< Matthæus 27 >
1 Men da det var blevet Morgen, holdt alle Ypperstepræsterne og Folkets Ældste Råd imod Jesus for at aflive ham.
၁နံနက် အချိန်ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ အပေါင်း တို့သည် ယေရှု ကို သတ် အံ့သောငှာ တိုင်ပင် ၍၊
2 Og de bandt ham og førte ham bort og overgave ham til Landshøvdingen Pontius Pilatus.
၂ကိုယ်တော် ကို ချည်နှောင် ပြီးလျှင် မြို့ဝန်မင်း ပုန္တိ ပိလတ်ထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။
3 Da nu Judas, som forrådte ham, så, at han var bleven domfældt, fortrød han det og bragte de tredive Sølvpenge tilbage til Ypperstepræsterne og de Ældste og sagde:
၃ထိုအခါ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည် ကိုယ်တော်၌ သေ ပြစ်ကို စီရင်ကြသည်ကို သိမြင် လျှင်၊ နောင်တရ ၍ ငွေ သုံးဆယ် ကိုယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲတို့၌ ပြန်ပေး ၍၊
4 "Jeg har syndet, idet jeg forrådte uskyldigt Blod." Men de sagde: "Hvad kommer det os ved? se du dertil."
၄အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊
5 Og han kastede Sølvpengene ind i Templet, veg bort og gik hen og hængte sig.
၅သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။
6 Men Ypperstepræsterne toge Sølvpengene og sagde: "Det er ikke tilladt at lægge dem til Tempelskatten; thi det er Blodpenge."
၆ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုငွေ ကိုယူ ၍ အသွေး ၏အဘိုး ဖြစ် ၏။ ဘဏ္ဍာ တော်၌ မ သွင်း အပ် ဟု ပြောဆို ၊
7 Men efter at have holdt Råd købte de Pottemagermarken derfor til Gravsted for de fremmede.
၇တိုင်ပင် ပြီးမှ ၊ အိုးထိန်း သမား၏ မြေ အကွက်ကို တစ်ပါး အမျိုးသားတို့၏သင်္ချိုင်း ဖြစ်စေဘို့ ရာ ထိုငွေ နှင့် ဝယ် ကြ၏။
8 Derfor blev den Mark kaldt Blodmarken indtil den Dag i Dag.
၈ထိုအကြောင်းကို အစွဲပြု၍ ယခု တိုင်အောင် ထို မြေ အကွက်ကို သွေး မြေ ဟု ခေါ်တွင် ကြ၏။
9 Da opfyldtes det, som er talt ved Profeten Jeremias, som siger: "Og de toge de tredive Sølvpenge, Prisen for den vurderede, hvem de vurderede for Israels Børn,
၉ပရောဖက် ယေရမိ ဟော သည်ကား၊ ဣသရေလ လူတို့သည် အဘိုး ပြတ်သောသူ ၏ ကိုယ်ဘိုး ငွေ သုံးဆယ် ကို သူတို့သည် ယူ ၍ ထာဝရ ဘုရားသည် ငါ့ ကို မှာထား တော်မူသည်အတိုင်း ၊
10 og de gav dem for Pottemagermarken, som Herren befalede mig."
၁၀အိုးထိန်း သမား၏မြေ အကွက်ကို ဝယ် ကြ၏ဟူသောစကား သည်ထိုအခါ ပြည့်စုံ ခြင်းသို့ ရောက်လေ၏။
11 Men Jesus blev stillet for Landshøvdingen, og Landshøvdingen spurgte ham og sagde: "Er du Jødernes Konge?" Men Jesus sagde til ham: "Du siger det."
၁၁ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။
12 Og da han blev anklaget af Ypperstepræsterne og de Ældste, svarede han intet.
၁၂ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ တို့သည် အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန် တော်မမူ၊
13 Da siger Pilatus til ham: "Hører du ikke, hvor meget de vidne imod dig?"
၁၃ပိလတ် မင်းကလည်း၊ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို သင်မ ကြား သလောဟု ပြောဆို သော်လည်း၊
14 Og han svarede ham end ikke på et eneste Ord, så at Landshøvdingen undrede sig såre.
၁၄စကား တစ် ခွန်းကိုမျှ ပြန် တော်မ မူသည်ကို မြို့ဝန်မင်း သည် အလွန် အံ့ဩ လေ၏။
15 Men på Højtiden plejede Landshøvdingen at løslade Mængden een Fange, hvilken de vilde.
၁၅ထိုပွဲ ၌ မြို့ဝန်မင်း သည် အကျဉ်း ထားသောသူတို့တွင် ၊ လူ များတို့ အလိုရှိ သောသူ တစ် ယောက်ယောက် ကို လွှတ် မြဲထုံးစံ ရှိ၏။
16 Og de havde dengang en berygtet Fange, som hed Barabbas.
၁၆ထိုအခါ အကျဉ်း ထားသောသူတို့တွင် ဗာရဗ္ဗ အမည် ရှိသော ကျော်စော သောသူတစ်ယောက်ရှိ ၏။
17 Da de vare forsamlede, sagde Pilatus derfor til dem: "Hvem ville I, at jeg skal løslade eder: Barabbas eller Jesus, som kaldes Kristus?"
၁၇လူ များ စည်းဝေး ကြသည်ရှိသော်၊ ပိလတ် မင်းက၊ သင် တို့သည် အဘယ်သူ ကို လွှတ် စေချင် သနည်း။ ဗာရဗ္ဗ ကိုလွှတ်စေချင်သလော။ ခရစ် ဟုခေါ်ဝေါ် သော ယေရှု ကို လွှတ်စေချင်သလောဟု လူ များတို့အား မေး လေ၏။
18 Thi han vidste, at det var af Avind, de havde overgivet ham.
၁၈အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလို သောစိတ်နှင့် ယေရှု ကို အပ်နှံ ကြောင်း ကို ပိလတ်မင်းသိ ၏။
19 Men medens han sad på Dommersædet, sendte hans Hustru Bud til ham og sagde: "Befat dig ikke med denne retfærdige; thi jeg har lidt meget i Dag i en Drøm før hans Skyld."
၁၉ထိုမှတစ်ပါးတရားပလ္လင် ပေါ်မှာ ထိုင် စဉ်တွင် ၊ မိမိ ခင်ပွန်း သည် လုလင်တစ်ယောက်ကို စေလွှတ် ၍၊ ထို ဖြောင့်မတ် သောသူ ကို အဘယ်သို့ မျှမပြုပါနှင့်။ ယနေ့ ပင် ကျွန်မသည် ထိုသူ ကြောင့် အိပ်မက် ၌ ပြင်းစွာ ခံရ ပါပြီဟု မှာ လိုက်၏။
20 Men Ypperstepræsterne og de Ældste overtalte Skarerne til, at de skulde begære Barabbas, men ihjelslå Jesus.
၂၀လူအစုအဝေးတို့သည် ဗာရဗ္ဗ ကိုတောင်း ၍ ယေရှု ကိုသတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲ တို့သည် လူ များကို တိုက်တွန်း သွေးဆောင်ကြ၏။
21 Og Landshøvdingen svarede og sagde til dem: "Hvilken af de to ville I, at jeg skal løslade eder?" Men de sagde: "Barabas."
၂၁ထို့ကြောင့် မြို့ဝန်မင်း သည်၊ ဤသူနှစ် ယောက်တို့တွင် သင် တို့သည်အဘယ်သူ ကိုလွှတ် စေချင် သနည်း ဟု လူ များကို တစ်ဖန်မေး သောအခါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု လျှောက် ကြ၏။
22 Pilatus siger til dem: "Hvad skal jeg da gøre med Jesus, som kaldes Kristus?" De sige alle: "Lad ham blive korsfæstet!"
၂၂ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ် ဟု ခေါ်ဝေါ် သော ယေရှု ကို အဘယ်သို့ ပြု ရမည်နည်းဟု မေး ပြန်သော်၊ ထိုသူအပေါင်း တို့က၊ သူသည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု ဆို ကြ၏။
23 Men Landshøvdingen sagde: "Hvad ondt har han da gjort?" Men de råbte end mere og sagde: "Lad ham blive korsfæstet!"
၂၃မြို့ဝန်မင်း ကလည်း အဘယ်ကြောင့် နည်း။ အဘယ် အပြစ် ကို ပြု ဘိသနည်းဟုမေး လျှင် ၊ ထိုသူ သည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ် ကြ၏။
24 Men da Pilatus så, at han intet udrettede, men at der blev større Larm, tog han Vand og toede sine Hænder i Mængdens Påsyn og sagde: "Jeg er uskyldig i denne retfærdiges Blod; ser I dertil!"
၂၄ပိလတ် မင်းသည် မိမိမ နိုင် ၊ လူများသာ၍ ရုန်းရင်းခတ် မျှ ပြု ကြသည်ကိုမြင် လျှင် ၊ ရေ ကိုယူ ၍ လူ များ ရှေ့ တွင် မိမိ လက် ကိုဆေး လျက်၊ ဤ ဖြောင့်မတ်သော သူ၏ အသွေး နှင့်ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင် တို့ ကြည့် ကြလော့ဟု ဆို ၏။
25 Og hele Folket svarede og sagde: "Hans Blod komme over os og over vore Børn!"
၂၅ထိုလူ အပေါင်း တို့က သူ ၏အသွေး သည် ငါ တို့၏ ခေါင်းပေါ်၌ ၎င်း သား မြေးတို့၏ခေါင်းပေါ်၌ ၎င်းတည်ရှိပါစေဟု ပြန်ပြော ကြ၏။
26 Da løslod han dem Barabbas; men Jesus lod han hudstryge og gav ham hen til at korsfæstes.
၂၆ပိလတ်မင်းသည်လည်း ဗာရဗ္ဗ ကို လူ များတို့အား လွှတ် လေ၏။ ယေရှု ကိုကား ရိုက် ပြီးလျှင်လက်ဝါးကပ်တိုင် မှာသတ်စေခြင်းငှာ အပ် လိုက်လေ၏။
27 Da toge Landshøvdingens Stridsmænd Jesus med sig ind i Borgen og samlede hele Vagtafdelingen omkring ham.
၂၇ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲ တို့သည် ယေရှု ကို အိမ်တော်ဦး သို့ ဆောင်သွား ၍ စစ်သူရဲ တတပ်လုံးကို အထံ တော်၌ စုရုံး စေပြီးမှ၊
28 Og de afklædte ham og kastede en Skarlagens Kappe om ham.
၂၈အဝတ်တော်ကို ချွတ် ၍ နီ သောဝတ်လုံ ကို ခြုံ စေကြ၏။
29 Og de flettede en Krone af Torne og satte den på hans Hoved og gave ham et Rør i hans højre Hånd; og de faldt på Knæ for ham og spottede ham og sagde: "Hil være dig, du Jødernes Konge!"
၂၉ဆူးပင် နှင့် ရက် သောဦးရစ် ကို ခေါင်း တော်၌ တင် ကြ၏။ ကျူ တစ်လုံးကိုလည်း လက်ျာ လက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့ တော်မှာဒူးထောက် လျက်ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟူ၍ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
30 Og de spyttede på ham og toge Røret og sloge ham på Hovedet.
၃၀ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ ကျူလုံး ကိုယူ ၍ ခေါင်း တော်ကို ရိုက် ကြ၏။
31 Og da de havde spottet ham, toge de Kappen af ham og iførte ham hans egne Klæder og førte ham hen for at korsfæste ham.
၃၁ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ မင်းဝတ်လုံ ကို ချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။
32 Men medens de gik derud, traf de en Mand fra Kyrene, ved Navn Simon; ham tvang de til at bære hans Kors.
၃၂သွား ကြစဉ်တွင် ရှိမုန် အမည် ရှိသောကုရေနေ ပြည်သားတစ်ယောက်ကိုတွေ့ လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
33 Og da de kom til et Sted, som kaldes Golgatha, det er udlagt: "Hovedskalsted",
၃၃ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အမည် တွင်သောအရပ် သို့ ရောက် ကြသော် ၊
34 gave de ham Eddike at drikke blandet med Galde og da han smagte det, vilde han ikke drikke.
၃၄ဆေးခါး နှင့် ရော သောပုံးရည် ကို ကိုယ်တော် အား သောက် စိမ့်သောငှာပေး လျှင်၊ မြည်းစမ်း တော်မူ၍ မ သောက် ချင် ဘဲ နေလေ၏။
35 Men da de havde korsfæstet ham, delte de hans Klæder imellem sig ved Lodkastning, for at det skulde opfyldes, som er sagt af Profeten: "De delte mine Klæder imellem sig og kastede Lod om mit Klædebon."
၃၅ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားပြီးလျှင် အဝတ် တော်တို့ကို စာရေးတံ ချ ၍ ဝေဖန် ကြ၏။
36 Og de sade der og holdt Vagt over ham.
၃၆ထို အရပ်၌လည်း ထိုင် လျက် စောင့် နေကြ၏။
37 Og oven over hans Hoved satte de Beskyldningen imod ham skreven således: "Dette er Jesus, Jødernes Konge."
၃၇အပြစ် ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူ သည် ယုဒ ရှင်ဘုရင် ယေရှု ပေတည်း ဟု ရေး ၍ ခေါင်း တော်ပေါ်မှာ တပ် သတည်း။
38 Da bliver der korsfæstet to Røvere sammen med ham, en ved den højre og en ved den venstre Side,
၃၈ထိုအခါ ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော် ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ၏။
39 Og de, som gik forbi, spottede ham, idet de rystede på deres Hoveder og sagde:
၃၉လမ်းမှာ သွားလာ သောသူ တို့ကလည်း ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ် ကယ်တင် လော့။
40 "Du, som nedbryder Templet og bygger det op i tre Dage, frels dig selv; er du Guds Søn, da stig ned af Korset!"
၄၀ဘုရားသခင် ၏သား တော်မှန် လျှင် လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညှိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။
41 "Ligeså spottede Ypperstepræsterne tillige med de skriftkloge og de Ældste og sagde:
၄၁ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ အကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ်၏။
42 "Andre har han frelst, sig selv kan han ikke frelse; er han Israels Konge, så lad ham nu stige ned af Korset, så ville vi tro på ham.
၄၂ကိုယ် ကို မ ကယ်တင် နိုင် ပါတကား။ ဣသရေလ ရှင်ဘုရင် မှန် လျှင် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည် မည်။
43 Han har sat sin Lid til Gud; han fri ham nu, om han har Behag i ham; thi han har sagt: Jeg er Guds Søn."
၄၃ဘုရားသခင် ကိုကိုးစား ပြီ။ ငါ သည် ဘုရားသခင် ၏သား ဖြစ်၏ဟုဆို ပြီ။ သို့ဖြစ်၍ဘုရားသခင်သည် သူ ၌ အလို တော်ရှိလျှင် ယခုပင် ကယ်တင် တော်မူပါလေစေဟု ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။
44 Og på samme Måde hånede også Røverne ham, som vare korsfæstede med ham.
၄၄ထိုနည်းတူ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာရိုက်ထားသောဓားပြ တို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။
45 Men fra den sjette Time blev der Mørke over hele Landet indtil den niende Time.
၄၅မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
46 Og ved den niende Time råbte Jesus med høj Røst og sagde: "Eli! Eli! Lama Sabaktani?" det er: "Min Gud! min Gud! hvorfor har du forladt mig?"
၄၆သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။
47 Men nogle af dem, som stode der og hørte det, sagde: "Han kalder på Elias."
၄၇ထို အရပ်၌ ရပ် နေသောသူ အချို့ တို့သည် ကြား လျှင်၊ သူသည် ဧလိယ ကိုခေါ်သည် ဟု ဆို ကြ၏။
48 Og straks løb en af dem hen og tog en Svamp og fyldte den med Eddike og stak den på et Rør og gav ham at drikke.
၄၈လူတစ် ယောက်သည် ချက်ခြင်း ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌ တပ် ၍ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လေ၏။
49 Men de andre sagde: "Holdt! lader os se, om Elias kommer for at frelse ham."
၄၉ကြွင်း သောသူ တို့က၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုကယ်တင် ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြ ကုန်အံ့ဟု ဆို ကြ၏။
50 Men Jesus råbte atter med høj Røst og opgav Ånden.
၅၀ယေရှု သည် ကြီး သောအသံ နှင့်တစ်ဖန် ကြွေးကြော် ပြီးလျှင် အသက် တော်ကို လွှတ် တော်မူ၏။
51 Og se, Forhænget i Templet splittedes i to Stykker, fra øverst til nederst; og Jorden skjalv, og Klipperne revnede,
၅၁ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ် လေ၏။ ကျောက် များတို့သည် ကွဲပြား ကြ၏။
52 og Gravene åbnedes; og mange af de hensovede helliges legemer bleve oprejste,
၅၂သင်္ချိုင်း တွင်းတို့သည် ပွင့် လစ်သဖြင့် ကျိန်းစက် လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာ တို့ သည် ထ ကြ၍ ၊
53 og de gik ud af Gravene efter hans Opstandelse og kom ind i den hellige Stad og viste sig for mange.
၅၃ကိုယ်တော် ထမြောက် တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်း တွင်းမှ ထွက် ၍ သန့်ရှင်း သောမြို့ ထဲသို့ ဝင် ပြီးလျှင် ၊ လူများစွာ တို့အား ထင်ရှား ကြ၏။
54 Men da Høvedsmanden og de, som tillige med, ham holdt Vagt over Jesus, så Jordskælvet, og hvad der skete, frygtede de såre og sagde: "Sandelig, denne var Guds Søn."
၅၄ယေရှု ကိုစောင့် သော တပ်မှူး မှစ၍ စစ်သူရဲ များတို့သည် မြေကြီး လှုပ်ခြင်းစသည်တို့ကိုမြင် လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟု ဆို ကြ၏။
55 Men der var mange Kvinder der, som så til i Frastand, hvilke havde fulgt Jesus fra Galilæa og tjent ham.
၅၅ဂါလိလဲ ပြည်က ယေရှု နောက် တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမ အများ တို့သည်လည်း ထို အရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။
56 Iblandt dem vare Maria Magdalene og Maria, Jakobs og Josefs Moder, og Zebedæus's Sønners Moder.
၅၆ထိုမိန်းမ တို့တွင် မာဂဒလ မာရိ ၊ ယာကုပ် နှင့် ယောသေ တို့၏ အမိ ဖြစ်သောမာရိ နှင့် ဇေဗေဒဲ ၏ သား တို့၏ အမိ ပါ ကြသတည်း။
57 Men da det var blevet Aften, kom en rig Mand fra Arimathæa, ved Navn Josef, som også selv var bleven Jesu Discipel.
၅၇ည အချိန်ရောက် မှ အရိမသဲ မြို့သားယောသပ် အမည် ရှိသောသူဌေး သည် ယေရှု ၏တပည့် တော် ဖြစ် သည်နှင့် ၊
58 Han gik til Pilatus og bad om Jesu Legeme. Da befalede Pilatus, at det skulde udleveres.
၅၈ပိလတ် မင်းထံသို့ဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ ပိလတ် မင်းသည် အလောင်း တော်ကို ပေး စေခြင်းငှာအမိန့် တော်ရှိသော် ၊
59 Og Josef tog Legemet og svøbte det i et rent, fint Linklæde
၅၉ယောသပ် သည် အလောင်း တော်ကိုယူ ၍ ဖြူစင် သောပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊
60 og lagde det i sin nye Grav, som han havde ladet hugge i Klippen, og væltede en stor Sten for Indgangen til Graven og gik bort.
၆၀ကျောက် ၌ ထွင်း သောမိမိ သင်္ချိုင်း တွင်းသစ် ထဲမှာ ထား လေ၏။ ကြီးစွာ သော ကျောက် ကိုလည်း တွင်း ဝ ၌ လှိမ့် ထားပြီးမှ သွား ၏။
61 Men Maria Magdalene og den anden Maria vare der, og de sade lige over for Graven.
၆၁မာဂဒလ မာရိ နှင့် အခြား သောမာရိ သည် ထို အရပ်၌ သင်္ချိုင်း တော်ရှေ့ မှာ ထိုင် လျက်နေရစ်ကြ၏။
62 Men den næste Dag, som var Dagen efter Beredelsesdagen, forsamlede Ypperstepræsterne og Farisæerne sig hos Pilatus
၆၂အဘိတ်နေ့ လွန် ၍ နက်ဖြန် နေ့ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည် ပိလတ် မင်းထံ၌ စုဝေး ၍၊
63 og sagde: "Herre! vi ere komne i Hu, at denne Forfører sagde, medens han endnu levede: Tre Dage efter bliver jeg oprejst.
၆၃ထို လှည့်ဖြား သောသူ က၊ ငါသည် သုံး ရက် မြောက် သောနေ့၌ ထမြောက် မည်ဟု မ သေမှီ ပြော သည်ကို အကျွန်ုပ်တို့မှတ်မိ ပါပြီ။
64 Befal derfor, at Graven skal sikkert bevogtes indtil den tredje Dag, for at ikke hans Disciple skulle komme og stjæle ham og sige til Folket: "Han er oprejst fra de døde; og da vil den sidste Forførelse blive værre end den første,"
၆၄ထိုကြောင့် သူ ၏တပည့် တို့သည် ညအခါလာ ၍ အလောင်း ကိုခိုးယူ ပြီးလျှင် ၊ သူသည် သေ ခြင်းမှ ထမြောက် တော်မူပြီဟု လူ အပေါင်းတို့အား ပြောဆို ကြသော်၊ ရှေ့ အမှား ထက် နောက် အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာ အကြောင်းရှိ သည်ဖြစ်၍၊ သင်္ချိုင်း တွင်းကို သုံး ရက် မြောက် အောင်လုံခြုံစွာစောင့် စိမ့်သောငှာအမိန့် ရှိတော်မူပါဟု လျှောက် ကြလျှင်၊
65 Pilatus sagde til dem: "Der have I en Vagt; går hen og bevogter den sikkert, som I bedst vide!"
၆၅ပိလတ် မင်းက၊ သင်တို့၌ လူစောင့် တတပ်ရှိ ၏။ သွား ကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့် စေကြ ဟု ဆို လေ၏။
66 Og de gik hen og bevogtede Graven sikkert med Vagten efter at have sat Segl for Stenen.
၆၆ထိုသူ တို့သည် သွား ၍ ကျောက် ကို တံဆိပ် ခတ်ပြီးလျှင်အစောင့် ထားလျက် သင်္ချိုင်း တွင်းတော်ကို လုံခြုံ စွာ ပြုကြ၏။