< Lukas 3 >
1 Men i Kejser Tiberius's femtende Regeringsår, da Pontius Pilatus var Landshøvding i Judæa, og Herodes var Fjerdingsfyrste i Galilæa, og hans Broder Filip var Fjerdingsfyrste i Ituræa og Trakonitis's Land og Lysanias Fjerdingsfyrste i Abilene,
၁ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊
2 medens Annas og Kajfas vare Ypperstepræster, kom Guds Ord til Johannes, Sakarias's Søn, i Ørkenen.
၂အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
3 Og han gik ud i hele Omegnen om Jordan og prædikede Omvendelses-Dåb til Syndernes Forladelse,
၃ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။
4 som der er skrevet i Profeten Esajas's Talers Bog: "Der er en Røst af en, som råber i Ørkenen: Bereder Herrens Vej, gører hans Stier jævne;
၄လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။
5 hver Dal skal opfyldes, og hvert Bjerg og Høj skal nedtrykkes, og det krumme skal gøres lige, og de ujævne Veje skulle gøres jævne;
၅ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။
6 og alt Kød skal se Guds Frelse."
၆လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။
7 Han sagde altså til de Skarer, som gik ud for at døbes af ham: "I Øgleunger! hvem har lært eder at fly fra den kommende Vrede?
၇ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။
8 Bærer da Frugter, som ere Omvendelsen værdige, og begynder ikke at sige ved eder selv: Vi have Abraham til Fader; thi jeg siger eder, at Gud kan opvække Abraham Børn af disse Sten.
၈နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။
9 Men Øksen ligger også allerede ved Roden af Træerne; så bliver da hvert Træ, som ikke bærer god Frugt, omhugget og kastet i Ilden."
၉သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။
10 Og Skarerne spurgte ham og sagde: "Hvad skulle vi da gøre?"
၁၀လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊
11 Men han svarede og sagde til dem: "Den, som har to Kjortler, dele med den, som ingen har; og den, som har Mad, gøre ligeså!"
၁၁ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။
12 Men også Toldere kom for at døbes, og de sagde til ham: "Mester! hvad skulle vi gøre?"
၁၂အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၍ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊
13 Men han sagde til dem: "Kræver intet ud over, hvad eder er forordnet."
၁၃သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ မ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။
14 Men også Krigsfolk spurgte ham og sagde: "Hvad skulle vi da gøre?" Og han sagde til dem: "Øver ikke Vold imod nogen, bruger ikke Underfundighed imod nogen, og lader eder nøje med eders Sold!"
၁၄စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။
15 Men da Folket var i Forventning, og alle tænkte i deres Hjerter om Johannes, om ikke han skulde være Kristus,
၁၅လူ အများ တို့သည် မြော်လင့် ၍ ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊
16 da svarede Johannes og sagde til alle: "Jeg døber eder med Vand; men den kommer, som er stærkere end jeg, og hvis Skotvinge jeg ikke er værdig at løse; han skal døbe eder med den Helligånd og Ild.
၁၆ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
17 Hans Kasteskovl er i hans Hånd, for at han skal gennemrense sin Lo og sanke Hveden i sin Lade, men Avnerne skal han opbrænde med uslukkelig Ild."
၁၇လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။
18 Ligeså formanede han også Folket om mange andre Ting og forkyndte dem Evangeliet.
၁၈အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။
19 Men da Fjerdingsfyrsten Herodes blev revset af ham for hans Broders Hustru, Herodias's Skyld og for alt det onde, som Herodes gjorde,
၁၉ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ၏ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊
20 så føjede han til alt det øvrige også dette, at han kastede Johannes i Fængsel.
၂၀ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။
21 Men medens hele Folket blev døbt, skete det, da også Jesus var bleven døbt og bad, at Himmelen åbnedes,
၂၁လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊
22 og at den Helligånd dalede ned over ham i legemlig Skikkelse som en Due, og at en Røst lød fra Himmelen: "Du er min Søn, den elskede, i dig har jeg Velbehag."
၂၂သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
23 Og Jesus selv var omtrent tredive År, da han begyndte, og han var, som man holdt for, en Søn af Josef Elis Søn,
၂၃ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ ၊
24 Matthats Søn, Levis Søn, Melkis Søn, Jannajs Søn, Josefs Søn,
၂၄ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ် ၊
25 Mattathias's Søn, Amos's Søn, Naums Søn, Eslis Søn, Naggajs Søn,
၂၅ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ ၊
26 Måths Søn, Mattathias's Søn, Semeis Søn, Josefs Søn, Judas Søn,
၂၆ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န ၊
27 Joanans Søn, Resas Søn, Zorobabels Søn; Salathiels Søn, Neris Søn.
၂၇ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊
28 Melkis Søn, Addis Søn, Kosams Søn, Elmadams Søn, Ers Søn,
၂၈အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ ၊
29 Jesu Søn, Eliezers Søn, Jorims Søn, Matthats Søn, Levis Søn,
၂၉ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ ၊
30 Simeons Søn, Judas Søn, Josets Søn, Jonams Søn, Eliakims Søn,
၃၀လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ ၊
31 Meleas Søn, Mennas Søn, Mattathas Søn, Nathans Søn, Davids Søn,
၃၁မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ် ၊
32 Isajs Søn, Obeds Søn, Boos's Søn, Salmons Søn, Nassons Søn,
၃၂ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန် ၊
33 Aminadabs Søn, Arams Søn, Esroms Søn, Fares's Søn, Judas Søn,
၃၃နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ ၊
34 Jakobs Søn, Isaks Søn, Abrahams Søn, Tharas Søn, Nakors Sn,
၃၄ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊
35 Seruks Søn, Ragaus Søn, Faleks Søn, Ebers Søn, Salas Søn,
၃၅နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ ၊
36 Kajnans Søn, Arfaksads Søn, Sems Søn, Noas Søn, Lameks Søn,
၃၆ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊
37 Methusalas Søn, Enoks Søn, Jareds Søn, Maleleels Søn, Kajnans Søn,
၃၇လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊
38 Enos's Søn, Seths Søn, Adams Søn, Guds Søn.
၃၈ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။