< 2 Samuel 12 >

1 Jehova Nyasaye nooro Nathan ir Daudi. Kane ochopo ire nowachone niya, “Ne nitie ji ariyo moko e dala moro; achiel ne jamoko to machielo nodhier.
ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-
2 Jamoko ne nigi rombe mangʼeny gi dhok,
သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။-
3 to ngʼat modhier to ne onge gimoro makmana nyarombo ma sibini achiel mane osengʼiewo. Norite maber mana kaka norito nyithinde owuon. Nyarombono nopogone chiembe mochamo, ne omodho e okombene kendo nonindo e bade. Ne ochalne mana ka nyathine ma nyako.
သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-
4 “Koro jawuoth moro nobiro ir jamoko-cha, to jamokono ne ok okawo achiel kuom rombe kata dhoge mondo oyangʼ ni jawuodhno mane obiro ireno. Kata kamano, nyarombo ma sibini mar jadhierno ema noyangʼone wendo mane obiro ire.”
တစ်​နေ့​သ​၌​သူ​ဌေး​၏​အိမ်​သို့​ဧည့်​သည်​တစ် ယောက်​ရောက်​ရှိ​လာ​၏။ သူ​ဌေး​သည်​ဧည့်​ဝတ် ပြု​ရန်​အ​တွက်​မိ​မိ​၏​သိုး​နွား​ကို​မ​သတ် လို​သ​ဖြင့် သူ​ဆင်း​ရဲ​၏​သိုး​ငယ်​ကို​ယူ​၍ သတ်​ပြီး​လျှင်​ဧည့်​သည်​အား​ကျွေး​မွေး​ရန် ချက်​ပါ​၏'' ဟု​လျှောက်​၏။
5 Mirima malich ne omako Daudi gi ngʼatno mowachone Nathan niya, “Akwongʼora gi nying Jehova Nyasaye mangima ni ngʼat mane otimo kama owinjore otho!
ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။-
6 Nyaka ochul kar rombono moloyo nyadingʼwen, nikech ne otimo gima chalo kama, ka chunye onge gi kech.”
သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
7 Eka Nathan nodimbo wach ne Daudi niya, “In e ngʼatno! Ma e gima Jehova Nyasaye, ma Nyasach Israel wacho: ‘Ne awiri mondo ibed ruoth Israel, ne agoli e lwet Saulo.
နာ​သန်​က``ထို​သူ​ကား​အ​ရှင်​မင်း​ကြီး​ပင်​ဖြစ် ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား​၍​ရှော​လု လက်​မှ​ကယ်​ဆယ်​ခဲ့​၏။-
8 Ne amiyi od ruodhi mondo obed mari, kendo naketo monde ruodhi e lweti. Ne amiyi dhout Israel gi dhood Juda. To ka magi ne ok oromi to pod ne anyalo miyi moko.
သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။-
9 Angʼo momiyo isechayo wach Jehova Nyasaye ka itimo gima rach machal kama e wangʼe? Ne inego Uria ja-Hiti gi ligangla mi ikawo chiege mondo obed mari iwuon. Ne inege gi ligangla jo-Amon.
သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။-
10 Kuom mano, negruok gi ligangla ok norum e odi, nikech ne ichaya mi ikawo chi Uria ja-Hiti mobedo mari iwuon.’
၁၀သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-
11 “Ma e gima Jehova Nyasaye wacho: ‘Anakelni masira kowuok e odi iwuon. Mana kineno kama gi wangʼi iwuon abiro kawo mondi kendo miyogi achiel kuom joma chiegni kodi, kendo obiro terore kod mondegi odiechiengʼ alanga.
၁၁ငါ​သည်​သင်​၏​မိ​သား​စု​ထဲ​မှ​ပင်​သင့်​အား ဒုက္ခ​ပေး​မည့်​သူ​တစ်​ဦး​ကို​ပေါ်​ပေါက်​လာ စေ​မည်။ သင်​၏​မ​ယား​များ​ကို​အ​ခြား​သူ အား​ငါ​ပေး​အပ်​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ထို​သူ​သည်​သင်​၏​မ​ယား​တို့​နှင့်​နေ့​ခင်း ကြောင်​တောင်​၌​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု လိမ့်​မည်။-
12 Nitimo gino apanda, to an abiro timo ma odiechiengʼ alanga e nyim jo-Israel.’”
၁၂သင်​သည်​ထို​အ​ပြစ်​ကို​ဆိတ်​ကွယ်​ရာ​၌​ပြု ခဲ့​၏။ ငါ​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ရပ်​လုံး​တွေ့​မြင်​နိုင်​ရန် ထို​အ​မှု​ကို​နေ့ ခင်း​ကြောင်​တောင်​၌​ဖြစ်​ပွား​စေ​မည်' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​၏။
13 Eka Daudi nowachone Nathan niya, “Asekethone Jehova Nyasaye.” Nathan nodwoko niya, “Jehova Nyasaye oseweyoni richoni. Ok ibi tho.
၁၃ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။-
14 To nikech gima isetimo, isemiyo jowasigu ojaro Jehova Nyasaye, omiyo wuodi monywolno biro tho.”
၁၄သို့​ရာ​တွင်​သင်​သည်​ထို​အ​ပြစ်​ကို​ကူး​လွန် ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​အား​လွန်​စွာ​မ​ထီ မဲ့​မြင်​ပြု​ရာ​ရောက်​သ​ဖြင့်​သင့်​က​လေး သည်​သေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​ပြီး​လျှင်၊-
15 Bangʼ kane Nathan osedhi dala, Jehova Nyasaye nogoyo nyathi ma chi Uria nosenywolo ni Daudi gi tuo.
၁၅အိမ်​သို့​ပြန်​လေ​၏။ ဥ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​ရ​သော​က​လေး ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​ဖျား နာ​စေ​တော်​မူ​၏။-
16 Daudi nolamo Nyasaye mondo kik nyathi tho. Notweyo chiemo kendo nodhi e ode mi onindo piny e lowo otieno ka otieno.
၁၆ဒါ​ဝိဒ်​သည်​ထို​က​လေး​ကျန်း​မာ​လာ​စေ​ရန် ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ မင်း​ကြီး​သည်​အ​ဘယ်​အ​စား​အ​စာ​ကို​မျှ မ​စား။ ည​စဉ်​ည​တိုင်း​မိ​မိ​၏​အ​ခန်း​သို့​ဝင် ပြီး​လျှင် ကြမ်း​ပြင်​ပေါ်​တွင်​တစ်​ညဥ့်​လုံး​လှဲ လျောင်း​လျက်​နေ​၏။-
17 Jodongo mag ode nochungʼ bathe mondo gichunge owe nindo piny e lowo, to notamore, kendo ne ok onyal chamo chiemo moro amora.
၁၇နန်း​တွင်း​အ​ရာ​ရှိ​များ​သည်​လာ​၍​သူ့​အား ကြိုး​စား​ပြီး​အ​ထ​ခိုင်း​ကြ​သော်​လည်း မင်း ကြီး​သည်​ငြင်း​ဆန်​လျက်​သူ​တို့​နှင့်​အ​တူ အ​စား​အ​စာ​သုံး​ဆောင်​တော်​မ​မူ။-
18 To chiengʼ mar abiriyo nyathi notho, jotij Daudi ne luor nyise ni nyathi osetho, nikech negiparo niya, “Kane nyathi pod ngima, ne wawuoyo gi Daudi to ne ok owinjowa. Koro to wadhi wacho ne nangʼo ka nyathi osetho? Onyalo timo gimoro marach.”
၁၈သီတင်း​တစ်​ပတ်​မျှ​ကြာ​သော​အ​ခါ​က​လေး ငယ်​သည်​သေ​ဆုံး​သွား​သ​ဖြင့် ဒါ​ဝိဒ်​၏​မှူး မတ်​တို့​သည်​ထို​သ​တင်း​ကို​သူ့​အား​မ​ပြော ဝံ့​ကြ။ သူ​တို့​က``က​လေး​ငယ်​အ​သက်​ရှင် လျက်​ရှိ​စဉ်​အ​ခါ​၌​မင်း​ကြီး​သည် ငါ​တို့ လျှောက်​ထား​ချက်​များ​ကို​ပြန်​၍​ပင်​ဖြေ ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​က​လေး​ငယ် သေ​ကြောင်း​ကို​သူ့​အား​ငါ​တို့​အ​ဘယ်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ သူ​သည်​မိ​မိ ကိုယ်​ကို​အန္တ​ရာယ်​ပြု​ကောင်း​ပြု​လိမ့်​မည်''ဟု ဆို​ကြ​၏။
19 Daudi noneno ka jotije kuodho wach kendgi mine ongʼeyo ni nyathi osetho. Nopenjo niya, “Nyathi osetho?” Negidwoke niya, “Ee, osetho.”
၁၉ဒါ​ဝိဒ်​သည်​ထို​သူ​တို့​အ​ချင်း​ချင်း​တီး​တိုး ပြော​ဆို​နေ​ကြ​သည်​ကို​မြင်​လျှင် က​လေး သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်​သူ​တို့​အား``က​လေး သေ​ပြီ​လော'' ဟု​မေး​၏။ သူ​တို့​က​လည်း``မှန်​လှ​ပါ၊ က​လေး​သေ​ပါ​ပြီ'' ဟု​လျှောက်​ကြ​၏။
20 Daudi noa malo e lowo. Kane oseluokore, nowirore gi mo moloko lewni mane orwako, nodhi e od Jehova Nyasaye mi olemo. Bangʼe nodhi e ode owuon, mine okwayo chiemo momiye mochamo.
၂၀ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။-
21 Jotije nopenje niya, “Itimori kama nangʼo? Kane nyathi pod ngima, ne itweyo chiemo kendo ne iywak. To ka nyathi koro osetho, to ichungʼ kendo ichiemo!”
၂၁မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။
22 Nodwokogi niya, “Kane nyathi pod ngima ne atweyo chiemo kendo aywak. Nikech ne aparo ni, ‘Ngʼama dingʼe? Dipo ka Jehova Nyasaye nyalo timona ngʼwono miwe nyathi obed mangima.’
၂၂ဒါ​ဝိဒ်​က​လည်း``က​လေး​အ​သက်​ရှင်​နေ​စဉ် အ​ခါ​၌​ငါ​သည်​အ​စာ​ရှောင်​လျက်​ငို​ယို လျက်​နေ​သည်​မှာ​မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​သ​နား​သ​ဖြင့် က​လေး​၏​အ​သက် ကို​ချမ်း​သာ​ပေး​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။-
23 To nikech koro osetho, angʼo dimi atwe chiemo? Bende daduoge obed mangima? An ema abiro dhi ire to en ok onyal duogo ira.”
၂၃သို့​သော်​ယ​ခု​မှာ​က​လေး​သေ​ဆုံး​ပြီ​ဖြစ် ၍​ငါ​သည် အ​ဘယ်​ကြောင့်​အ​စာ​ရှောင်​ရ​မည် နည်း။ ငါ​သည်​က​လေး​အား​အ​သက်​ပြန်​၍ ရှင်​စေ​နိုင်​မည်​လော။ တစ်​နေ့​သော​အ​ခါ​၌ ငါ​သည်​သူ​ရှိ​ရာ​အ​ရပ်​သို့​သွား​ရ​လိမ့်​မည်။ သူ​မူ​ကား​ငါ့​ထံ​သို့​အ​ဘယ်​အ​ခါ​မျှ ပြန်​လာ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ပြန်​၍ မိန့်​တော်​မူ​၏။
24 Daudi nohoyo Bathsheba chiege, nodhi ire mobedo kode e achiel. Nonywolo wuowi kendo negichake ni Solomon. Jehova Nyasaye ne ohere;
၂၄ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-
25 kendo nikech Jehova Nyasaye nohere, nomiyo Nathan janabi wach ni mondo ochake ni Jedidia.
၂၅မိ​မိ​ချစ်​မြတ်​နိုး​မှု​ကို​ထောက်​၍​ထို​သူ​ငယ် ကို​ယေ​ဒိ​ဒိ ဟု​နာ​မည်​မှည့်​ရန်​ပ​ရော​ဖက်​နာ​သန်​အား အ​မိန့်​ပေး​တော်​မူ​၏။
26 Kata kamano Joab nodhi nyime kedo gi Raba e piny jo-Amon kendo nomako kar ruoth mochiel motegno.
၂၆ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-
27 Joab nooro joote ir Daudi, kowacho niya, “Asekedo gi Raba ma amako kargi mar pi.
၂၇ဒါ​ဝိဒ်​ထံ​သို့``အ​ကျွန်ုပ်​သည်​ရဗ္ဗာ​မြို့​ကို တိုက်​ခိုက်​၍​ရေ​ကန်​ကို​သိမ်း​ယူ​ပြီး​ပါ​ပြီ။-
28 Koro bi gi jolweny duto mondo ilwor dala maduongʼ kendo ikawe. Ka ok kamano to abiro kawo dala maduongʼno kendo ibiro luonge gi nyinga.”
၂၈အ​ရှင်​သည်​ကျန်​ရှိ​နေ​သေး​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​ကြွ​တော်​မူ​၍ ထို​မြို့​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ထို​မြို့​ကို သိမ်း​ယူ​သူ​အ​ဖြစ်​ဖြင့်​နာ​မည်​ကောင်း​မ​ယူ လို​ပါ'' ဟု​စေ​တ​မန်​များ​ကို​လွှတ်​၍ အ​စီ​ရင်​ခံ​လေ​သည်။-
29 Omiyo Daudi nochoko jolweny duto modhigo Raba mi omonje kendo okawe.
၂၉ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​၏​စစ်​သည်​တော် များ​ကို​စု​ရုံး​၍ ရဗ္ဗာ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​နှိမ်​နင်း​တော်​မူ​၏။-
30 Nogolo osimbo mar duongʼ ewi ruodhgi, ma pek dhahabu mane olosego ne romo kilo piero adek gangʼwen kendo noduse gi kite ma nengogi tek mi osidhne Daudi. Noyako gik mangʼeny e dala maduongʼno
၃၀မင်း​ကြီး​သည်​မိ​လ​ကုံ​နတ်​ဘု​ရား​ရုပ်​တု​၏ ဦး​ခေါင်း​မှ​ရွှေ​သ​ရ​ဖူ​ကို​ယူ​၍​ဆောင်း​တော် မူ​၏။ ထို​သ​ရ​ဖူ​ကား​အ​လေး​ချိန်​ခွက်​တစ် ဆယ်​ရှိ​၍​အ​ဖိုး​ထိုက်​သည့်​ကျောက်​မျက်​တစ် လုံး​တပ်​ဆင်​ထား​၏။ မင်း​ကြီး​သည်​ကျောက် မျက်​ကို​ချွတ်​၍​မိ​မိ​သ​ရ​ဖူ​တွင်​တပ်​ဆင်​၏။ မင်း​ကြီး​သည်​ထို​မြို့​မှ​တိုက်​ရာ​ပါ​ပစ္စည်း အ​မြောက်​အ​မြား​ကို​လည်း​သိမ်း​ယူ​တော် မူ​၏။-
31 kendo nokawo ji duto mane ni e dalano, moketogi e tij ngʼeto gi musimeno kod tiyo gi chumbe gi ledhi; bende ne oketogi jolos matafare. Notimo ma ni mier duto mag jo-Amon. Eka Daudi gi jolwenje duto nodok Jerusalem.
၃၁ထို​မြို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​ကာ လွှ၊ ပေါက် တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ကိုင်​ရ​သော​အ​လုပ် ကြမ်း​ကို​လည်း​ကောင်း၊ အုတ်​ဖုတ်​သော​အ​လုပ် ကို​လည်း​ကောင်း​လုပ်​စေ​တော်​မူ​၏။ မင်း​ကြီး သည်​အမ္မုန်​ပြည်​၏​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​လုပ်​ကိုင်​စေ တော်​မူ​၏။ ထို​နောက်​သူ​နှင့်​သူ​၏​လူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

< 2 Samuel 12 >