< Chakruok 23 >
1 Sara nodak kuom higni mia achiel gi piero ariyo gabiriyo.
၁စာရာသည်အသက်တစ်ရာနှစ်ဆယ့်ခုနစ်နှစ်ရှိသော်၊-
2 Notho Kiriath Arba (ma tiende ni Hebron) e piny Kanaan, kendo Ibrahim noywago Sara kendo nodengo ahinya.
၂ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
3 Eka Ibrahim noa malo e but ringre chiege kendo owuoyo gi jo-Hiti kowachonegi niya,
၃အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊-
4 “An mana jadak kendo wendo e kindu. Miyauru kamoro angʼiew moromo kar yiko.”
၄ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
5 Jo-Hiti nodwoko Ibrahim niya,
၅သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။
6 “Jaduongʼ, winjwa in jatelo maduongʼ e kindwa. Ik aika ngʼati e bur-wa moro amora miyiero. Onge ngʼato e dierwa mabiro tami yiko ngʼati e bure.”
၆
7 Eka Ibrahim nochungʼ mokulore e nyim jo-Hiti.
၇ထိုအခါအာဗြဟံသည်သူတို့ရှေ့တွင်ဦးညွှတ်၍၊
8 Nowachonegi niya, “Ka uyie mondo aik ngʼata, to winjauru kendo ukwana Efron wuod Zohar
၈``သင်တို့သည်ငါ၏မယားအလောင်းကိုဤအရပ်တွင်မြှုပ်နှံစေလိုလျှင် ဇောဟာ၏သားဧဖရုန်ပိုင်မြေကွက်အစွန်း၌ရှိသော၊-
9 mondo mi ousna bure man Makpela manie giko puothe. Kwayeuru mondo ousnago e nengo mowinjore mondo obed kara mar yiko.”
၉မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
10 Efron ja-Hiti noyudo obet piny e kind jog-gi kendo nodwoko Ibrahim ka jo-Hiti duto ma nobiro e dhoranga dalano winjo.
၁၀ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-
11 Nowachone niya, “Ooyo ruodha, winja, amiyi puodho, kendo amiyi bur man kanyo. Amiyigo e nyim jowagi duto mondo iyikie ngʼati motho.”
၁၁``အစီရင်ခံပါရစေ။ ဂူနှင့်တကွမြေကွက်တစ်ခုလုံးကိုကျွန်ုပ်ပေးပါ၏။ အရှင်၏မယားကိုသင်္ဂြိုဟ်ရန်ကျွန်ုပ်တို့၏အမျိုးသားတို့ရှေ့မှောက်တွင်ထိုမြေကိုကျွန်ုပ်ပေးပါ၏'' ဟုရှိသမျှသောသူတို့ကြားနိုင်အောင်ပြောကြားလေသည်။
12 Ibrahim nochako okulore e nyim jo-Hiti,
၁၂အာဗြဟံသည်လည်းမြို့သားတို့ရှေ့တွင်ဦးညွတ်၍၊-
13 kendo nowacho ne Efron ka giwinjo niya, “Ka iyie to winja. Abiro chulo nengo mar puodhono. Yie achuli mondo mi aik ngʼata kanyo.”
၁၃အများကြားနိုင်အောင်ဧဖရုန်အား``ငါတင်ပြချက်ကိုလက်ခံပါ။ ထိုမြေတစ်ကွက်လုံးကိုငါဝယ်ပါမည်။ မြေဖိုးငွေကိုလက်ခံပါ။ ငါ၏မယားကိုထိုမြေ၌မြှုပ်နှံပါမည်'' ဟုပြန်လည်ပြောကြားလေသည်။
14 Efron nodwoko Ibrahim niya,
၁၄ထိုအခါဧဖရုန်က``အရှင်၊ ထိုမြေကွက်သည်ငွေသားလေးရာမျှသာတန်ဖိုးရှိ၏။ ထိုငွေမှာမပြောပလောက်ပါ။ ထိုမြေတွင်အရှင်၏မယားကိုသင်္ဂြိုဟ်ပါလော့'' ဟုဆိုလေ၏။-
15 “Winja ruodha; nengo lowono oromo kilo angʼwen gi nus mar fedha. To en angʼo mathagowa; ik ngʼati.”
၁၅
16 Ibrahim noyie gi dwaro mar Efron kendo nomiye nengo mar puodho mane osewacho ka jo-Hiti winjo: ma en kilo angʼwen gi nus mar fedha kaluwore gi rapim mane jo-ohala tiyogo.
၁၆အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
17 Omiyo puoth Efron man Makpela machiegni gi Mamre kaachiel gi lowo kod bur mosekuny gi yien duto mane ni e puodhono,
၁၇ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-
18 nodoko mwandu mag Ibrahim e nyim jo-Hiti duto mane obiro kaka joneno e dhoranga dala.
၁၈ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
19 Bangʼe Ibrahim noiko chiege Sara e bur mane ni e puodho ma Makpela machiegni gi Mamre (man Hebron) e piny Kanaan.
၁၉ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။-
20 Kuom mano puodhono gi bur mane nitie jo-Hiti nomiyo Ibrahim kaka kare mar yiko.
၂၀သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။