< 1 Ruodhi 9 >
1 Kane Solomon osetieko gero hekalu mar Jehova Nyasaye kod dala maduongʼ ma ruoth dakie kendo nosetimo duto mane chunye dwaro,
၁ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2 Jehova Nyasaye nochako ofwenyorene kendo mar ariyo mana kaka nosefwenyorene Gibeon.
၂ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
3 Jehova Nyasaye nowachone niya, “Asewinjo lamo kod kwayo mitimo e nyima; asewalo hekalu misegero, mondo Nyinga obedie nyaka chiengʼ. Wangʼa kod chunya nobed kanyo kinde duto.
၃သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေ မည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။
4 “To in, kiwuotho e nyima gi chuny makare kod bidhruok, kaka Daudi wuonu notimo, kendo timo mago duto machiki kendo kimako puonjna kod buchena,
၄သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊
5 to abiro guro kom lochni kuom Israel nyaka chiengʼ mana kaka nasingo ni Daudi wuonu kane awachone ni, ‘Kinde duto ok inichand ngʼama nyalo bedo e kom loch mar Israel.’
၅ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
6 “To ka in iwuon kata yawuoti olokore moweya kendo ok oluwo chikena kod buchena ma asemiyi mi odhi olamo nyiseche moko kendo otiyonigi,
၆သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
7 to anangʼad Israel oko e piny ma asemiyogi kendo anakwed hekaluni ma asewalo ni Nyinga. Israel koro nobed mana wach ngero kendo gir achaya e kind ogendini duto.
၇ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
8 Kata obedo ni hekaluni koro nigi duongʼ, ji duto mabiro kadho bute nowuor kendo nohum ka gipenjo ni, ‘Angʼo momiyo Jehova Nyasaye osetimo gima chalo kama ni pinyni kod hekaluni?’
၈အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
9 Ji biro dwoko kawacho ni, ‘Nikech gisejwangʼo Jehova Nyasaye ma Nyasachgi mane ogolo kweregi oa Misri, kendo giseluwo bangʼ nyiseche mamoko, ka gilamogi kendo gitiyo nigi, kuom mano Jehova Nyasaye nokelo chandruok duto kuomgi.’”
၉တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့်၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10 E giko higni piero ariyo e kinde mane Solomon ogeroe udi ariyogi ma gin hekalu mar Jehova Nyasaye kod dala maduongʼ mar ruoth,
၁၀ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
11 Ruoth Solomon nochiwo ni Hiram ruoth Turo mier piero ariyo manie piny Galili, nikech Hiram nomiye yiend sida gi saipras kod dhahabu mane odwaro.
၁၁တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။
12 To kane Hiram owuok Turo modhi mondo one mier mane Solomon osemiye ne ok omor kodgi.
၁၂ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။
13 Omiyo nowachone niya, “Owadwa, magi to mier machal nadi misemiya?” Kendo nochako kanyo ni Piny Kabul, nying ma pod iluongego nyaka chil kawuono.
၁၃ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက်၊
14 Koro Hiram noseoro ni ruoth dhahabu maromo kilo alufu angʼwen.
၁၄ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
15 Magi e chenro mar tich achuna mane Ruoth Solomon ondiko mondo ogergo hekalu ni Jehova Nyasaye, gi dala ruoth, gi kuonde ohula, kod ohinga mar Jerusalem, gi mier madongo mag Hazor gi Megido kod Gezer.
၁၅ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။
16 (Noyudo ka Farao ruodh Misri nosekedo mokawo Gezer. Nowangʼe monego jo-Kanaan mane odakie momiye kaka mich mar arus ni nyare mane chi Solomon.
၁၆ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူ မီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
17 Kendo Solomon nochako ogero Gezer). Nogero Beth Horon ma yo ka mwalo,
၁၇သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
18 gi Baalath kod Tadmor manie thim e pinye,
၁၈ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
19 kaachiel gi mier madongo mag kuonde kenone kod mier matindo mag gechene gi faresege kod gimoro amora mane chunye nyalo dwaro mondo oger e Jerusalem, kata e Lebanon, kendo e pinje duto mane enie gi loch.
၁၉ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
20 Ji duto mane odongʼ e pinyno koa kuom jo-Amor gi jo-Hiti kod jo-Perizi gi jo-Hivi kod jo-Jebus (ogendinigi ne ok jo-Israel),
၂၀ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
21 tiende ni, nyikwagi mane odongʼ e piny, ma jo-Israel ne ok otieko; Solomon nolokogi wasumbini michuno mondo oti githuon, kaka obet nyaka chil kawuono.
၂၁ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
22 To Solomon ne ok oketo ja-Israel moro amora obedo kaka misumbane, to noketogi kaka jolwenje, gi nyipechene kod jodonge mag pinygi gi jotend lweny, jotelo mag geche lweny kod joriemb gechene.
၂၂ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
23 Bende gin ema negidoko jodongo mane otelo ni tije duto mag Solomon, duto jodongo mia abich gi piero abich kaka nyipeche mag joma ne tiyo.
၂၃တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
24 Bangʼ kane nyar Farao osewuok e Dala Maduongʼ mar Daudi modhi e dala mane Solomon ogerone, eka Solomon nogero ohinga molworo ode.
၂၄ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
25 Solomon ne timo misango miwangʼo pep gi misango mar lalruok nyadidek e higa ewi kendo mar misango mane ogero ni Jehova Nyasaye bende nowangʼo ubani e nyim Jehova Nyasaye mi nochopo dwaro mar hekalu.
၂၅ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
26 Ruoth Solomon bende nohondho yiedhi kama iluongo ni Ezion Geber machiegni gi Elath e piny Edom e dho Nam Makwar.
၂၆တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
27 Omiyo Hiram nooro joge ma jokwangʼ mane ongʼeyo nam mondo oti e yiedhi mag Solomon kaachiel gi joge Solomon.
၂၇ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
28 Negikwangʼ nyaka Ofir kendo negikelo dhahabu maromo kilo alufu apar gangʼwen mine gikelo ne ruoth Solomon.
၂၈သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။