< Salme 105 >
1 Pris Herren, påkald hans navn, gør hans Gerninger kendte blandt Folkeslag!
၁ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
2 Syng og spil til hans Pris, tal om alle hans Undere;
၂သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
3 ros jer af hans hellige Navn, eders Hjerte glæde sig, I, som søger HERREN;
၃ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
4 spørg efter HERREN og hans magt, søg bestandig hans Åsyn;
၄အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
5 kom i Hu de Undere, han gjorde, hans Tegn og hans Munds Domme,
၅ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
6 I, hans Tjener Abrahams Sæd, hans udvalgte, Jakobs Sønner!
၆
7 Han, HERREN, er vor Gud, hans Domme når ud over Jorden;
၇ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
8 han ihukommer for evigt sin Pagt, i tusind Slægter sit Tilsagn,
၈ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
9 Pagten, han slutted med Abraham, Eden, han tilsvor Isak;
၉အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
10 han holdt den i Hævd som Ret for Jakob, en evig Pagt for Israel,
၁၀``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။
11 idet han sagde: "Dig giver jeg Kana'ans Land som eders Arvelod."
၁၁
12 Da de kun var en liden Hob, kun få og fremmede der,
၁၂ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
13 og vandrede fra Folk til Folk, fra et Rige til et andet,
၁၃သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
14 tillod han ingen at volde dem Men, men tugted for deres Skyld Konger
၁၄သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
15 "Rør ikke mine Salvede, gør ikke mine Profeter ondt!"
၁၅ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
16 Hungersnød kaldte han frem over Landet, hver Brødets Støttestav brød han;
၁၆ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
17 han sendte forud for dem en Mand, Josef solgtes som Træl;
၁၇ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
18 de tvang hans Fødder med Lænker, han kom i Lænker af Jern,
၁၈ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
19 indtil hans Ord blev opfyldt; ved HERRENs Ord stod han Prøven igennem.
၁၉
20 På Kongens Bud blev han fri, Folkenes Hersker lod ham løs:
၂၀ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
21 han tog ham til Herre for sit Hus, til Hersker over alt sit Gods;
၂၁မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
22 han styred hans Øverster efter sin Vilje og viste hans Ældste til Rette.
၂၂သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
23 Og Israel kom til Ægypten, Jakob boede som Gæst i Kamiternes Land.
၂၃ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
24 Han lod sit Folk blive såre frugtbart og stærkere end dets Fjender;
၂၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
25 han vendte deres Sind til Had mod sit Folk og til Træskhed imod sine Tjenere.
၂၅ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
26 Da sendte han Moses, sin Tjener, og Aron, sin udvalgte Mand;
၂၆ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
27 han gjorde sine Tegn i Ægypten og Undere i Kamiternes Land;
၂၇သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
28 han sendte Mørke, så blev det mørkt, men de ænsede ikke hans Ord;
၂၈ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
29 han gjorde deres Vande til Blod og slog deres Fisk ihjel;
၂၉ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
30 af Frøer vrimlede Landet, selv i Kongens Sale var de;
၃၀ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
31 han talede, så kom der Bremser og Myg i alt deres Land;
၃၁ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
32 han sendte dem Hagl for Regn og luende Ild i Landet;
၃၂ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
33 han slog både Vinstok og Figen og splintrede Træerne i deres Land;
၃၃ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
34 han talede, så kom der Græshopper, Springere uden Tal,
၃၄ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
35 de åd alt Græs i Landet, de åd deres Jords Afgrøde;
၃၅တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
36 alt førstefødt i Landet slog han, Førstegrøden af al deres Kraft;
၃၆ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
37 han førte dem ud med Sølv og Guld, ikke een i hans Stammer snubled
၃၇ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
38 Ægypterne glæded sig, da de drog bort, thi de var grebet af Rædsel for dem.
၃၈အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
39 Han bredte en Sky som Skjul og Ild til at lyse i Natten;
၃၉ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
40 de krævede, han bragte Vagtler, med Himmelbrød mættede han dem;
၄၀သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
41 han åbnede Klippen, og Vand strømmede ud, det løb som en Flod i Ørkenen.
၄၁ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
42 Thi han kom sit hellige Ord i Hu til Abraham, sin Tjener;
၄၂ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
43 han lod sit Folk drage ud med Fryd, sine udvalgte under Jubel;
၄၃သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
44 han gav dem Folkenes Lande, de fik Folkeslags Gods i Eje.
၄၄ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။
45 Derfor skulde de holde hans Bud og efterkomme hans Love. Halleluja!
၄၅ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။