, “E ndalogo, e sechego, nomany ketho Israel, to onge manoyudi, kendo ne richo Juda, to onge manoyudi, nimar anangʼwon-ne jogo mane odongʼ mane aweyo.”
၂၀ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
21 Jehova Nyasaye wacho niya, “Monj piny Merathaim kod jogo modak Pekod. Lawgi, neg-gi kendo utiekgi duto. Timuru gimoro amora masechikou.
၂၁ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
22 Koko mar lweny ni e piny, koko mar kethruok maduongʼ!
၂၂ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
23 Mano kaka nyundo mar piny ngima otur kendo obarore! Mano kaka Babulon odongʼ, gunda e dier pinje!
၂၃မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
24 Achikonu obadho, yaye Babulon, kendo nomaku kapod ok ungʼeyo; noyudu kendo omaku nikech ne ukwedo Jehova Nyasaye.
၂၄အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
25 Jehova Nyasaye oseyawo kare mar kano gige lweny, kendo ogolo gige mag lweny mag mirimbe, nimar Jehova Nyasaye Manyalo Gik Moko Duto kendo Maratego nigi tich monego ti e piny jo-Babulon.
၂၅ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။
26 Bi imonje gi kuma bor. Yiech deche mage; choke ka pith mar cham. Tieke chuth, kendo kik obed gi ngʼato moro amora motony.
၂၆မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။
27 Neguru nyirwedhi mage duto; we gidhi e kar yengʼo! Mano kaka gininee malit! Nimar odiechiengʼ osechopo, kinde monego kumgi.
၂၇သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
28 Winjuru jo-Israel maringo kod matony koa Babulon, mawacho e Sayun ni mano kaka Jehova Nyasaye ma Nyasachwa osechulo kuor, kuor nikech hekalu mare.
၂၈ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေ အံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံ ကို ကြားရ၏။
29 “Chikuru jo-aserni mondo omonj Babulon, jogo duto maywayo atungʼ. Chokreuru bute; kik uwe ngʼato pondi. Chuleuru nikech timbene; timneuru kaka osetimo. Nimar ok osewinjo Jehova Nyasaye, Jal Maler mar Israel.”
၂၉လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
30 Jehova Nyasaye wacho niya, “Emomiyo, joge matindo nogore piny e yore; jolweny mage duto nonegi odiechiengno.”
၃၀ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
31 Ruoth, Jehova Nyasaye Maratego wacho niya, “Ne, ok adwari, yaye janjore, nimar odiechiengi osechopo, kinde mari mar kum.
၃၁ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ။
32 Janjore nochwanyre kendo podhi kendo onge ngʼama nochunge malo; anamok mach e dalane manowangʼ jogo duto man machiegni kode.”
၃၂မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ် သူမျှမကြွရ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။
33 Ma e gima Jehova Nyasaye Maratego wacho: “Jo-Israel ithiro, kaachiel gi jo-Juda bende kamano. Joma ne omakogi nomakogi matek, ma ok nyal weyogi gidhi.
၃၃ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
34 Kata kamano Jawar margi en ratego; Jehova Nyasaye Maratego e nyinge. Enokonygi gi nyalone duto mondo omi gibed gi yweyo e pinygi; to jo-Babulon nomi obed gi tungni.”
၃၄သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။
35 Jehova Nyasaye wacho niya, “Ligangla notiek jo-Babulon! Notiek jogo modak Babulon kendo notiek jotende kod joge mariek!
၃၅ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
36 Ligangla notiek jonabi mage mag miriambo! Ginibed joma ofuwo. Ligangla notiek jolweny mage! Luoro maduongʼ nomakgi.
၃၆ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
37 Ligangla notiek faresege gi gechene kod welo duto mane ondiko e lweny! Ginibed ka mon. Ligangla notiek kuondegi mag kano mwandu kendo nokwalgi!
၃၇ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
38 Pige mag aoregi nodwon matuo. Nimar en piny mopongʼ gi nyiseche manono, ma gin nyiseche mamiyo neko nomaku.
၃၈ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
39 “Omiyo gige thim kod ondiegi nodag kanyo, kendo kanyo tula nodagie. Onge gima nobedie kendo onge ngʼama nochak odagie e tienge duto.”
၃၉ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
40 Jehova Nyasaye wacho niya, “Mana kaka Nyasaye noketho Sodom gi Gomora, kaachiel gi mier mokiewo kodgi, e kaka en bende nobedi maonge ngʼato angʼata, modak kanyo kendo.
၄၀သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။
41 “Neuru! Jolweny biro koa yo nyandwat; oganda maduongʼ kod ruodhi mangʼeny itugo koa e tunge piny.
၄၁ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
42 Gimanore gi atungʼ kod tongʼ; giger kendo gionge ngʼwono. Gimor ka nam mogingore ka giriembo faresegi; gibiro ka ji mochanore komanore gi gige lweny mondo gimonju, yaye Nyar Babulon.
၄၂လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။
43 Ruodh Babulon osewinjo humbgi; kendo bedene onge gi teko. Rem malich osemake, ka rem mar dhako mamuoch kayo.
၄၃သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
44 Mana ka sibuor mabiro koa e bungu moyugno mar Jordan, nyaka kar kwath man-gi lum, e kaka anariemb Babulon oa e pinye kadiemo wangʼ. En ngʼa mowal manyalo yiero ne ma? En ngʼa machalo koda kendo manyalo chungʼ koda? Koso jakwath mane manyalo chungʼ koda?”
၄၄ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
45 Emomiyo, winj gima Jehova Nyasaye osechano timo ne Babulon, gima oseramo ni nyaka otimne piny jo-Babulon: Nyithi rombe bende nokaw; enoketh chuth kuondegi mag kwath nikech gin.
၄၅သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။
46 E kinde ma Babulon nomaki piny noyiengni; ywakne nowinjre e dier pinje.
၄၆ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။