< Ezekiel 28 >
1 Wach Jehova Nyasaye nobirona kama:
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 “Wuod dhano, Nyis ruodh Turo niya, Ma e gima Jehova Nyasaye Manyalo Gik Moko Duto wacho: “‘Sunga manie chunyi omiyo iwacho niya, “An nyasaye; Abet e kom duongʼ mar nyasaye moro modak e chuny nembe.” To chutho in mana dhano, to ok in nyasaye, kata obedo ni iketori ni iriek kaka nyasaye.
၂အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
3 Koso chunyi wuondi ni iriek moloyo Daniel? Iparo ni onge gima opondoni?
၃သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။
4 Nikech iriek bende in gi winjo matut, isekano mwandu mathoth mana ne in iwuon, bende isechoko fedha gi dhahabu mangʼeny, mi ikanogi e dereni mag keno.
၄ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
5 Rieko ma in-go mangʼeny kuom loko ohala osekonyi medo mwandu ewi mwandugi, kendo nikech mwandunigo koro isebedo gi sunga e chunyi.
၅ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
6 “‘Kuom mano, ma e gima Jehova Nyasaye Manyalo Gik Moko Duto wacho: “‘Kata iparo ni iriek ka nyasaye kamano,
၆သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊
7 to abiro kelo joma oa e pinje moko mondo omonji, gin pinje mager ahinya, kendo gibiro gi ligangla mi gitiekgo mwanduni duto ma iseyudo kuom riekoni kendo misungorigo.
၇ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။
8 Gibiro negi gi nek marach mi giboli e bur matut, kendo ibiro tho tho marach, e chuny nam.
၈သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။
9 Bende koro iniwach ni, “An nyasaye,” ka joma biro negigo ochomi tir? Inibed dhano adhana matho, ma ok nyasaye, e lwet joma negi.
၉သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
10 Initho tho marach e lwet jopinje mamoko ma ok oter nyangu. Jehova Nyasaye Manyalo Gik Moko Duto osewacho.’”
၁၀အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
11 Wach Jehova Nyasaye nobirona kama:
၁၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12 “Wuod dhano, chwog wend ywak kuom ruodh Turo kiwachone ni: ‘Ma e gima Jehova Nyasaye Manyalo Gik Moko Duto Wacho: “‘Ne in ranyisi maber ni ji, ne ipongʼ gi rieko kendo ne iber neno.
၁၂အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။
13 Ne idak e Eden, e puoth Nyasaye; ne irwakori gi kite mopogore opogore ma nengogi tek kaka: rubi, gi topaz, gi emerald, gi krisolit, gi oniks kod jaspa, gi safir, gi tarkus kod beril. Gigi duto ne owir manyilni gi dhahabu kendo ne olosnigi e kinde mane ochweyie.
၁၃ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
14 Ne owiri kaka malaika ma jarit miluongo ni kerubi, nikech mano e gima ne achanoni, mondo ibedi. Ne idak e got maler mar Nyasaye; kendo ne iwuotho e kind kite maliet ka mach.
၁၄သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။
15 Yoreni duto ne ler maonge ketho kata achiel chakre chiengʼ mane ochweyie, nyaka chop chiengʼ mane oyudie ketho kuomi.
၁၅ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
16 Kuom ohala mane itimo alanda ne ipongʼ gi timbe mag mahundu, mine idoko jaricho. Emomiyo ne adiri oko ka wichkuot omaki, ka agoli e got mar Nyasaye, kendo ne ariembi chuth, yaye kerubi ma jarit, mi ia e dier kite maliet ka mach.
၁၆သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။
17 Chunyi nobedo gi sunga nikech ber mane ibergo, kendo ne iketho riekoni nikech duongʼ mane in-go. Omiyo ne adiri makeli nyaka e piny; mibedo gima ruodhi mag piny rango amingʼa ka wuoro.
၁၇သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
18 Isechido kara maler mar lemo kuom richoni mathoth mag ohandi mimayogo ji. Omiyo ne amoko mach kuomi, mine owangʼi motieki, bende ne amiyo ilokori buru manie lowo e nyim ji duto mane rangi.
၁၈သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။
19 Ogendini duto mane ongʼeyi, to dhogi omoko koneni; giko mari osebedo marach miwuoro kendo ok nochak oneni kendo.’”
၁၉သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
20 Wach Jehova Nyasaye nobirona kama:
၂၀တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21 “Wuod dhano, chom wangʼi kuom Sidon; kor wach kuome
၂၁အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
22 kendo iwachne ni: ‘Ma e gima Jehova Nyasaye Manyalo Gik Moko Duto wacho: “‘Adagi, yaye Sidon, kendo abiro donjora kodi ka ayudo duongʼ. Gibiro ngʼeyo ni An e Jehova Nyasaye, chiengʼ ma akumo Sidon, mi anyisra kaka An ngʼama ler e diergi.
၂၂အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
23 Abiro oro tuoche malandore kuome, kendo abiro miyo remo mol e wangʼ yorene mag dala. Joma onegi biro podho e iye ka ligangla olwore koni gi koni. Eka giningʼe ni An e Jehova Nyasaye.
၂၃သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
24 “‘Jo-Israel ok nochak obedi gi jobutgi machalo kuth pedo machwopo malit kata machalo kudho mabith. Eka giningʼe ni An e Jehova Nyasaye Manyalo Gik Moko Duto.
၂၄ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25 “‘Ma e gima Jehova Nyasaye Manyalo Gik Moko Duto wacho: Ka anachok jo-Israel ka agologi oko e dier ogendini kuonde ma gikiree, to ananyisra kaka ngʼama ler manie e diergi e kind ogendinigo. Eka ginidag e pinygi giwegi, piny mane amiyo Jakobo jatichna.
၂၅တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
26 Ginidag kanyo gi kwe kendo giniger udi kendo ginipidh mzabibu e puothegi; ginidag gi kwe ka akumo pinje molworogi duto mane jarogi. Eka giningʼe ni An e Jehova Nyasaye ma Nyasachgi.’”
၂၆ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။