< Salme 53 >
1 (Til sangmestern. Al-mahalat. En maskil af David.) Dårerne siger i Hjertet: "Der er ingen Gud!" Slet og afskyeligt handler de, ingen gør godt.
၁လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။
2 Gud skuer ned fra Himlen på Menneskenes Børn for at se, om der findes en forstandig, nogen, der søger Gud.
၂ဘုရားသခင်သည်အသိပညာရှိသူများ၊ မိမိအား ကိုးကွယ်ဝတ်ပြုသူများရှိမရှိကိုသိမြင် နိုင်ရန် ကောင်းကင်ဘုံမှလူသားတို့အားကြည့်တော် မူ၏။
3 Afveget er alle, til Hobe fordærvet, ingen gør godt, end ikke een.
၃သို့ရာတွင်လူတို့သည်ကိုယ်တော်အား ကျောခိုင်းကြကုန်လေပြီ။ သူတို့အားလုံးပင်လျှင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်မှန်ရာကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
4 Er de Udådsmænd da uden Forstand de, der æder mit Folk, som åd de Brød, og ikke påkalder Gud?
၄ဘုရားသခင်က ``သူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ဝင်များထံမှ လုယူတိုက်ခိုက်၍အသက်မွေးကြကုန်၏။ ငါ့ထံသို့လည်းဆုတောင်းပတ္ထနာမပြုကြ'' ဟု မိန့်တော်မူ၏။
5 Af Rædsel gribes de da, hvor ingen Rædsel var; thi Gud adsplitter din Belejres Ben; de bliver til Skamme, thi Gud forkaster dem.
၅သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
6 Ak, kom dog fra Zion Israels Frelse! Når Gud vender sit Folks Skæbne, skal Jakob juble, Israel glædes.
၆ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။