< Markus 10 >
1 Og han bryder op derfra og kommer til Judæas Egne og Landet hinsides Jordan, og atter samler der sig Skarer om ham; og han lærte dem atter, som han plejede.
၁ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။
2 Og Farisæerne kom hen og spurgte ham for at friste ham: "Er det en Mand tilladt at skille sig fra sin Hustru?"
၂ဖာရိရှဲ တို့သည် အထံတော်သို့လာ ၍ ၊ လူ သည် မိမိမယား နှင့်ကွာ အပ် သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
3 Men han svarede og sagde til dem: "Hvad har Moses budt eder?"
၃ယေရှုက၊ မောရှေ သည်သင် တို့အား အဘယ်သို့ စီရင် သနည်း ဟုလှန် ၍ မေး တော်မူလျှင်၊
4 Men de sagde: "Moses tilstedte at skrive et Skilsmissebrev og skille sig fra hende."
၄သူ တို့က၊ ဖြတ်စာ ကို ပေး ၍ မယားနှင့် ကွာ စေခြင်းငှာမောရှေ စီရင် ပါသည်ဟု လျှောက် ကြ၏။
5 Og Jesus sagde til dem: "For eders Hjerters Hårdheds Skyld skrev han eder dette Bud.
၅ယေရှု ကလည်း ၊ သင် တို့စိတ် နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထို ပညတ် ကို ရေး ထားသတည်း။”
6 Men fra Skabningens Begyndelse skabte Gud dem som Mand og Kvinde.
၆ဘုရားသခင်ဖန်ဆင်း တော်မူစက ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။”
7 Derfor skal en Mand forlade sin Fader og Moder, og holde fast ved sin Hustru;
၇ထို အကြောင်း ကြောင့်ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊”
8 og de to skulle blive til eet Kød. Således ere de ikke længer to, men eet Kød.
၈ထိုသူနှစ် ယောက်တို့သည် တသား တကိုယ်တည်းဖြစ် ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ် တစ်ဦးတည်း ဖြစ်၏။”
9 Derfor, hvad Gud har sammenføjet, må et Menneske ikke adskille.
၉ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့်” ဟု မိန့် တော်မူ၏။
10 Og i Huset spurgte Disciplene ham atter om dette.
၁၀နောက်တစ်ဖန် တပည့် တော်တို့သည် အိမ် ၌ ရှိစဉ်၊ ထို အကြောင်း ကို မေးလျှောက် ပြန်ကြ၏။
11 Og han siger til dem: "Den, som skiller sig fra sin Hustru og tager en anden til Ægte, han bedriver Hor imod hende.
၁၁ကိုယ်တော်ကလည်း၊ အကြင်သူ သည် မယား နှင့်ကွာ ၍ အခြား သောမိန်းမနှင့် စုံဘက် ခြင်းကိုပြု၏။ ထို သူသည် မိမိမယားကို ပြစ်မှား ၏။”
12 Og dersom hun efter at have skilt sig fra sin Mand ægter en anden, bedriver hun Hor."
၁၂မိန်းမ သည်လည်း မိမိ လင် နှင့်ကွာ ၍ အခြား သောယောက်ျားနှင့်စုံဘက် ခြင်းကိုပြုလျှင် မှားယွင်း ခြင်းသို့ ရောက်သည်” ဟု မိန့် တော်မူ၏။
13 Og de bare små Børn til ham, for at han skulde røre ved dem; men Disciplene truede dem, som bare dem frem.
၁၃ထိုအခါ သူငယ် တို့ကို လက်တော်နှင့် တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ဖြစ်၍၊ တပည့် တော်တို့သည် ဆောင်ခဲ့သောသူ တို့ကို အပြစ်တင် ကြ၏။
14 Men da Jesus så det, blev han vred og sagde til dem: "Lader de små Børn komme til mig; formener dem det ikke, thi Guds Rige hører sådanne til.
၁၄ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။”
15 Sandelig, siger jeg eder, den, som ikke modtager Guds Rige ligesom et lille Barn, han skal ingenlunde komme ind i det."
၁၅ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊
16 Og han tog dem i Favn og lagde Hænderne på dem og velsignede dem.
၁၆သူငယ် တို့ကို ချီပိုက် ၍ သူ တို့အပေါ်မှာ လက် တော်ကိုတင် လျက် ကောင်းကြီး ပေးတော်မူ၏။
17 Og da han gik ud på Vejen, løb en hen og faldt på Knæ for ham og spurgte ham: "Gode Mester! hvad skal jeg gøre, for at jeg kan arve et evigt Liv?" (aiōnios )
၁၇လမ်း မှာ ကြွ တော်မူစဉ်တွင်လူတယောက် သည် အထံ တော်သို့ပြေး ၍ ဒူးထောက် လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ် အမှုကိုပြု ရပါမည်နည်းဟု မေးလျှောက် သော်၊. (aiōnios )
18 Men Jesus sagde til ham: "Hvorfor kalder du mig god? Ingen er god, uden een, nemlig Gud.
၁၈ယေရှု က၊ ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။”
19 Du kender Budene: Du må ikke bedrive Hor; du må ikke slå ihjel; du må ikke stjæle; du må ikke sige falsk Vidnesbyrd; du må ikke besvige; ær din Fader og din Moder."
၁၉“သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကိုမ ပြစ်မှားနှင့်။ လူအသက်ကို မ သတ် နှင့်။ သူဥစ္စာကိုမ ခိုး နှင့်။ မမှန် သောသက်သေကိုမ ခံနှင့်။ သူ့ဥစ္စာကို မတရား သဖြင့်မ သိမ်းနှင့်။ မိဘ ကို ရိုသေ စွာ ပြုလော့” ဟု မိန့် တော်မူလျှင် ၊
20 Men han sagde til ham: "Mester! det har jeg holdt alt sammen fra min Ungdom af."
၂၀အရှင် ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ် သောအရွယ်မှစ၍ စောင့်ရှောက် ပါပြီဟု လျှောက် ပြန်လျှင် ၊
21 Men Jesus så på ham og fattede Kærlighed til ham og sagde til ham: "Een Ting fattes dig; gå bort, sælg alt, hvad du har, og giv det til de fattige, så skal du have en Skat i Himmelen; og kom så og følg mig!"
၂၁ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
22 Men han blev ilde til Mode over den Tale og gik bedrøvet bort; thi han havde meget Gods.
၂၂ထိုသူ သည် များစွာ သောဥစ္စာ ကိုရ တတ်သောသူဖြစ် ၍၊ ထို စကား ကိုကြားလျှင် မျက်နှာပျက် ၍ စိတ်မသာ သည်နှင့်သွား လေ၏။
23 Og Jesus så sig omkring og siger til sine Disciple: "Hvor vanskeligt komme de, som have Rigdom, ind i Guds Rige!"
၂၃ယေရှု ကလည်း ၊ ဥစ္စာ ရ တတ်သောသူ သည်ဘုရားသခင် ၏နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏” ဟု ပတ်လည်သို့ကြည့်ရှု ၍ တပည့် တော်တို့အား မိန့် တော်မူ၏။
24 Men Disciplene bleve forfærdede over hans Ord. Men Jesus tog atter, til Orde og siger til dem: "Børn, hvor vanskeligt er det, at de som forlade sig på Rigdom, kunne komme ind i Guds Rige!
၂၄တပည့် တော်တို့သည် ထို စကား ကိုကြားလျှင် ၊ မိန်းမော တွေဝေခြင်းရှိကြ၏။ တစ်ဖန် ယေရှု က၊ ငါသား တို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။”
25 Det er lettere for en Kamel at gå igennem et Nåleøje end for en rig at gå ind i Guds Rige."
၂၅ကုလားအုပ် သည် အပ် နဖား ကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည်” ဟု မိန့် တော်မူ၏။
26 Men de forfærdedes overmåde og sagde til hverandre: "Hvem kan da blive frelst?"
၂၆ထိုသူ တို့သည် သာ၍ မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု အချင်းချင်း ပြောဆို ကြ၏။
27 Jesus så på dem og siger: "For Mennesker er det umuligt, men ikke for Gud; thi alle Ting ere mulige for Gud."
၂၇ယေရှု ကလည်း၊ သူ တို့ကိုကြည့်ရှု ၍၊ ဤအမှုကို လူ မ တတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် သည် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
28 Peter tog til Orde og sagde til ham: "Se, vi have forladt alle Ting og fulgt dig."
၂၈ထိုအခါ၊ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှ ကိုစွန့်ပစ် ၍ ကိုယ်တော် နောက် သို့ လိုက်ကြပါပြီဟုလျှောက် လေသော်၊
29 Jesus sagde: "Sandelig, siger jeg eder, der er ingen, som har forladt Hus eller Brødre eller Søstre eller Moder eller Fader eller Børn eller Marker for min og for Evangeliets Skyld,
၂၉ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့် ၎င်း၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါးကိုစွန့် ၏။”
30 uden at han jo skal få hundrede Fold igen, nu i denne Tid Huse og Brødre og Søstre og Mødre og Børn og Marker tillige med Forfølgelser, og i den kommende Verden et evigt Liv. (aiōn , aiōnios )
၃၀ထိုသူသည် အဆတရာ သော အကျိုးတည်းဟူသောယခု ကာလ ၌ ညှဉ်းဆဲ ခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီး တို့ကို၎င်း၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့။” (aiōn , aiōnios )
31 Men mange af de første skulle blive de sidste, og af de sidste de første."
၃၁နောက်ကျ သောသူအများ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျကြသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်” ဟု မိန့် တော်မူ၏။
32 Men de vare på Vejen op til Jerusalem; og Jesus gik foran dem, og de vare forfærdede, og de, som fulgte med, vare bange. Og han tog atter de tolv til sig og begyndte at sige dem, hvad der skulde times ham
၃၂ယေရုရှလင် မြို့သို့ တက်သွား ကြရာ၊ လမ်း မှာ ယေရှု သည်တပည့် တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ သောစိတ်နှင့် လိုက် ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးတို့ကို တစ်ဖန် ခေါ် ၍၊ ငါတို့သည်ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။”
33 "Se, vi drage op til Jerusalem, og Menneskesønnen skal overgives til Ypperstepræsterne og de skriftkloge, og de skulle dømme ham til Døden og overgive ham til Hedningerne;
၃၃လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်သို့ ရောက် လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။”
34 og de skulle spotte ham og spytte på ham og hudstryge ham og ihjelslå ham, og tre Dage efter skal han opstå."
၃၄သူ တို့သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ တံတွေး နှင့်ထွေးခြင်း၊ အသေ သတ်ခြင်းကို ပြုကြလိမ့်မည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည်” ဟူ၍မိမိ ကိုယ်၌ရောက် လတံ့သော အမှုအရာ တို့ကို တပည့် တော်တို့အား မိန့် တော်မူ၏။
35 Og Jakob og Johannes, Zebedæus's Sønner, gå hen til ham og sige: "Mester! vi ønske, at du vil gøre for os det, vi ville bede dig om."
၃၅ထိုအခါ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အရှင် ဘုရား၊ အကျွန်ုပ် တို့တောင်းသော ဆု ကျေးဇူးကို ပြု တော်မူစေချင် ပါသည်ဟု လျှောက် လေ၏။
36 Og han sag, de til dem: "Hvad ønske I, at jeg skal gøre for eder?"
၃၆ကိုယ်တော်က၊ ငါသည်သင် တို့ကို အဘယ်သို့ ပြု စေချင် သနည်း” ဟု မေး တော်မူသော် ၊
37 Men de sagde til ham: "Giv os, at vi må sidde, den ene ved din højre Side og den anden ved din venstre Side i din Herlighed."
၃၇ကိုယ်တော် သည် ဘုန်းပွင့် တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာ ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်ထိုင် ရသောအခွင့်ကို ပေး တော်မူပါဟု လျှောက် ကြ၏။
38 Men Jesus sagde til dem: "I vide ikke, hvad I bede om. Kunne I drikke den Kalk, som jeg drikker, eller døbes med den Dåb, som jeg døbes med?"
၃၈ယေရှု ကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါ ခံ သောဗတ္တိဇံ ကိုခံ ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊
39 Men de sagde til ham: "Det kunne vi." Men Jesus sagde til dem: "Den Kalk, som jeg drikker, skulle I drikke, og den Dåb, som jeg døbes med, skulle I døbes med;
၃၉အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော် ၊ ယေရှု က၊ ငါ သောက် သောခွက် ကို သင်တို့ သည် သောက် ရကြလိမ့်မည်။ ငါ ခံ သောဗတ္တိဇံ ကိုလည်း သင်တို့သည်ခံရ ကြလိမ့်မည်။”
40 men det at sidde ved min højre eller ved min venstre Side tilkommer det ikke mig at give; men det gives til dem, hvem det er beredt."
၄၀သို့သော်လည်း ငါ လက်ျာ ဘက်လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကားအကြင်သူ တို့အဘို့အလိုငှာ ပြင်ဆင် ၏၊ ထိုသူတို့အားသာ ငါ ပေး ပိုင်သည်” ဟု မိန့် တော်မူ၏။
41 Og da de ti hørte det, begyndte de at blive, vrede på Jakob og Johannes.
၄၁အခြားသော တပည့်တော်တစ်ကျိပ် တို့သည်ကြားသိ လျှင် ၊ ယာကုပ် နှင့် ယောဟန် တို့ကို အမျက်ထွက် ကြ ၏။
42 Og Jesus kaldte dem til sig og siger til dem: "I vide, at de, der gælde for Folkenes Fyrster; herske over dem, og de store iblandt dem bruge Myndighed over dem.
၄၂ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍ ၊ သင်တို့သိ သည်အတိုင်း လောကီ မင်း တို့သည် အစိုးတရ ပြုတတ် ကြ၏။ အကဲအမှူး တို့သည် အာဏာ ထားတတ်ကြ၏။”
43 Men således er det ikke iblandt eder; men den, som vil blive stor iblandt eder, skal være eders Tjener;
၄၃သင် တို့မူကား ၊ ထိုသို့ မ ပြု ကြနှင့်။ သင် တို့တွင် အကဲအမှူး ပြု လို သောသူ သည် သင် တို့အစေခံ ဖြစ် ရမည်။”
44 og den, som vil blive den første af eder, skal være alles Tjener;
၄၄သင် တို့တွင် အထွဋ်အမြတ် လုပ် ချင် သောသူ သည်လည်း အလုံးစုံ တို့၏စေခိုင်းရာ ကျွန် ဖြစ် ရမည်။”
45 thi også Menneskesønnen er ikke kommen for at lade sig tjene, men for at tjene og give sit Liv til en Genløsning for mange."
၄၅အကြောင်းမူကား ၊ လူ သား သည် သူတစ်ပါးကို စေစား ခြင်းငှာမ လာ ၊ သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာသတည်း” ဟု မိန့် တော်မူ၏။
46 Og de komme til Jeriko; og da han gik ud af Jeriko tillige med sine, Disciple og en stor Skare, sad Timæus's Søn, Bartimæus, en blind Tigger, ved Vejen.
၄၆ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။
47 Og da han hørte, at det var Jesus af Nazareth, begyndte han at råbe og sige: "Du Davids Søn, Jesus, forbarm dig over mig!"
၄၇နာဇရက် မြို့သားယေရှု ရှိ ကြောင်း ကို ကြား ရလျှင် ၊ ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
48 Og mange truede ham, for at han skulde tie; men han råbte meget stærkere: "Du Davids Søn, forbarm dig over mig!"
၄၈ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူအများ တို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကိုကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် လေသော်၊
49 Og Jesus stod stille og sagde: "Kalder på ham!" Og de kalde på den blinde og sige til ham: "Vær frimodig, stå op! han kalder på dig."
၄၉ယေရှု သည် ရပ် တော်မူလျက် ၊ ထိုသူ ကိုခေါ် ခဲ့ ဟု အမိန့် တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်း ကိုခေါ် ၍ မ စိုးရိမ်နှင့်၊ ထ လော့။ သင့် ကို ခေါ် တော်မူသည်ဟုဆို ကြ၏။
50 Men han kastede sin Overkjortel af sig, sprang op og kom til Jesus.
၅၀ထိုသူသည် မိမိ အဝတ် ကို ခြုံ ပြီးလျှင် ၊ ထ ၍ ယေရှု ထံတော်သို့ သွား ၏။
51 Og Jesus tog til Orde og sagde til ham: "Hvad vil du, at jeg skal gøre for dig?" Men den blinde sagde til ham: "Rabbuni, at jeg kan blive seende!"
၅၁ယေရှု ကလည်း ၊ သင် ၌ အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
52 Og Jesus sagde til ham: "Gå bort, din Tro har frelst dig." Og straks blev han seende, og han fulgte ham på Vejen.
၅၂အရှင် ဘုရား အကျွန်ုပ်မျက်စိကိုမြင် စေခြင်းငှာ ပြုတော်မူပါဟု လူကန်း လျှောက် လေသော် ၊ ယေရှု က၊ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင့် ကိုကယ်မ ပြီ ဟုမိန့် တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင် ၍ လမ်း ၌ နောက် တော်သို့လိုက်လေ၏။