< Matthæus 20 >
1 Thi Himmeriges Rige ligner en Husbond, som gik ud tidligt om Morgenen for at leje Arbejdere til sin Vingård.
၁ဥပမာကား၊ ကောင်းကင် နိုင်ငံ တော်သည် စပျစ် ဥယျာဉ်ကို လုပ်ဆောင် သောသူတို့ကို ငှား ခြင်းငှာနံနက် စောစောထွက်သွား သော အိမ်ရှင် နှင့်တူ ၏။
2 Og da han var bleven enig med Arbejderne om en Denar om Dagen, sendte han dem til sin Vingård.
၂ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။
3 Og han gik ud ved den tredje Time og så andre stå ledige på Torvet,
၃နံနက်တချက်တီး အချိန် ၌ ထွက် ပြန်လျှင် ၊ အခြား သောသူတို့သည် အလုပ် ကိုမလုပ်၊ ဈေး ၌ ရပ် နေသည် ကို မြင် ၍၊
4 og han sagde til dem: Går også I hen i Vingården, og jeg vil give eder, hvad som ret er. Og de gik derhen.
၄သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြ။ တော်လျော် စွာ ငါပေး မည်ဟုဆို လျှင် ထိုသူတို့သည် သွား ကြ၏။
5 Han gik atter ud ved den sjette og niende Time og gjorde ligeså.
၅တစ်ဖန် နှစ်ချက်တီး အချိန်၊ တစ်ဖန် သုံးချက်တီး အချိန် ၌ ထွက် ၍ ရှေ့နည်းအတူ ပြု လေ၏။
6 Og ved den ellevte Time gik han ud og fandt andre stående der, og han siger til dem: Hvorfor stå I her ledige hele Dagen?
၆ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊
7 De sige til ham: Fordi ingen lejede os. Han siger til dem: Går også I hen i Vingården!
၇ထိုသူတို့က၊ ကျွန်တော် တို့ကိုအဘယ်သူ မျှ မငှား ပါဟု ပြောဆို ကြလျှင်၊ သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြသော် လျော်စွာရကြလိမ့်မည်ဟု ဆို လေ၏။
8 Men da det var blevet Aften, siger Vingårdens Herre til sin Foged: Kald på Arbejderne, og betal dem deres Løn, idet du begynder med de sidste og ender med de første!
၈ည အချိန် ရောက် သောအခါ စပျစ် ဥယျာဉ်ရှင် က လုပ်ဆောင် သော သူတို့ကိုခေါ် ခဲ့လော့။ နောက် ဝင် သောသူမှစ၍ အရင် အဦးဝင်သောသူ တိုင်အောင် အခ ကိုပေး လော့ဟု မိမိ စာရေး ကိုမှာ လိုက်လေ၏။
9 Og de, som vare lejede ved den ellevte Time, kom og fik hver en Denar.
၉ထို့ကြောင့်ဆယ်တ နာရီအချိန် ၌ ဝင်သောသူ တို့သည်လာ ၍ ဒေနာရိ တစ်ပြားစီ ခံ ကြ၏။
10 Men da de første kom, mente de, at de skulde få mere; og også de fik hver en Denar.
၁၀အရင် ဝင်သောသူတို့သည် လာ ကြသောအခါ ငါတို့သည်သာ၍ ရ မည်ဟု စိတ်ထဲမှာထင်မှတ် သော်လည်း ဒေနာရိ တစ်ပြားစီ ခံရ ကြ၏။
11 Men da de fik den, knurrede de imod Husbonden og sagde:
၁၁ထိုသို့ ခံ ပြီးလျှင် အိမ်ရှင် ကို ကဲ့ရဲ့ပြစ်တင် ၍၊
12 Disse sidste have kun arbejdet een Time, og du har gjort dem lige med os, som have båret Dagens Byrde og Hede.
၁၂နောက် ဝင်သောသူ တို့သည် တစ် နာရီ ခန့်မျှသာ လုပ်ဆောင် သော်လည်း ၊ တစ်နေ့လုံး အမှုဝန် ကို ထမ်းရွက် ၍ နေပူ ဆင်းရဲခံရသော အကျွန်ုပ် တို့နှင့်အညီအမျှ ကိုယ်တော် စီရင် ပါပြီတကားဟု ဆို ကြ၏။
13 Men han svarede og sagde til en af dem: Ven! jeg gør dig ikke Uret; er du ikke bleven enig med mig om en Denar?
၁၃အိမ်ရှင် ကလည်း အဆွေ ၊ သင် ၌ မတရား သောအမှုကိုငါမ ပြု။ ဒေနာရိ တစ်ပြားကိုအမှတ်ပြု၍ သင်သည် ငါ နှင့်ဝန်ခံ သည်မ ဟုတ်လော။
14 Tag dit og gå! Men jeg vil give denne sidste ligesom dig.
၁၄သင် ၏ဥစ္စာ ကို ယူ ၍ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။
15 Eller har jeg ikke Lov at gøre med mit, hvad jeg vil? Eller er dit Øje ondt, fordi jeg er god?
၁၅ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ မ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။
16 Således skulle de sidste blive de første, og de første de sidste; thi mange ere kaldede, men få ere udvalgte."
၁၆ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
17 Og da Jesus drog op til Jerusalem, tog han de tolv Disciple til Side og sagde til dem på Vejen:
၁၇ယေရှု သည် ယေရုရှလင် မြို့သို့ တက်ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို ဆိတ်ကွယ် ရာအရပ်သို့ခေါ် ၍ ၊
18 "Se, vi drage op til Jerusalem, og Menneskesønnen skal overgives til Ypperstepræsterne og de skriftkloge; og de skulle dømme ham til Døden
၁၈ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။
19 og overgive ham til Hedningerne til at spottes og hudstryges og korsfæstes; og på den tredje Dag skal han opstå."
၁၉လူသားအား ပြက်ယယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
20 Da gik Zebedæus's Sønners Moder til ham med sine Sønner og faldt ned for ham og vilde bede ham om noget.
၂၀ထိုအခါ ဇေဗေဒဲ ၏သား တို့အမိ သည် သား တို့နှင့်အတူ အထံ တော်သို့ချဉ်း ၍ ပြပ်ဝပ် လျက်ဆု ကျေးဇူးကို တောင်းပန် လေ၏။ ကိုယ်တော် က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိ သနည်း ဟု မေး တော်မူသော်၊
21 Men han sagde til hende: "Hvad vil du?" Hun siger til ham: "Sig, at disse mine to Sønner skulle i dit Rige sidde den ene ved din højre, den anden ved din venstre Side."
၂၁ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။
22 Men Jesus svarede og sagde: "I vide ikke, hvad I bede om. Kunne I drikke den Kalk, som jeg skal drikke?" De sige til ham: "Det kunne vi."
၂၂ယေရှု ကလည်း ၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် ရအံ့ သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော်၊
23 Han siger til dem: "Min Kalk skulle I vel drikke; men det at sidde ved min højre og ved min venstre Side tilkommer det ikke mig at give; men det gives til dem, hvem det er beredt af min Fader."
၂၃ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။
24 Og da de ti hørte dette, bleve de vrede på de to Brødre.
၂၄အခြားသောတပည့်တော်တစ်ကျိပ် တို့သည် ကြားသိ လျှင် ၊ ထိုညီအစ်ကို နှစ် ယောက်တို့ကို အမျက်ထွက် ကြ၏။
25 Men Jesus kaldte dem til sig og sagde: "I vide, at Folkenes Fyrster herske over dem, og de store bruge Myndighed over dem.
၂၅ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍၊ သင်တို့ သိ သည်အတိုင်း လောကီ မင်း တို့သည်အစိုးတရ ပြု တတ်ကြ၏။
26 Således skal det ikke være iblandt eder; men den, som vil blive stor iblandt eder, han skal være eders Tjener;
၂၆အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။
27 og den, som vil være den ypperste iblandt eder, han skal være eders Træl.
၂၇သင် တို့မူကား ထိုသို့ မ ပြု ကြနှင့်။ လူ သား သည် သူတပါးကိုစေစား ခြင်းငှာမ လာ၊
28 Ligesom Menneskesønnen ikke er kommen for at lade sig tjene, men for at tjene og give sit Liv til en Genløsning for mange."
၂၈သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။
29 Og da de gik ud af Jeriko, fulgte en stor Folkeskare ham.
၂၉ယေရိခေါ မြို့မှ ထွက်သွား ကြစဉ်တွင် လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
30 Og se, to blinde sade ved Vejen, og da de hørte, at Jesus gik forbi, råbte de og sagde: "Herre, forbarm dig over os, du Davids Søn!"
၃၀ယေရှု သည် ကြွသွား တော်မူကြောင်း ကို လမ်း နား မှာထိုင် နေသော လူကန်း နှစ် ယောက်တို့သည် ကြား ရ လျှင် ။ ဒါဝိဒ် ၏သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
31 Men Skaren truede dem, at de skulde tie; men de råbte endnu stærkere og sagde: "Herre, forbarm dig over os, du Davids Søn!"
၃၁ထိုသူ တို့ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူ အစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြ၏။
32 Og Jesus stod stille og kaldte på dem og sagde: "Hvad ville I, at jeg skal gøre for eder?"
၃၂ယေရှု သည်လည်း ရပ် တော်မူလျက် ထိုသူ တို့ကိုခေါ် ၍ သင် တို့၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင် ၊
33 De sige til ham: "Herre! at vore Øjne måtte oplades."
၃၃သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊
34 Og Jesus ynkedes inderligt og rørte ved deres Øjne. Og straks bleve de seende, og de fulgte ham.
၃၄ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။