< Lukas 1 >
1 Efterdi mange have taget sig for at forfatte en Beretning om de Ting, som ere fuldbyrdede iblandt os,
၁အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
2 således som de, der fra Begyndelsen bleve Øjenvidner og Ordets Tjenere, have overleveret os:
၂ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
3 så har også jeg besluttet, efter nøje at have gennemgået alt forfra, at nedskrive det for dig i Orden, mægtigste Theofilus!
၃အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
4 for at du kan erkende Pålideligheden af de Ting, hvorom du er bleven mundtligt undervist.
၄အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
5 I de Dage, da Herodes var Konge i Judæa, var der en Præst af Abias Skifte, ved Navn Sakarias; og han havde en Hustru af Arons Døtre, og hendes Navn var Elisabeth.
၅ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
6 Men de vare begge retfærdige for Gud og vandrede udadlelige i alle Herrens Bud og Forskrifter.
၆ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
7 Og de havde intet Barn, efterdi Elisabeth var ufrugtbar, og de vare begge fremrykkede i Alder.
၇သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
8 Men det skete, medens han efter sit Skiftes Orden gjorde Præstetjeneste for Gud,
၈တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
9 tilfaldt det ham efter Præstetjenestens Sædvane at gå ind i Herrens Tempel og bringe Røgelseofferet.
၉ယဇ်ပုရောဟိတ်တို့၏ထုံးစံအရမဲကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရ၏။-
10 Og hele Folkets Mængde holdt Bøn udenfor i Røgelseofferets Time.
၁၀ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
11 Men en Herrens Engel viste sig for ham, stående ved den højre Side af Røgelsesalteret.
၁၁ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။-
12 Og da Sakarias så ham, forfærdedes han, og Frygt faldt over ham.
၁၂ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
13 Men Engelen sagde til ham: "Frygt ikke, Sakarias! thi din Bøn er hørt, og din Hustru Elisabeth skal føde dig en Søn, og du skal kalde hans Navn Johannes.
၁၃သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
14 Og han skal blive dig til Glæde og Fryd, og mange skulle glædes over hans Fødsel;
၁၄သင်သည်ဝမ်းမြောက်ရွှင်မြူးလိမ့်မည်။ ထိုသား ဖွားမြင်လာသည့်အတွက်လူအများပင် ဝမ်းမြောက်ကြလိမ့်မည်။-
15 thi han skal være stor for Herren. Og Vin og stærk Drik skal han ej drikke, og han skal fyldes med den Helligånd alt fra Moders Liv,
၁၅သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
16 og mange af Israels Børn skal han omvende til Herren deres Gud.
၁၆များစွာသောဣသရေလအမျိုးသားတို့ကို မိမိတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။-
17 Og han skal gå foran for ham i Elias's Ånd og Kraft for at vende Fædres Hjerter til Børn og genstridige til retfærdiges Sind for at berede Herren et velskikket folk."
၁၇ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
18 Og Sakarias sagde til Engelen: "Hvorpå skal jeg kende dette? thi jeg er gammel, og min Hustru er fremrykket i Alder."
၁၈ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
19 Og Engelen svarede og sagde til ham: "Jeg er Gabriel, som står for Guds Åsyn, og jeg er udsendt for at tale til dig og for at forkynde dig dette Glædesbudskab.
၁၉ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
20 Og se, du skal blive stum og ikke kunne tale indtil den Dag, da dette sker, fordi du ikke troede mine Ord, som dog skulle fuldbyrdes i deres Tid,"
၂၀နားထောင်လော့။ သင်သည်ငါ့စကားကိုမယုံ ကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာ သည့်နေ့တိုင်အောင်စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ အချိန်တန်လျှင်ငါ ၏စကားမှန်ကန်လာလိမ့်မည်'' ဟုဆို၏။
21 Og folket biede efter Sakarias, og de undrede sig over, at han tøvede i Templet.
၂၁လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။-
22 Og da han kom ud, kunde han ikke tale til dem, og de forstode, at han havde set et Syn i Templet; og han gjorde Tegn til dem og forblev stum.
၂၂ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
23 Og det skete, da hans Tjenestes Dage vare fuldendte, gik han hjem til sit Hus.
၂၃ထိုနောက်သူ၏တာဝန်ကုန်ဆုံးချိန်၌အိမ်ကို ပြန်လေ၏။-
24 Men efter disse Dage blev hans Hustru Elisabeth frugtsommelig, og hun skjulte sig fem Måneder og sagde:
၂၄ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။-
25 "Således har Herren gjort imod mig i de Dage, da han så til mig for at borttage min Skam iblandt Mennesker:"
၂၅ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
26 Men i den sjette Måned blev Engelen Gabriel sendt fra Gud til en By i Galilæa, som hedder Nazareth,
၂၆ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
27 til en Jomfru, som var trolovet med en Mand ved Navn Josef, af Davids Hus; og Jomfruens Navn var Maria.
၂၇ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
28 Og Engelen kom ind til hende og sagde: "Hil være dig, du benådede, Herren er med dig, du velsignede iblandt Kvinder!"
၂၈သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
29 Men hun blev forfærdet over den Tale, og hun tænkte, hvad dette skulde være for en Hilsen.
၂၉ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။-
30 Og Engelen sagde til hende: "Frygt ikke, Maria! thi du har fundet Nåde hos Gud.
၃၀ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
31 Og se, du skal undfange og føde en Søn, og du skal kalde hans Navn Jesus.
၃၁သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
32 Han skal være stor og kaldes den Højestes Søn; og Gud Herren skal give ham Davids, hans Faders Trone.
၃၂ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
33 Og han skal være Konge over Jakobs Hus evindelig, og der skal ikke være Ende på hans Kongedømme." (aiōn )
၃၃သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။ (aiōn )
34 Men Maria sagde til Engelen: "Hvorledes skal dette gå til, efterdi jeg ikke ved af nogen Mand?"
၃၄မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။
35 Og Engelen svarede og sagde til hende: Den Helligånd skal komme over dig, og den Højestes Kraft skal overskygge dig; derfor skal også det hellige, som fødes, kaldes Guds Søn.
၃၅ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
36 Og se, Elisabeth din Frænke, også hun har undfanget en Søn i sin Alderdom, og denne Måned er den sjette for hende, som kaldes ufrugtbar.
၃၆သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
37 Thi intet vil være umuligt for Gud."
၃၇ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
38 Men Maria sagde: "Se, jeg er Herrens Tjenerinde; mig ske efter dit Ord!" Og Engelen skiltes fra hende.
၃၈မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။
39 Men Maria stod op i de samme Dage og drog skyndsomt til Bjergegnen til en By i Juda.
၃၉များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။-
40 Og hun kom ind i Sakarias's Hus og hilste Elisabeth.
၄၀သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။-
41 Og det skete, da Elisabeth hørte Marias Hilsen, sprang Fosteret i hendes Liv. Og Elisabeth blev fyldt med den Helligånd
၄၁ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊-
42 og råbte med høj Røst og sagde: "Velsignet er du iblandt Kvinder! og velsignet er dit Livs Frugt!
၄၂``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
43 Og hvorledes times dette mig, at min Herres Moder kommer til mig?
၄၃အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
44 Thi se, da din Hilsens Røst nåede mine Øren, sprang Fosteret i mit Liv med Fryd.
၄၄သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
45 Og salig er hun, som troede; thi det skal fuldkommes, hvad der er sagt hende af Herren,"
၄၅ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။
46 Og Maria sagde: "Min Sjæl ophøjer Herren;
၄၆မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
47 og min Ånd fryder sig over Gud, min Frelser;
၄၇ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
48 thi han har set til sin Tjenerindes Ringhed. Thi se, nu herefter skulle alle Slægter prise mig salig,
၄၈ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
49 fordi den mægtige har gjort store Ting imod mig. Og hans Navn er helligt;
၄၉အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
50 og hans Barmhjertighed varer fra Slægt til Slægt over dem, som frygte ham.
၅၀ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
51 Han har øvet Vælde med sin Arm; han har adspredt dem, som ere hovmodige i deres Hjertes Tanke.
၅၁မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
52 Han har nedstødt mægtige fra Troner og ophøjet ringe.
၅၂ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
53 Hungrige har han mættet med gode Gaver, og rige har han sendt tomhændede bort.
၅၃ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
54 Han har taget sig af sin Tjener Israel for at ihukomme Barmhjertighed
၅၄ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
55 imod Abraham og hans Sæd til evig Tid, således som han talte til vore Fædre." (aiōn )
၅၅အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊ အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။ (aiōn )
56 Og Maria blev hos hende omtrent tre Måneder, og hun drog til sit Hjem igen.
၅၆ထိုနောက်မာရိသည်ဧလိရှဗက်ထံတွင်သုံးလ ခန့်နေပြီးနောက်မိမိအိမ်သို့ပြန်လေ၏။
57 Men for Elisabeth fuldkommedes Tiden til, at hun skulde føde, og hun fødte en Søn.
၅၇ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။-
58 Og hendes Naboer og Slægtninge hørte, at Herren havde gjort sin Barmhjertighed stor imod hende, og de glædede sig med hende.
၅၈ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
59 Og det skete på den ottende Dag, da kom de for at omskære Barnet; og de vilde kalde det Sakarias efter Faderens Navn.
၅၉ထိုနောက်ရှစ်ရက်မြောက်သောနေ့၌သူတို့သည် သူငယ်၏အရေဖျားလှီးမင်္ဂလာပွဲသို့လာကြ ၏။ သူ့အားဇာခရိဟူ၍အဖ၏နာမည်ကိုပင် မှည့်လိုကြ၏။-
60 Og hans Moder svarede og sagde: "Nej, han skal kaldes Johannes."
၆၀သို့ရာတွင်သူငယ်၏မိခင်က ``ထိုနာမည်ကို မမှည့်ပါနှင့်။ ယောဟန်ဟုမှည့်ခေါ်ကြပါ'' ဟု ဆို၏။
61 Og de sagde til hende: "Der er ingen i din Slægt, som kaldes med dette Navn."
၆၁လူတို့က ``သင်၏မျိုးရိုးတွင်ယောဟန်ဟု နာမည်တွင်သူတစ်စုံတစ်ယောက်မျှမရှိ'' ဟု ဧလိရှဗက်အားပြန်ပြောကြ၏။-
62 Men de gjorde Tegn til hans Fader om, hvad han vilde, det skulde kaldes.
၆၂ထိုနောက်ဖခင်၏ဆန္ဒကိုလက်ရိပ်ပြ၍စုံစမ်းကြ၏။
63 Og han forlangte en Tavle og skrev disse Ord: "Johannes er hans Navn." Og de undrede sig alle.
၆၃ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။-
64 Men straks oplodes hans Mund og hans Tunge, og han talte og priste Gud.
၆၄ထိုအခါထိုသူအပေါင်းတို့သည်အံ့သြကြ၏။ ချက်ချင်းပင်ဇာခရိပြန်လည်စကားပြောနိုင် သဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း လေ၏။-
65 Og der kom en Frygt over alle, som boede omkring dem, og alt dette rygtedes over hele Judæas Bjergegn.
၆၅အိမ်နီးချင်းအပေါင်းတို့သည်ကြောက်ရွံ့ကြ ကုန်၏။ ဤအဖြစ်အပျက်သတင်းသည်ယုဒ ပြည်တောင်ကုန်းဒေသတစ်လျှောက်လုံးသို့ ပျံ့နှံ့၍သွား၏။-
66 Og alle, som hørte det, lagde sig det på Hjerte og sagde: "Hvad mon der skal blive af dette Barn?" Thi Herrens Hånd var med ham.
၆၆ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။
67 Og Sakarias, hans Fader, blev fyldt med den Helligånd, og han profeterede og sagde:
၆၇ယောဟန်၏အဖဇာခရိသည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝလျက်ဟောသည်မှာ၊
68 "Lovet være Herren, Israels Gud! thi han har besøgt og forløst sit Folk
၆၈``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။
69 og har oprejst os et Frelsens Horn" i sin Tjener Davids Hus,
၆၉ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
70 således som han talte ved sine hellige Profeters Mund fra fordums Tid, (aiōn )
၇၀ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊ (aiōn )
71 en Frelse fra vore Fjender og fra alle deres Hånd, som hade os,
၇၁ကိုယ်တော်သည်ငါတို့အားရန်သူများ၏ လက်မှလည်းကောင်း၊ ငါတို့ကိုမုန်းသောသူအပေါင်းတို့၏ လက်မှလည်းကောင်းကယ်ဆယ်ရန်၊
72 for at gøre Barmhjertighed imod vore Fædre og ihukomme sin hellige Pagt,
၇၂ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
73 den Ed, som han svor vor Fader Abraham, at han vilde give os,
၇၃ငါတို့သည်ဘုရားသခင်၏ရှေ့တော်တွင် တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ကြစေရန်၊ ငါတို့ကိုရန်သူများ၏လက်မှကယ်၍ ကိုယ်တော်၏အမှုတော်ကို၊ ကြောက်ရွံ့ခြင်းကင်းလျက်ဆောင်ရွက်စေမည်ဟု ငါတို့၏ အဖအာဗြဟံအားကျိန်ဆိုတော်မူခဲ့ပြီ။
74 at vi, friede fra vore Fjenders Hånd, skulde tjene ham uden Frygt,
၇၄
75 i Hellighed og Retfærdighed for hans Åsyn, alle vore Dage.
၇၅
76 Men også du, Barnlille! skal kaldes den Højestes Profet; thi du skal gå foran for Herrens Åsyn for at berede hans Veje,
၇၆အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
77 for at give hans Folk Erkendelse af Frelse ved deres Synders Forladelse,
၇၇ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
78 for vor Guds inderlige Barmhjertigheds Skyld, ved hvilken Lyset fra det høje har besøgt os
၇၈ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
79 for at skinne for dem, som sidde i Mørke og i Dødens Skygge, for at lede vore Fødder ind på Fredens Vej,"
၇၉သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။
80 Men Barnet voksede og blev styrket i Ånden; og han var i Ørkenerne indtil den Dag, da han trådte frem for Israel.
၈၀သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။