< Matthæus 21 >
1 Og da de nærmede sig Jerusalem og kom til Bethfage ved Oliebjerget, da udsendte Jesus to Disciple og sagde til dem:
၁ယေရုရှလင် မြို့အနီး သို့ချဉ်း၍ သံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာသို့ ရောက် ကြသောအခါ ယေရှု သည် တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍ ၊
2 "Går hen i den Landsby, som ligger lige for eder; og straks skulle I finde en Aseninde bunden og et Føl hos hende; løser dem og fører dem til mig!
၂သင် တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထိုရွာ၌ ချည်နှောင် လျက်ရှိသောမြည်းမ နှင့် မြည်းကလေး ကို သင် တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုးကိုဖြည် ၍ ငါ့ ထံသို့ဆောင်ခဲ့ ကြ။
3 Og dersom nogen siger noget til eder, da siger, at Herren har Brug for dem, så skal han straks sende dem."
၃သူတစ်ပါး သည် သင် တို့အား တစ်စုံတစ်ခု ကိုဆို လျှင် သခင် အလို ရှိ သည်ဟုပြန်ပြော ကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည်ချက်ခြင်း ပေး လိုက်မည် ဟု မှာထား တော်မူ၏။
4 Men dette er sket, for at det skulde opfyldes, der er talt ved Profeten, som siger:
၄ထို အကြောင်းအရာမူကား၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်းကလေး ကိုစီး ၍၊
5 "Siger til Zions Datter: Se, din Konge kommer til dig, sagtmodig og ridende på et Asen og på et Trældyrs Føl."
၅နူးညံ့ သိမ်မွေ့သောစိတ်နှင့် သင် ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှု လော့ဟု ဇိအုန် သတို့သမီး အား ပြော ကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း ဖြစ် သတည်း။
6 Men Disciplene gik hen og gjorde, som Jesus befalede dem;
၆တပည့် တော်တို့သည်သွား ၍ အမိန့် တော်အတိုင်း ပြု သဖြင့် ၊
7 og de hentede Aseninden og Føllet og lagde deres Klæder på dem, og han satte sig derpå.
၇မြည်းမ နှင့် မြည်းကလေး ကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိ တို့အဝတ် ကိုတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။
8 Men de fleste af Folkeskaren bredte deres Klæder på Vejen, andre huggede Grene af Træerne og strøede dem på Vejen.
၈အတိုင်းမသိ များစွာ သောလူတို့သည် မိမိ တို့အဝတ် ကို လမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ် ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်း ကြ၏။
9 Men Skarerne, som gik foran ham og fulgte efter, råbte og sagde: "Hosanna Davids Søn! velsignet være den, som kommer, i Herrens Navn! Hosanna i det højeste!"
၉ရှေ့ နောက် လိုက်သွားသော အခြံအရံ များတို့က ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။
10 Og da han drog ind i Jerusalem, kom hele Staden i Bevægelse og sagde: "Hvem er denne?"
၁၀ယေရုရှလင် မြို့သို့ ဝင် တော်မူသောအခါ တမြို့လုံး အုတ်အုတ်သဲသဲ ၍၊ ဤ သူကားအဘယ်သူ နည်းဟု မေးမြန်း ကြလျှင်၊
11 Men Skarerne sagde: "Det er Profeten Jesus fra Nazareth i Galilæa."
၁၁လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။
12 Og Jesus gik ind i Guds Helligdom og uddrev alle dem, som solgte og købte i Helligdommen, og han væltede Vekselerernes Borde og Duekræmmernes Stole.
၁၂ယေရှု သည် ဘုရားသခင်၏ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ အပေါင်း တို့ကို နှင်ထုတ် ၍ ၊ ငွေ လဲသောသူတို့၏ခုံ များကို၎င်း ၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင် နေရာကို၎င်း တွန်းလှဲ တော်မူလျက် ၊
13 Og han siger til dem: "Der er skrevet: Mit Hus skal kaldes et Bedehus; men I gøre det til en Røverkule."
၁၃ငါ့ အိမ် ကို ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ ၌လာသော်လည်း ၊ သင် တို့သည် ထို အိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
14 Og der kom blinde og lamme til ham i Helligdommen, og han helbredte dem.
၁၄ထိုအခါ ဗိမာန် တော်၌ မျက်စိကန်း သောသူ၊ ခြေမစွမ်း သောသူတို့သည် အထံ တော်သို့လာ ၍ သူ တို့အနာရောဂါကို ငြိမ်း စေတော်မူ၏။
15 Men da Ypperstepræsterne og de skriftkloge så de Undergerninger, som han gjorde, og Børnene, som råbte i Helligdommen og sagde: "Hosanna Davids Søn!" bleve de vrede og sagde til ham:
၁၅ကိုယ်တော်ပြု တော်မူသော အံ့ဩဘွယ် အမှု တို့ကို၎င်း၊ သူငယ် တို့ကလည်း ၊ ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ဗိမာန် တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် ကြားမြင် လျှင် အမျက်ထွက် ကြ၍ ၊
16 "Hører du, hvad disse sige?" Men Jesus siger til dem: "Ja! have I aldrig læst: Af umyndiges og diendes Mund har du beredt dig Lovsang?"
၁၆ဤ သူတို့သည် အဘယ်သို့ ပြောဆို သည်ကို ကြား သလောဟု ယေရှု အား မေး ကြလေသော်၊ ငါကြား ၏။ နို့စို့ သူငယ် တို့ နှုတ် ထဲမှ ကိုယ်တော်သည် ချီးမွမ်း ခြင်းကိုပြင်ဆင် တော်မူသည်ဟူသောစကားကို သင်တို့သည် တရံတစ်ခါ မျှ မဘတ် ဘူးသလော ဟု မိန့် တော်မူ၏။
17 Og han forlod dem og gik uden for Staden til Bethania og overnattede der.
၁၇ထိုအခါ သူ တို့ကိုထား ခဲ့၍မြို့ ထဲမှ ထွက် ပြီးလျှင် ဗေသနိ ရွာသို့ ကြွ၍ ထို ညဉ့်ကို လွန် စေတော်မူ၏။
18 Men da han om Morgenen igen gik ind til Staden, blev hen hungrig.
၁၈နံနက် အချိန်၌ မြို့ သို့ ပြန် စဉ်တွင် ဆာမွတ် တော်မူ၏။
19 Og han så et Figentræ ved Vejen og gik hen til det, og han fandt intet derpå uden Blade alene. Og han siger til det: "Aldrig i Evighed skal der vokse Frugt mere på dig!" Og Figentræet visnede straks. (aiōn )
၁၉လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။ (aiōn )
20 Og da Disciplene så det, forundrede de sig og sagde: "Hvorledes kunde Figentræet straks visne?"
၂၀တပည့် တော်တို့သည် မြင် လျှင် ၊ သင်္ဘောသဖန်း ပင်သည် ချက်ခြင်း သွေ့ခြောက် ပါပြီတကားဟု အံ့ဩ ၍ ဆို ကြ၏။
21 Men Jesus svarede og sagde til dem: "Sandelig, siger jeg eder, dersom I have Tro og ikke tvivle, da skulle I ikke alene kunne gøre det med Figentræet, men dersom I endog sige til dette Bjerg: Løft dig op og kast dig i Havet, da skal det ske.
၂၁ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ယုံမှား ခြင်းနှင့် ကင်း သော ယုံကြည် ခြင်းရှိ လျှင် ၊ သင်္ဘောသဖန်း ပင်၌ ပြု သကဲ့သို့သင်တို့ပြုနိုင်သည်သာမက ၊ ထို တောင် ကိုပင် နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင်ဆိုသည်အတိုင်း ဖြစ် လိမ့်မည်။
22 Og alt, hvad I begære i Bønnen troende, det skulle I få."
၂၂ယုံကြည် ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှ တို့ကို သင်တို့သည်ရ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
23 Og da han kom ind i Helligdommen, kom Ypperstepræsterne og Folkets Ældste hen til ham, medens han lærte, og de sagde: "Af hvad Magt gør du disse Ting, og hvem har givet dig denne Magt?"
၂၃ဗိမာန် တော်သို့ ဝင် ပြန်၍ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ထို အခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော်၊
24 Men Jesus svarede og sagde til dem: "Også jeg vil spørge eder om een Ting, og dersom I sige mig det, vil også jeg sige eder, af hvad Magt jeg gør disse Ting.
၂၄ယေရှု က၊ ငါ သည် တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ လျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော မည်။
25 Johannes's Dåb, hvorfra var den? Fra Himmelen eller fra Mennesker?" Men de tænkte ved sig selv og sagde: "Sige vi: Fra Himmelen, da vil han sige til os: Hvorfor troede I ham da ikke?
၂၅ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ၍ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံသနည်းဟု သူမေး လေဦးမည်။
26 Men sige vi: Fra Mennesker, frygte vi for Mængden; thi de holde alle Johannes for en Profet."
၂၆လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် လူ များကိုကြောက် ရ၏။ အကြောင်းမူကား ၊ လူအပေါင်း တို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27 Og de svarede Jesus og sagde: "Det vide vi ikke." Da sagde også han til dem: "Så siger ikke heller jeg eder, af hvad Magt jeg gør disse Ting.
၂၇အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အား ပြန်ပြော ကြ၏။ ကိုယ်တော် ကလည်း ၊ ထိုအတူ ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော ။
28 Men hvad tykkes eder? En Mand havde to Børn; og han gik til den første og sagde: Barn! gå hen, arbejd i Dag i min Vingård!
၂၈သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင် ၊
29 Men han svarede og sagde: Nej, jeg vil ikke; men bagefter fortrød han det og gik derhen.
၂၉သား က ငါမ သွား ဘူးဟု ပြန်ပြော သော်လည်း ၊ နောက်မှ နောင်တရ ၍သွား လေ၏။
30 Og han gik til den anden og sagde ligeså. Men han svarede og sagde: Ja, Herre! og gik ikke derhen.
၃၀အဘသည် အခြား သောသားဆီသို့သွား ၍ ရှေ့နည်းအတူ ဆို လျှင် ၊ သား ကသွားပါမည်အဘသခင် ဟု ဆို သော်လည်း မ သွား ဘဲနေ၏။
31 Hvem af de to gjorde Faderens Villie?" De sige: "Den første." Jesus siger til dem: "Sandelig, siger jeg eder, at Toldere og Skøger gå forud for eder ind i Guds Rige.
၃၁ထိုသားနှစ် ယောက်တို့တွင် အဘယ်သူ သည် အဘ ၏အလို ကိုဆောင် သနည်း ဟု မေးတော်မူလျှင်၊ သား အကြီး ဆောင်ပါသည်ဟု လျှောက် ကြသော်၊ ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့သည် သင် တို့အရင် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်တတ်ကြ၏။
32 Thi Johannes kom til eder på Retfærdigheds Vej, og I troede ham ikke, men Toldere og Skøger troede ham; men endskønt I så det, fortrøde I det alligevel ikke bagefter, så I troede ham.
၃၂အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ မ ရကြ။
33 Hører en anden Lignelse: Der var en Husbond, som plantede en Vingård og satte et Gærde omkring den og gravede en Perse i den og byggede et Tårn; og han lejede den ud til Vingårdsmænd og drog udenlands.
၃၃အခြား သော ဥပမာ ကိုနားထောင် ကြလော့။ အိမ်ရှင် တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သော သူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့သွား လေ၏။
34 Men da Frugttiden nærmede sig, sendte han sine Tjenere til Vingårdsmændene for at få dens Frugter.
၃၄အသီး သီးချိန် ရောက် သောအခါ ၊ အသီး ကိုခံ စေခြင်းငှာငယ်သား တို့ကို ဥယျာဉ်စောင့် တို့ရှိရာ သို့ စေလွှတ် လေ၏။
35 Og Vingårdsmændene grebe hans Tjenere, og en sloge de, en dræbte de, og en stenede de.
၃၅ထိုသူ တို့သည် ငယ်သား များကို ဘမ်း ပြီးလျှင် တစ်ဦး ကိုရိုက် ၍၊ တစ်ဦး ကိုသတ် ၍ ၊ တစ်ဦး ကို ခဲ နှင့်ပစ်ကြ၏။
36 Atter sendte han andre Tjenere hen, flere end de første; og de gjorde ligeså med dem.
၃၆နောက်တစ်ဖန် အရင် ထက် များသော အခြား ငယ်သား တို့ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူ ပြု ကြ၏။
37 Men til sidst sendte han sin Søn til dem og sagde: De ville undse sig for min Søn.
၃၇နောက်ဆုံး ၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိ သား ကို စေလွတ် လေ၏။
38 Men da Vingårdsmændene så Sønnen, sagde de til hverandre: Det er Arvingen; kommer lader os slå ham ihjel og få hans Arv!
၃၈ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကိုသတ် ၍ သူ ၏ အမွေ ဥစ္စာကိုယူ ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင် ၍၊
39 Og de grebe ham og kastede ham ud af Vingården og sloge ham ihjel.
၃၉ဥယျာဉ်ရှင်၏သား ကို ဘမ်းယူ ပြီးမှ ဥယျာဉ် ပြင် သို့ထုတ် ၍ သတ်ပစ် ကြ၏။
40 Når da Vingårdens Herre kommer, hvad vil han så gøre med disse Vingårdsmænd?"
၄၀သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည်လာ သောအခါ ၊ ဥယျာဉ်စောင့် တို့ကိုအဘယ်သို့ ပြု မည်နည်း ဟုမေးတော်မူ၏။
41 De sige til ham: "Ilde vil han ødelægge de onde og leje sin Vingård ud til andre Vingårdsmænd, som ville give ham Frugterne i deres Tid."
၄၁ပရိသတ်တို့ကလည်း ထိုလူဆိုး တို့အား ဆိုး သောဖျက်ဆီး ခြင်းကို စီရင်ပါလိမ့်မည်။ အသီး သီးချိန် တွင် အသီးကို ဆက် အံ့သောအခြား လူ တို့အား ထိုဥယျာဉ် ကို ငှား ပါလိမ့်မည်ဟု လျှောက် ကြ၏။
42 Jesus siger til dem: "Have I aldrig læst i Skrifterne: Den Sten, som Bygningsmændene forkastede, den er bleven til en Hovedhjørnesten; fra Herren er dette kommet, og det er underligt for vore Øjne.
၄၂ယေရှု ကလည်း၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကို ကျမ်းစာ ၌ သင်တို့သည် တရံတခါမျှမ ဘတ် ဘူးသလော။
43 Derfor siger jeg eder, at Guds Rige skal tages fra eder og gives til et Folk, som bærer dets Frugter.
၄၃ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
44 Og den, som falder på denne Sten, skal slå sig sønder; men hvem den falder på, ham skal den knuse."
၄၄အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူသည် ကျိုး လတံ့၊ အကြင်သူ ၏အပေါ်သို့ ထို ကျောက်သည်ကျ ၏၊ ထိုသူ သည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။
45 Og da Ypperstepræsterne og Farisæerne hørte hans Lignelser, forstode de, at han talte om dem.
၄၅ထိုဥပမာ စကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည်ကြား ရလျှင် ၊ မိမိ တို့ကို ရည်ဆောင် ၍ ဟောပြော တော်မူသည်ကို သိ ကြ၏။
46 Og de søgte at gribe ham, men frygtede for Skarerne; thi de holdt ham for en Profet.
၄၆ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။