< 1 Samuel 16 >

1 Jehova Nyasaye nowachone Samuel niya, “Ibiro kuyo ne wach Saulo nyaka karangʼo nikech asedage mondo kik obed ruodh Israel? Pongʼ tungʼ mari gi mo mondo ichak wuoth; aori ka Jesse ma ja-Bethlehem. Aseyiero achiel kuom yawuote mondo obed ruoth.”
တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
2 To Samuel nopenje niya, “Dadhi nade? Saulo biro winjo wachno to obiro nega.” Jehova Nyasaye nowacho niya, “Kaw nyaroya idhigo kendo iwachne ni abiro timo misango ne Jehova Nyasaye.
ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
3 Luong Jesse e sawo mar misango, to abiro nyisi gima onego itim. Ibiro wirona ngʼat mabiro nyisi.”
ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
4 Samuel notimo gima Jehova Nyasaye nowacho. Kane ochopo Bethlehem, to jodong dala ne luoro omako kane giromo kode. Negipenje niya, “Bende ibiro e yor kwe?”
ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
5 Samuel nodwoko niya, “Ee, abiro e yor kwe. Asebiro mondo atim misango ni Jehova Nyasaye. Pwodhreuru mondo ubi e misango koda.” Eka nopwodho Jesse gi yawuote mi noluongogi e timo misangono.
ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
6 Kane gichopo, Samuel noneno Eliab moparo niya, “Adier ngʼat Jehova Nyasaye mowiro eri ochungʼ ka e nyime.”
သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
7 To Jehova Nyasaye nowachone Samuel niya, “Kik ingʼi ber mar dende kata borne nikech asedage. Jehova Nyasaye ok ngʼi gik ma dhano ngʼiyo. Dhano ngʼiyo ber ma oko, Jehova Nyasaye to ngʼiyo chuny.”
ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
8 Eka Jesse noluongo Abinadab kendo nokete okadho e nyim Samuel. Samuel to nowacho niya, “Jehova Nyasaye ok oyiero kata ngʼatni.”
တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
9 Eka Jesse noketo Shama mondo okadhi, to Samuel nowacho niya, “Kata mana ngʼatni bende Jehova Nyasaye ok oyiero.”
တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
10 Jesse noketo yawuote abiriyo okadho e nyim Samuel mi Samuel nowachone ni onge ngʼama Jehova Nyasaye oseyiero kuomgi.
၁၀တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
11 Omiyo nopenjo Jesse niya, “Magi kende e yawuoti?” Jesse nodwoko niya, “Pod nitiere wuowi ma chogo, en to okwayo rombe.” Samuel nowachone niya, “Or ngʼato mondo oome, nikech ok wabi bet piny ka kapok ochopo.”
၁၁သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
12 Ne ooro jaote mine okele. Ne en silwal man-gi ngima maber, ne dende nenore maber kendo ne en jachia. Eka Jehova Nyasaye nowacho niya, “Chungi iwire gi mo; nikech ngʼatni e en.”
၁၂စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
13 Omiyo Samuel nokawo tungʼne mar mo mine owire e nyim owetene kendo kochakore chiengʼno Roho mar Jehova Nyasaye nobiro kuom Daudi gi teko. Bangʼe Samuel to nodok Rama.
၁၃ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
14 Roho mar Jehova Nyasaye noseweyo Saulo kendo Jehova Nyasaye nochiwo thuolo mondo roho marach othage.
၁၄ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။
15 Jotich Saulo nowachone niya, “Ngʼe ni roho marach machandini, Nyasaye ema ochiwone thuolo.
၁၅ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။
16 We ruodhwa ochik jotichne man kagi mondo odwar ngʼat manyalo goyo nyatiti. Obiro goye e kindeno ma roho marach ma Nyasaye omiyo thuolo obiro kuomi to iniwinj maber.”
၁၆ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
17 Eka Saulo nowachone jotije niya, “Dwaruru ngʼat magoyo thum maber mondo ukelna.”
၁၇ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
18 Achiel kuom jotich nodwoko niya, “Aseneno wuod Jesse moro ma ja-Bethlehem mongʼeyo goyo nyatiti. En ngʼat ma jachir bende en jalweny. Owuoyo maber kendo en jaber. To bende Jehova Nyasaye ni kode.”
၁၈ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
19 Eka Saulo nooro joote ir Jesse kawacho niya, “Orna wuodi Daudi makwayo rombe.”
၁၉ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။
20 Eka Jesse nokawo punda mokawo makati oketo e ngʼeye, ndede mar divai kod nyadiel mi nooro Daudi ma wuode oterone Saulo.
၂၀ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။
21 Daudi nobiro ir Saulo mi nodonjo mochako tiyone. Saulo nohere ahinya, kendo Daudi nobedo achiel kuom jatingʼne gige lweny.
၂၁ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။
22 Eka Saulo nooro wach ni Jesse, kowacho niya, “Yie mondo Daudi obed jatija, nikech amor kode.”
၂၂ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
23 E kinde duto ma Roho mar Nyasaye nobiro kuom Saulo, Daudi to ne kawo nyatiti kendo goyo. Saulo ne yudo kwe; kendo nochako winjo maber, eka roho marach ne weye.
၂၃ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။

< 1 Samuel 16 >