< 2 Weche Mag Ndalo 10 >
1 Rehoboam nodhi Shekem nimar jo-Israel duto nodhi kuno mondo okete ruoth.
၁ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား၍၊ သူသည်လည်း သွား၏။
2 Kane Jeroboam wuod Nebat nowinjo wachni (ne en Misri kuma noringo odhiye koa kuom Ruoth Solomon), noduogo koa Misri.
၂ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
3 Omiyo negioro joote ir Jeroboam, mi nobiro ir Rehoboam kaachiel gi jo-Israel duto mi giwachone niya,
၃ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက်၊
4 “Wuonu nomiyowa tingʼ mapek, to koro yie iket tingʼ mapekno kod tij achunano obednwa mayot, to wabiro tiyoni.”
၄ခမည်းတော်သည် ကျွန်တော်တို့၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်လျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
5 Rehoboam nodwoko niya, “Dhi uduog ira bangʼ ndalo adek.” Bangʼe negia ma gidhi.
၅ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
6 Eka Ruoth Rehoboam nonono jodongo manotiyo e bwo wuon-gi Solomon kapod ongima. Nopenjogi niya, “Ere kaka unyalo ngʼadona rieko mondo adwok jogi?”
၆ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော်၊
7 Negidwoke niya, “Kiyie bedo mangʼwon ne jogi kilombogi kendo kimiyogi dwoko mowinjore, to gibiro bedo jotichni ndalo duto.”
၇သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြု လျက်၊ သူတို့စိတ်ကို ဖြေ၍ကောင်းသောစကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
8 To Rehoboam nodagi rieko mane jodongo ongʼadone kendo nopimo wach gi mbesene mane odongogo kendo ne tiyone.
၈အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက်၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊
9 Nopenjogi niya, “Un to uneno nangʼo? Ere kaka dwadwok jogi mawacho ni, ‘Dwok chien tingʼ mapek mane wuonu oketo kuomwa’?”
၉ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊
10 Mbesene mane odongogo nodwoke niya, “Dwok jogo mosekwayi ni, ‘Wuonu noketo tingʼ mapek kuomwa, yie iket tingʼni obed mayot.’ Koro nyisgi ni, ‘Lith lweta matin duongʼ moloyo nungo wuonwa.
၁၀ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကိုလေးစေပါပြီ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
11 Wuonwa noketo kuomu tingʼ mapek; an to abiro medo pekne moloyo. Wuonwa nochwadou gi boka, an to abiro chwadou malit makecho ka thomoni.’”
၁၁ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
12 Bangʼ ndalo adek Jeroboam kod oganda duto noduogo ir Rehoboam mana kaka ruoth nosewacho niya, “Dwoguru ira bangʼ ndalo adek.”
၁၂ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ၏။
13 Ruoth nodwokogi kager. Notamore tiyo gi rieko mane jodongo ongʼadone,
၁၃ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက်၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက်၊
14 moluwo rieko mbesene mowacho niya, “Wuonwa nomiyou tingʼ mapek, an to abiro miyou tingʼ mapek moloyo. Wuonwa nochwadou gi boka, an to abiro chwadou malit ka thomoni makecho.”
၁၄ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15 Omiyo ruoth ne ok odewo kwayo mar ji, nimar Nyasaye ema nomiyo mano otimore mondo ochop wach mane Jehova Nyasaye owacho gi dho Ahija ja-Shilo ne Jeroboam wuod Nebat.
၁၅ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16 Kane jo-Israel duto noneno ni ruoth nodagi winjo wachgi, negidwoko ruoth niya, “Wat mane moriwowa kod Daudi, angʼo moriwowa gi wuod Jesse? Doguru e hembeu, yaye jo-Israel! Rituru dhoutu uwegi, yaye oganda Daudi!” Kuom mano jo-Israel duto nodok e miechgi.
၁၆ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။
17 To ni jo-Israel mane odak e mier mag Juda, Rehoboam ne pod jatendgi.
၁၇သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။
18 Ruoth Rehoboam nooro Adoniram mane jarit joma ichuno mondo oti githuon to jo-Israel duto nochiele gi kite motho. Kata kamano Ruoth Rehoboam nonwangʼo thuolo moidho gache nyaka Jerusalem mondo otony.
၁၈ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။
19 Kuom mano Israel nongʼanyo ni joka Daudi nyaka chil kawuono.
၁၉ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက်၍ယေရုရှင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ၏။