< 1 Ruodhi 17 >

1 Koro Elija ja-Tishbi moa Tishbe e piny Gilead nonyiso Ahab niya, “Mana kaka Jehova Nyasaye mangima, ma Nyasach Israel matiyone nitie, tho kata koth ok nobedi kuom higni manok nyaka chop achak awach kendo.”
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။
2 Eka wach Jehova Nyasaye nobiro ne Elija mowachone niya,
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3 “Aa ka, dhi yo wuok chiengʼ kendo ipondi e holo mar Kerith man yo wuok chiengʼ mar Jordan.
သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4 Ibiro modho pi mowuok e soko kendo asechiko winyo mag agak mondo omiyi chiemo kanyo.”
ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 Kamano notimo gima Jehova Nyasaye nochike. Nodhi e holo mar Kerith yo ka wuok chiengʼ mar aora Jordan kendo nobedo kuno.
ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
6 Winyo mag agakgo nokelone kuon gi ringʼo okinyi godhiambo to nomodho e sokono.
ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။
7 Bangʼ kinde moko sokono notwo nikech koth ne pok ochuwe e piny.
နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8 Eka wach Jehova Nyasaye nobirone mowachone niya,
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊
9 “Dhiyo piyo piyo nyaka Zarefath e piny Sidon kendo ibed kanyo. Asechiko dhako ma chwore otho moro kanyo mondo omiyi chiemo.”
သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10 Kamano nodhi Zarefath. Kane ochopo e dhoranga dalano, dhako ma chwore otho moro ne ni kanyo ka choko yien. Noluonge mopenje niya, “Bende inyalo kelonae pi matin e agwata agulu mondo amodhi?”
၁၀ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11 Kane odhi kelo pi, Elija noluonge mowachone niya, “Kendo kiyie, to kelna kuon matin.”
၁၁မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12 Eka nodwoko Elija niya, “Mana kaka Jehova Nyasaye ma Nyasachi ngima aonge gi kuon moro amora makmana mogo matin e agulu kod mo matin e puga. Amodo yien matin mondo ater dala kendo alosgo chiemba kod mar wuoda mondo wacham bangʼe watho.”
၁၂မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13 Elija nowachone niya, “Kik ibed maluor dhi dala kendo tim kaka isewacho. To mokwongo losna kuon matin kuom gima in-go mondo ikelna eka ilos gimoro ni in kaachiel gi wuodi
၁၃ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
14 Nimar ma e gima Jehova Nyasaye Nyasach Israel wacho, ‘Agulu mar mogo ok nodongʼ nono kendo puga mar mo ok notwo nyaka chop chiengʼ ma Jehova Nyasaye nokelie koth, e piny.’”
၁၄ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။
15 Nodhi motimo kaka Elija nowachone. Kamano ne nitie chiemo pile ka pile ne Elija gi dhakono kod joode.
၁၅ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။
16 Nimar agulu mar mogono ne ok odongʼ nono kendo puga mar mo-no ne ok otwo kaluwore gi wach Jehova Nyasaye mane Elija owacho.
၁၆ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
17 Bangʼ kinde moko wuod dhakoni ma wuon odno ne tuo, nomedo bedo marach ahinya to bangʼe notho.
၁၇ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18 Dhakono nopenjo Elija niya, “En rach mane ma in-go koda, ngʼat Nyasaye? Ne ibiro mondo iparna richona kendo mondo ineg wuoda?”
၁၈မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
19 Elija nodwoke niya, “Miya wuodi.” Nokawe koa e lwete motingʼe nyaka ei ot mamalo mane odakie mopiele e kitandane.
၁၉သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊
20 Eka noywak ne Jehova Nyasaye niya, “Yaye Jehova Nyasaye ma Nyasacha isekelo chandruok bende ni dhako ma chwore otho madakgo ni kimiyo wuode tho?”
၂၀အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။
21 Eka noriere kuom wuowino nyadidek moywak ni Jehova Nyasaye niya, “Jehova Nyasaye ma Nyasacha yie ngima wuowini oduogne!”
၂၁တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။
22 Jehova Nyasaye nowinjo ywak Elija mi ngima wuowino noduogone mi nobedo mangima.
၂၂ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။
23 Elija nochungo nyathino motingʼe kogole oko ewi tado motere e ot. Nomiye min-gi mowachone niya ne wuodi ngima!
၂၃ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။
24 Eka dhakono nowacho ni Elija niya, “Koro angʼeyo adiera ni in ngʼat Nyasaye kendo ni wach Jehova Nyasaye mawuok e dhogi en adiera.”
၂၄မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။

< 1 Ruodhi 17 >