< Romerne 4 >
1 Hvad skulle vi da sige, at vor Stamfader Abraham har vundet efter Kødet?
၁ထိုသို့ဖြစ်လျှင် ၊ ငါ တို့အဘ အာဗြဟံ သည် ဇာတိ ပကတိအားဖြင့် အဘယ် အကျိုး ကိုရသနည်း။
2 Thi dersom Abraham blev retfærdiggjort af Gerninger, har han Ros, men ikke for Gud.
၂အာဗြဟံ သည် အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ရောက်သည်မှန်လျှင် ဝါကြွား စရာအကြောင်းရှိ ၏။ ဘုရားသခင့် ရှေ့ တော်၌ ထိုသို့မ ဟုတ်။
3 Thi hvad siger Skriften?"Og Abraham troede Gud, og det blev regnet ham til Retfærdighed."
၃ကျမ်းစာ ၌ အဘယ်သို့ လာသနည်း။ အာဗြဟံ သည်ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
4 Men den, som gør Gerninger, tilregnes Lønnen ikke som Nåde, men som Skyldighed;
၄အကျင့် ရှိသောသူ မည်သည်ကား ၊ ကျေးဇူး အားဖြင့် အကျိုး ကို ခံရ သည်မ ဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။
5 den derimod, som ikke gør Gerninger, men tror på ham, som retfærdiggør den ugudelige, regnes hans Tro til Retfærdighed;
၅အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။
6 ligesom også David priser det Menneske saligt, hvem Gud tilregner Retfærdighed uden Gerninger:
၆ထိုအတူ၊ ဘုရားသခင် သည် အကျင့် ကို မ ထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသော သူ ၏မင်္ဂလာ ကိုဒါဝိဒ် သည် ရည်မှတ်၍ ဆို သည်ကား ၊
7 "Salige de, hvis Overtrædelser ere forladte, og hvis Synder ere skjulte;
၇အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက် အပြစ် ကို ဖုံးအုပ် ခြင်းသို့ရောက်သော သူ တို့သည် မင်္ဂလာ ရှိကြ၏။
8 salig den Mand, hvem Herren ikke vil tilregne Synd."
၈ထာဝရ ဘုရားအပြစ် တင် တော်မူခြင်းနှင့် လွတ် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆိုသတည်း။
9 Gælder da denne Saligprisning de omskårne eller tillige de uomskårne? Vi sige jo: Troen blev regnet Abraham til Retfærdighed.
၉အရေဖျားလှီး ခြင်းကိုခံသောသူ တို့သာလျှင်ထို မင်္ဂလာ ကိုရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကိုမခံသောလူ တို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေး သနည်းဟူမူကား ၊ ယုံကြည် ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် သည်ဟု ဆိုကြ၏။
10 Hvorledes blev den ham da tilregnet? da han var omskåren, eller da han havde Forhud? Ikke da han var omskåren, men da han havde Forhud.
၁၀ထိုသို့ဆိုသော် အဘယ်သို့ မှတ် သနည်း။ အရေဖျားလှီး ခြင်းကို ခံပြီးမှမှတ် သလော။ မ ခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မ ဟုတ်။ မ ခံမှီမှတ်သတည်း။
11 Og han fik Omskærelsens Tegn som et Segl på den Troens Retfærdighed, som han havde som uomskåren, for at han skulde være Fader til alle dem, som tro uden at være omskårne, for at Retfærdighed kan blive dem tilregnet,
၁၁အရေဖျားလှီး ခြင်းကို မခံဘဲယုံကြည် သော သူ တို့သည် ဖြောင့်မတ် ခြင်းရှိသည်ဟု မှတ် စရာ အကြောင်းရှိစေခြင်းငှာ ၊
12 og Fader til omskårne, til dem, som ikke alene have Omskærelse, men også vandre i den Tros Spor, hvilken vor Fader Abraham havde som uomskåren.
၁၂ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
13 Thi ikke ved Lov fik Abraham eller hans Sæd den Forjættelse, at han skulde være Arving til Verden, men ved Tros-Retfærdighed.
၁၃ထိုမှတစ်ပါး၊ ဤ လောက ကို အမွေ ခံ စေမည်ဟု ဂတိ တော်ကို အာဗြဟံ မှစသောသူ ၏ အမျိုးအနွယ် တို့ သည် ပညတ် တရားအားဖြင့် ရကြသည်မ ဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်းအားဖြင့် ရကြ၏။
14 Thi dersom de, der ere af Loven, ere Arvinger, da er Troen bleven tom, og Forjættelsen gjort til intet.
၁၄အကြောင်းမူကား ၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံ ဖြစ်သည်မှန်လျှင် ၊ ယုံကြည် ခြင်းတရားကိုပယ် ပြီ။ ဂတိ တော်လည်း အချည်းနှီး ဖြစ်၏။
15 Thi Loven virker Vrede; men hvor der ikke er Lov, er der heller ikke Overtrædelse.
၁၅ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။
16 Derfor er det af Tro, for at det skal være som Nåde, for at Forjættelsen må stå fast for den hele Sæd, ikke alene for den af Loven, men også for den af Abrahams Tro, han, som er Fader til os alle
၁၆ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။
17 (som der er skrevet: "Jeg har sat dig til mange Folkeslags Fader"), over for Gud, hvem han troede, ham, som levendegør de døde og kalder det, der ikke er, som om det var.
၁၇ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
18 Og han troede imod Håb med Håb på, at, han skulde blive mange Folkeslags Fader, efter det, som var sagt: "Således skal din Sæd være;"
၁၈သင် ၏အမျိုးအနွယ် သည် ထိုသို့ ဖြစ် လိမ့်မည်ဟူသော ဗျာဒိတ် တော်အတိုင်း ၊ မိမိ သည် လူမျိုး အများ တို့၏ အဘ ဖြစ် မည်ဟု မြော်လင့် စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့် လေ၏။
19 og uden at blive svag i Troen så han på sit eget allerede udlevede Legeme (han var nær hundrede År) og på, at Saras Moderliv var udlevet;
၁၉ယုံကြည် အားကြီး သည်ဖြစ်၍မိမိအသက်သည် အနှစ်တရာ လောက် ရှိ သဖြင့်၊ မိမိ ကိုယ် သည်အသေ ကဲ့သို့ရှိ ကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်း သည် သေ ကြောင်းကို၎င်း မ အောက်မေ့ ၊
20 men om Guds Forjættelse tvivlede han ikke i Vantro, derimod blev han styrket i Troen, idet han gav Gud Ære
၂၀ယုံမှား သောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိ တော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင် ကို ချီးမွမ်း ၍၊
21 og var overbevist om, at hvad han har forjættet, er han mægtig til også at gøre.
၂၁ဂတိထားတော်မူသောသူသည် ဂတိ တော်အတိုင်း တတ်နိုင် တော်မူသည်ကို စိတ်စွဲလမ်း လေ၏။
22 Derfor blev det også regnet ham til Retfærdighed.
၂၂ထိုကြောင့် ၊ သူ ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
23 Men det blev, ikke skrevet for hans Skyld alene, at det blev ham tilregnet,
၂၃ထိုသို့မှတ် တော်မူသည်ဟု အာဗြဟံ အကျိုး အလိုငှာ သာ ကျမ်းစာ၌ ရေး ထားသည်မ ဟုတ်။
24 men også for vor Skyld, hvem det skal tilregnes, os, som tro på ham, der oprejste Jesus, vor Herre, fra de døde,
၂၄ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။
25 ham, som blev hengiven for vore Overtrædelsers Skyld og oprejst for vor Retfærdiggørelses Skyld.
၂၅ထို သခင်ယေရှုသည် ငါ တို့အပြစ် ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါ တို့သည်ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ထမြောက် တော်မူ၏။