< Salme 88 >
1 (En Sang. En Salme af Koras Sønner. Til Sangmesteren. Al-mahalat-leannot. En Maskil af Ezraitten Heman.) HERRE min Gud, jeg råber om dagen, om Natten når mit Skrig til dig;
၁ကျွန်တော်မျိုးကိုကယ်တင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကျွန်တော်မျိုးသည်နေ့အချိန်၌ဟစ်အော်၍ ညအချိန်၌ကိုယ်တော်ရှင်၏ထံတော်သို့ ချဉ်းကပ်ပါ၏။
2 lad min Bøn komme frem for dit Åsyn, til mit Klageråb låne du Øre!
၂ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။
3 Thi min Sjæl er mæt af Lidelser, mit Liv er Dødsriget nær, (Sheol )
၃ကျွန်တော်မျိုးသည်ဒုက္ခရောက်ရဖန်များလှ သဖြင့် သေလုပါပြီ။ (Sheol )
4 jeg regnes blandt dem, der sank i Graven, er blevet som den, det er ude med,
၄ကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။ အားအင်လည်းကုန်ခန်းပါပြီ။
5 kastet hen imellem de døde, blandt faldne, der hviler i Graven, hvem du ej mindes mere, thi fra din Hånd er de revet.
၅ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။ အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။
6 Du har lagt mig i den underste Grube, på det mørke, det dybe Sted;
၆ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာ သင်္ချိုင်းတွင်းထဲသို့ပစ်ချတော်မူပါပြီ။
7 tungt hviler din Vrede på mig, alle dine Brændinger lod du gå over mig. (Sela)
၇အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။
8 Du har fjernet mine Frænder fra mig, gjort mig vederstyggelig for dem; jeg er fængslet, kan ikke gå ud,
၈ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
9 mit Øje er sløvt af Vånde. Hver Dag, HERRE, råber jeg til dig og rækker mine Hænder imod dig.
၉ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
10 Gør du Undere for de døde, står Skyggerne op og takker dig? (Sela)
၁၀ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။ သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
11 Tales der om din Nåde i Graven, i Afgrunden om din Trofasthed?
၁၁ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုခြင်းရှိပါသလော။
12 Er dit Under kendt i Mørket, din Retfærd i Glemselens Land?
၁၂ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို မေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။
13 Men jeg, o HERRE, jeg råber til dig, om Morgenen kommer min Bøn dig i Møde.
၁၃အို ထာဝရဘုရား၊ ကူမတော်မူရန်ကိုယ်တော်အားဟစ်ခေါ်ပါ၏။
14 Hvorfor forstøder du, HERRE, min Sjæl og skjuler dit Åsyn for mig?
၁၄အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးထံမှမျက်နှာတော်ကို လွှဲတော်မူပါသနည်း။
15 Elendig er jeg og Døden nær, dine Rædsler har omgivet mig fra min Ungdom;
၁၅ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော အပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
16 din Vredes Luer går over mig, dine Rædsler har lagt mig øde,
၁၆ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော်သည် ကျွန်တော်မျိုးအားပြိုလဲစေပါ၏။ ကိုယ်တော်ရှင်၏ကြောက်မက်ဖွယ်သော တိုက်ခိုက်မှုများသည်ကျွန်တော်မျိုးအား ချေမှုန်းစေပါ၏။
17 som Vand er de om mig Dagen lang, til Hobe slutter de Kreds om mig;
၁၇ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။ အဘက်ဘက်မှနေ၍ကျွန်တော်မျိုးအနီးသို့ ချဉ်းကပ်လာကြပါ၏။
18 Ven og Frænde fjerned du fra mig, holdt mine Kendinge borte.
၁၈အရင်းနှီးဆုံးသောမိတ်ဆွေများအားပင် လျှင် ကျွန်တော်မျိုးကိုစွန့်ပစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးမှာမိတ်ဆွေဖွဲ့ရန်မှောင်မိုက်သာလျှင် ကျန်ရှိပါတော့၏။