< Lukas 18 >
1 Men han talte til dem en Lignelse om, at de burde altid bede og ikke blive trætte,
၁လူ တို့သည် အား မ လျော့ဘဲကြိုးစား ၍ ဆုတောင်း ရ မည်အကြောင်း ကို ဥပမာ စကားအားဖြင့်မိန့် တော်မူသည်ကား၊
2 og sagde: "Der var i en By en Dommer, som ikke frygtede Gud og ikke undså sig for noget Menneske.
၂မြို့ တစ် မြို့၌ ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သော တရားသူကြီး တစ် ယောက်ရှိ ၏။
3 Og der var en Enke i den By, og hun kom til ham og sagde: Skaf mig Ret over min Modpart!
၃ထို မြို့ ၌ နေ သော မုတ်ဆိုးမ တစ်ယောက်သည် တရားသူကြီး ထံသို့ သွား ၍ ၊ ကျွန်မ ရန်ဘက် ကို လက်စားချေ လောက်အောင်အပြစ်အလျောက် ဒဏ် စီရင်ပါဟု တောင်းပန် သော်လည်း၊
4 Og længe vilde han ikke. Men derefter sagde han ved sig selv: Om jeg end ikke frygter Gud, ej heller undser mig for noget Menneske,
၄တရား မ စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သောသူ ဖြစ် သော်လည်း ၊
5 så vil jeg dog, efterdi denne Enke volder mig Besvær, skaffe Hende Ret, for at hun ikke uophørligt skal komme og plage mig."
၅ဤ မုတ်ဆိုးမ သည် ငါ့ ကိုနှောင့်ရှက် သောကြောင့် သူ့ ဘက်၌ တရားစီရင် မည်။ သို့မဟုတ် အစဉ် လာ ၍ ငါ့ ကို ပင်ပန်း စေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
6 Men Herren sagde: "Hører, hvad den uretfærdige Dommer siger!
၆မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။
7 Skulde da Gud ikke skaffe sine udvalgte Ret, de, som råbe til ham Dag og Nat? og er han ikke langmodig, når det gælder dem?
၇ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။
8 Jeg siger eder, han skal skaffe dem Ret i Hast. Men mon Menneskesønnen, når han kommer, vil finde Troen på Jorden?"
၈ငါ ဆိုသည်ကား ၊ သူ တို့ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။ သို့သော်လည်း လူ သား သည် ကြွလာ သောအခါ ယုံကြည် ခြင်းကို မြေကြီး ပေါ်မှာ တွေ့ မည်လော ဟု သခင်ဘုရားသည် မိန့် တော်မူ၏။
9 Men han sagde også til nogle, som stolede på sig selv, at de vare retfærdige, og foragtede de andre, denne Lignelse:
၉ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊
10 "Der gik to Mænd op til Helligdommen for at bede; den ene var en Farisæer, og den anden en Tolder.
၁၀လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။
11 Farisæeren stod og bad ved sig selv således: Gud! Jeg takker dig, fordi jeg ikke er som de andre Mennesker, Røvere, uretfærdige, Horkarle, eller også som denne Tolder.
၁၁ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
12 Jeg faster to Gange om Ugen, jeg giver Tiende af al min indtægt.
၁၂အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ် ရက်အစာရှောင် ပါ၏။ ဥစ္စာရှိသမျှ တို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ဆုတောင်း ပဌနာပြု၏။
13 Men Tolderen stod langt borte og vilde end ikke opløfte Øjnene til Himmelen, men slog sig for sit Bryst og sagde: Gud, vær mig Synder nådig!
၁၃အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
14 Jeg siger eder: Denne gik retfærdiggjort hjem til sit Hus fremfor den anden; thi enhver, som Ophøjer sig selv, skal fornedres; men den, som fornedrer sig selv, skal ophøjes."
၁၄ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။
15 Men de bare også de små Børn til ham, for at han skulde røre ved dem; men da Disciplene så det, truede de dem.
၁၅ထိုအခါ သူငယ် တို့ကို လက်တော်နှင့်တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ကို တပည့် တော်တို့သည် မြင် လျှင် အပြစ်တင် ကြ၏။
16 Men Jesus kaldte dem til sig og sagde: "Lader de små Børn komme til mig, og formener dem det ikke; thi Guds Rige hører sådanne til.
၁၆ယေရှု သည် ထိုသူငယ် တို့ကို ခေါ် တော်မူ၍ ငါ့ ထံသို့ လာ ပါလေစေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏ နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် ၏။
17 Sandelig, siger jeg eder, den, som ikke modtager Guds Rige ligesom et lille Barn, han skal ingenlunde komme ind i det."
၁၇ငါ အမှန် ဆိုသည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံ မယူ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူ၏။
18 Og en af de Øverste spurgte ham og sagde: "Gode Mester! hvad skal jeg gøre, for at jeg kan arve et evigt Liv?" (aiōnios )
၁၈အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊ (aiōnios )
19 Men Jesus sagde til ham: "Hvorfor kalder du mig god? Ingen er god uden een, nemlig Gud.
၁၉ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။
20 Du kender Budene: Du må ikke bedrive Hor; du må ikke slå ihjel; du må ikke stjæle; du må ikke sige falsk Vidnesbyrd; Ær din Fader og din Moder."
၂၀သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင် ၊
21 Men han sagde: "Det har jeg holdt alt sammen fra min Ungdom af."
၂၁အရှင်ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို ငယ် သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက် ပါပြီဟု လျှောက် ပြန်သည်ကို ယေရှု သည်ကြား လျှင် သင် သည် တစ်ခု လို သေး ၏။
22 Men da Jesus hørte det, sagde han til ham: "Endnu een Ting fattes dig: Sælg alt, hvad du har, og uddel det til fattige, så skal du have en Skat i Himmelen; og kom så og følg mig!"
၂၂ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
23 Men da han hørte dette, blev han dybt bedrøvet; thi han var såre rig.
၂၃ထိုသူသည် များစွာ သောဥစ္စာ ကို ရတတ်သောသူဖြစ် ၍ ၊ ထို စကားကိုကြား လျှင် အလွန်စိတ်မသာ သည် နှင့် သွား လေ၏။
24 Men da Jesus så, at han blev dybt bedrøvet, sagde han: "Hvor vanskeligt komme de, som have Rigdom, ind i Guds Rige!
၂၄ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။
25 thi det er lettere for en Kamel at gå igennem et Nåleøje end for en rig at gå ind i Guds Rige."
၂၅ကုလားအုပ် သည် အပ် နဖား ကို လျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု မိန့် တော်မူ၏။
26 Men de, som hørte det, sagde: "Hvem kan da blive frelst?"
၂၆ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
27 Men han sagde: "Hvad der er umuligt for Mennesker, det er muligt for Gud."
၂၇ကိုယ်တော်ကလည်း ၊ လူ မ တတ်နိုင်သောအမှု ကို ဘုရားသခင် တတ်နိုင်တော်မူ သည် ဟု မိန့် တော်မူ၏။
28 Men Peter sagde: "Se, vi have forladt vort eget og fulgt dig."
၂၈ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီဟု လျှောက် လေသော်၊
29 Men han sagde til dem: "Sandelig, siger jeg eder, der er ingen, som har forladt Hus eller Forældre eller Brødre eller Hustru eller Børn for Guds Riges Skyld,
၂၉ကိုယ်တော် က၊ ငါ အမှန် ဆိုသည်ကား ၊ အကြင်သူ သည် ဘုရားသခင် ၏ နိုင်ငံ တော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သား မယား တည်းဟူသောတစ်ပါးပါးကို စွန့် ၏။
30 uden at han skal få det mange Fold igen i denne Tid og i den kommende Verden et evigt Liv." (aiōn , aiōnios )
၃၀ထိုသူ သည် ယခု ကာလ ၌ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။ (aiōn , aiōnios )
31 Men han tog de tolv til sig og sagde til dem: "Se, vi drage op til Jerusalem, og alle de Ting, som ere skrevne ved Profeterne, skulle fuldbyrdes på Menneskesønnen.
၃၁ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
32 Thi han skal overgives til Hedningerne og spottes, forhånes og bespyttes,
၃၂တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။
33 og de skulle hudstryge og ihjelslå ham; og på den tredje Dag skal han opstå."
၃၃သူတို့သည် လူသား ကို ရိုက်ပုတ် ၍ သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
34 Og de fattede intet deraf, og dette Ord var skjult for dem, og de forstode ikke det, som blev sagt.
၃၄ထို စကားတော်တစ်ခွန်း ကိုမျှ တပည့် တော်တို့သည်နား မလည်ကြ။ ထို အကြောင်း အရာသည် ဝှက်ထား လျက် ရှိ သည်ဖြစ်၍ မိန့် တော်မူချက်အနက် ကို မ ရိပ်မိ ကြ။
35 Men det skete, da han nærmede sig til Jeriko, sad der en blind ved Vejen og tiggede.
၃၅ယေရိခေါ မြို့အနီး ၌ ရှိတော်မူစဉ် တွင်၊ လူကန်း တစ် ယောက်သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ၏။
36 Og da han hørte en Skare gå forbi, spurgte han, hvad dette var.
၃၆ထို လူကန်းသည် လမ်း၌ လူ များသွား သံကို ကြား လျှင် အဘယ်သို့ ဖြစ် သနည်းဟုမေး ၏။
37 Men de fortalte ham, at Jesus af Nazareth kom forbi.
၃၇နာဇရက် မြို့သားယေရှု ကြွသွား ကြောင်း ကို သူတစ်ပါးပြော လျှင် ၊
38 Og han råbte og sagde:"Jesus, du Davids Søn, forbarm dig over mig!"
၃၈ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
39 Og de, som gik foran, truede ham, for at han skulde tie; men han råbte meget stærkere: "Du Davids Søn, forbarm dig over mig!"
၃၉ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ ရှေ့ တော်၌ သွားသောသူ တို့သည်ငေါက် ၍ ဆိုကြသော်လည်း၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြလေ၏။
40 Og Jesus stod stille og bød, at han skulde føres til ham; men da han kom nær til ham, spurgte han ham og sagde:
၄၀ယေရှု သည်လည်းရပ် တော်မူလျက်၊ ထိုသူ ကို ခေါ် ခဲ့ဟု အမိန့် တော်ရှိ၏။ လူကန်း သည် အထံ တော်သို့ ချဉ်းကပ် ပြီးမှ ၊ သင် ၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
41 "Hvad vil du, at jeg skal gøre for dig?" Men han sagde: "Herre! at jeg må blive seende."
၄၁သခင် ၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက် လေသော်၊
42 Og Jesus sagde til ham: "Bliv seende! din Tro har frelst dig."
၄၂ယေရှု က၊ မျက်စိမြင် စေ။ သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်မ ပြီ ဟုမိန့် တော်မူ၏။
43 Og straks blev han seende, og han fulgte ham og priste Gud; og hele Folket lovpriste Gud, da de så det.
၄၃ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။