< Jo-Galatia 6 >
1 Jowetena, ka ojuk ngʼato katimo richo, to un joma nigi Roho onego uduoge gi chuny mamuol, kuritoru uwegi mondo kik udonj e tem.
၁ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
2 Kawuru tingʼ mag jowadu, nikech kutimo kamano eka uchopo chik Kristo.
၂ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။
3 To ka ngʼato okawore moketore e duongʼ ma oongego, to ngʼatno wuondore owuon.
၃အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။
4 Ngʼato ka ngʼato nyaka non wuodhe owuon eka doyud gima dopakrego kuom tich maber mosetimo kik ipiem gi ngʼat machielo,
၄လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။
5 nimar ngʼato ka ngʼato nigi morome.
၅အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
6 Ngʼat mipuonjo Kristo nyaka pogne japuonjne gik moko duto mabeyo.
၆နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
7 Kik uwuondru kendu, Nyasaye ok nyal wuondi. Ngʼeuru gima ichwoyo ema ikayo.
၇အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။
8 Ngʼat ma ochwoyo kuom ringruok, noka kethruok, to ngʼat ma ochwoyo kuom Roho, noka ngima mochwere. (aiōnios )
၈မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (aiōnios )
9 Omiyo kik waol gi timo timbe mabeyo, nikech ka ok waol to wabiro keyo, ka ndalo ochopo.
၉ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
10 Emomiyo, e kinde duto mwayudoe thuolo, to ber mondo watim maber ni ji duto, to moloyo ni kanyakla mar joma oyie.
၁၀ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
11 Neyeuru kaka lweta awuon ema ondikonu baruwani gi nukta madongo dongo!
၁၁အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။
12 Jogo madwaro nyisore kuom gik maokogo to temo chunou ni nyaka teru nyangu. To gimomiyo gitimo ma en mana ni mondo gitony e sand mochomogi nikech wach msalap Kristo.
၁၂မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။
13 Kata mana joma chunou mondo teru nyangu bende ok rit chik. Un to gichunou mondo giyud thuolo mar sungore nikech gima otim e ringre.
၁၃အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။
14 An to ok anyal sungora e ringruok ngangʼ. Gima dimi asungra en mana msalap Ruodhwa Yesu Kristo, mosemiyo piny kod dwarone ogur e ngimana.
၁၄ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
15 Nikech kata bed ni ngʼato oter nyangu kata ok otere ok lich, to gima dwarore en ni ochwe ngʼato chwech manyien.
၁၅အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။
16 Kwe gi ngʼwono obed ni ji duto moyie luwo chikni, kendo kata ni Israel mar Nyasaye.
၁၆ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။
17 Mogik, kik ngʼato angʼata koro kelna chandruok, nimar ringra opongʼ gi mbelni ma aseyudo kaka jaote Yesu.
၁၇ယခုမှစ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏။
18 Jowetena, mad ngʼwono mar Ruodhwa Yesu Kristo rit chunyu. Amin.
၁၈ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။