< Rapar Mar Chik 18 >
1 Jodolo, magin jo-Lawi, adier oganda duto mawuok e dhood Lawi ok noyud pokgi kata girkeni gi jo-Israel. Gibiro dak kuom chiwo motimne Jehova Nyasaye gi mach, nimar mano e pokgi.
၁``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။-
2 Ok ginibed gi pok e kind jowetegi, nimar Jehova Nyasaye e pok margi mana kaka nosesingorenegi.
၂အခြားသောအမျိုးသားချင်းတို့ကဲ့သို့ကိုယ် ပိုင်နယ်မြေမရှိရ။ သူတို့၏ရပိုင်ခွင့်သည် ကားကတိတော်ရှိသည့်အတိုင်း ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ရသည့် အခွင့်ထူးပေတည်း။''
3 Pok mowinjore jodolo kaw kuom misango mar rwath kod rombo ma ji ochiwo gin lemo mar bat, ring lemb kod chino.
၃``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-
4 Onego umigi keyo mokwongo mag puotheu kaka cham, divai manyien, gi mo kod yie rombe mukwongo ngʼado,
၄စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။-
5 nimar Jehova Nyasaye ma Nyasachu oseyierogi kod nyikwagi kagiwuok e dhoutu duto mondo gichungʼ e nyim Jehova Nyasaye ka gitiyone kinde duto.
၅ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
6 Ka ja-Lawi odhiyo e dalau moro amora e Israel modakie, kendo obiro gi dembruok kama Jehova Nyasaye biro yiero,
၆``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊-
7 to onyalo timo tich dolo e nying Jehova Nyasaye ma Nyasache mana kaka jo-Lawi mamoko matiyo kanyo e nyim Jehova Nyasaye.
၇ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
8 Onego oyud pok maromre kodgi, kata obedo ni oseyudo pok makore koa e ndalo wuon-gi.
၈သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
9 Ka udonjo e piny ma Jehova Nyasaye ma Nyasachu miyou, kik upuonjru timbe mamono mag ogendini man kuno.
၉``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
10 Kik yud ngʼato kuomu matimo misango gi wuode kata nyare e kendo, kata matimo timbe nyakalondo, kata jwok, kata loko dhoch kata ido,
၁၀သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
11 kata jo-nyakalondo kata ajwoga kata ngʼat matiyo gi lang chunje maricho.
၁၁အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-
12 Ngʼato angʼata matimo gik ma kamagi mono gi Jehova Nyasaye kendo nikech timbe mamonogi Jehova Nyasaye ma Nyasachu biro riembo ogendini e nyimu.
၁၂သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုကဲ့သို့သောဋ္ဌလေ့ကိုကျင့်သောလူမျိုးများ ကိုရွံရှာတော်မူသောကြောင့် သင်တို့ချီတက် ရာလမ်းကြောင်းမှသူတို့ကိုနှင်ထုတ်လျက် ရှိတော်မူ၏။-
13 Nyaka ubed maonge ketho e nyim Jehova Nyasaye ma Nyasachu.
၁၃သင်တို့သည်ထာဝရဘုရားအား အကြွင်း မဲ့သစ္စာရှိကြလော့'' ဟုဆို၏။
14 Pinje ma ubiro kawo winjo rieko mag ajuoke nyakalondo, to un Jehova Nyasaye ma Nyasachu ok oyienu timo kamano.
၁၄ထို့နောက်မောရှေက``သင်တို့သိမ်းယူမည့်ပြည် တွင်နေထိုင်သူတို့သည်မှော်ဆရာ၊ ဗေဒင် ဆရာတို့ထံမှအကြံဉာဏ်တောင်းခံလေ့ ရှိကြ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုသို့တောင်းခံခြင်း ကိုသင်တို့အားခွင့်ပြုတော်မမူ။-
15 Jehova Nyasaye ma Nyasachu biro miyou janabi machal koda kowuok e dier oweteu, nyaka uwinje.
၁၅ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''
16 Nikech ma e gima ne upenjo Jehova Nyasaye ma Nyasachu e got Horeb e chiengʼ chokruok kane uwacho niya, “Kik wawinj dwond Jehova Nyasaye ma Nyasachwa kata neno mach makakni kama dipo ka watho.”
၁၆``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။-
17 Jehova Nyasaye nowachona niya, “Gima giwachono nikare.”
၁၇ထိုအခါထာဝရဘုရားကငါ့အား`သူတို့ ၏လျှောက်ထားချက်သည်သင့်မြတ်ပေ၏။-
18 Abiro miyogi janabi machal kodi moa kuom owetegi, abiro keto wechena e dhoge kendo obiro nyisogi gik moko duto ma achikogi.
၁၈ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-
19 Ka ngʼato ok owinjo wechena ma janabino hulo e nyinga, to an awuon ema natere e bura.
၁၉သူသည်ငါ၏အခွင့်အာဏာနှင့်ဆင့်ဆိုလိမ့် မည်။ ထို့ကြောင့်သူ၏စကားကိုနားမထောင် သောသူအားငါဒဏ်ခတ်မည်။-
20 To janabi mahedhore wacho wach moro amora e nyinga ma ok anyise ni mondo owachi kata janabi ma wuoyo e nying nyiseche mamoko nyaka negi.
၂၀ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
21 Unyalo wacho e kindu uwegi niya, “Ere kaka wanyalo ngʼeyo ni wach mowachno oa kuom Jehova Nyasaye?”
၂၁``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
22 Ka gima janabi owachono ok otimore kata ochopo kare, to mano en wach ma Jehova Nyasaye ok owacho. Janabino rodho arodha wach, kik uluore.
၂၂သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''