< Dommer 2 >
1 HERRENs Engel drog fra Gilgal op til Betel. Og han sagde: "Jeg førte eder op fra Ægypten og bragte eder ind i det Land, jeg tilsvor eders Fædre. Og jeg sagde: Jeg vil i Evighed ikke bryde min Pagt med eder!
၁ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
2 Men I må ikke slutte Pagt med dette Lands Indbyggere; deres Altre skal I bryde ned! Men t adlød ikke min Røst! Hvad har I dog gjort!
၂သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-
3 Derfor siger jeg nu: Jeg vil ikke drive dem bort foran eder, men de skal blive Brodde i eders Sider, og deres Guder skal blive eder en Snare!"
၃သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။-
4 Da HERRENs Engel talede disse Ord til alle Israelitterne, brast Folket i Gråd.
၄ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။-
5 Derfor kaldte man Stedet Bokim. Og de ofrede til HERREN der.
၅ထို့ကြောင့်ဤအရပ်ကိုဗောခိမ်မြို့ဟုခေါ်ဝေါ် သမုတ်သတည်း။ သူတို့သည်ထိုအရပ်တွင် ထာဝရဘုရားအားယဇ်ပူဇော်ကြ၏။
6 Da Josua havde ladet Folket fare, drog Israelitterne hver til sin Arvelod for at tage Landet i Besiddelse.
၆ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။-
7 Og Folket dyrkede HERREN, så længe Josua levede, og så længe de Ældste var i Live, som overlevede Josua og havde set hele det Storværk, HERREN havde øvet for Israel.
၇ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။-
8 Og Josua, Nuns Søn, HERRENs Tjener, døde, 110 År gammel;
၈ထာဝရဘုရား၏အစေခံ၊ နုန်၏သား ယောရှုသည်အသက်တစ်ရာ့တစ်ဆယ်ရှိ သော်ကွယ်လွန်လေသည်။-
9 og de jordede ham på hans Arvelod i Timnat-Heres i Efraims Bjerge norden for Bjerget Ga'asj.
၉သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။-
10 Men også hele hin Slægt samledes til sine Fædre, og efter dem kom en anden Slægt, som hverken kendte HERREN eller det Værk, han havde øvet for Israel.
၁၀ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
11 Da gjorde Israelitterne, hvad der var ondt i HERRENs Øjne, og dyrkede Ba'alerne;
၁၁ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
12 de forlod HERREN, deres Fædres Gud, som havde ført dem ud af Ægypten, og holdt sig til andre Guder, de omboende Folks Guder, og tilbad dem og krænkede HERREN.
၁၂သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
13 De forlod HERREN og dyrkede Ba'al og Astarte.
၁၃သူတို့သည်ထာဝရဘုရားအားကိုးကွယ်မှု ကိုစွန့်၍ ဗာလဘုရားများနှင့်အာရှတရက် ဘုရားများကိုရှိခိုးကြ၏။-
14 Da blussede HERRENs Vrede op imod Israel, og han gav dem i Røveres Hånd, så de udplyndrede dem. Han gav dem til Pris for de omboende Fjender, så de ikke længer kunde holde Stand mod deres Fjender.
၁၄သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
15 Hvor som helst de rykkede frem, var HERRENs Hånd imod dem og voldte dem Ulykke, som HERREN havde sagt og tilsvoret dem. Således bragte han dem i stor Vånde. Men når de så råbte til HERREN,
၁၅သူတို့တိုက်ပွဲဝင်သည့်အခါတိုင်းကိုယ်တော် သည် မိမိမိန့်မြွက်တော်မူခဲ့သည်အတိုင်းသူ တို့အားအရေးနိမ့်စေတော်မူသဖြင့် သူ တို့သည်အတိဒုက္ခရောက်ရကြလေသည်။
16 lod han Dommere fremstå, og de frelste dem fra deres Hånd, som udplyndrede dem.
၁၆ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
17 Dog heller ikke deres Dommere adlød de, men bolede med andre Guder og tilbad dem. Hurtig veg de bort fra den Vej, deres Fædre havde vandret på i Lydighed mod HERRENs Bud; de slægtede dem ikke på.
၁၇သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-
18 Men hver Gang HERREN lod Dommere fremstå iblandt dem, var HERREN med Dommeren og frelste dem fra deres Fjenders Hånd, så længe Dommeren levede; thi HERREN ynkedes, når de jamrede sig over dem, som trængte og undertrykte dem.
၁၈ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
19 Men så snart Dommeren var død, handlede de atter ilde, ja endnu værre end deres Fædre, idet de holdt sig til andre Guder og dyrkede og tilbad dem. De holdt ikke op med deres onde Gerninger og genstridige Færd.
၁၉သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
20 Da blussede HERRENs Vrede op mod Israel, og han sagde: "Efterdi dette Folk har overtrådt min Pagt, som jeg pålagde deres Fædre, og ikke adlydt min Røst,
၂၀ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။-
21 vil jeg heller ikke mere bortdrive foran dem et eneste af de Folk, som Josua lod tilbage ved sin Død,
၂၁ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။-
22 for at jeg ved dem kan sætte Israel på Prøve, om de omhyggeligt vil følge HERRENs Veje, som deres Fædre gjorde, eller ej."
၂၂ဤဣသရေလအမျိုးသားတို့သည် ငါ၏ လမ်းစဉ်ကိုသူတို့ဘိုးဘေးများလိုက်လျှောက် ခဲ့ကြသကဲ့သို့ လိုက်လျှောက်မည်မလိုက်လျှောက် မည်ကိုသိရှိစေရန် ငါသည်ဤပြည်ရှိလူမျိုး တို့ကိုအသုံးပြုမည်'' ဟုမိန့်တော်မူ၏။-
23 HERREN lod da disse Folkeslag blive og hastede ikke med at drive dem bort; han gav dem ikke i Josuas Hånd.
၂၃သို့ဖြစ်၍ထာဝရဘုရားသည်ထိုလူမျိုး တို့အား ထိုပြည်၌ပင်ဆက်လက်နေထိုင်ခွင့်ပြု တော်မူ၏။ ကိုယ်တော်သည်ယောရှုအားထိုသူ တို့အပေါ်၌အောင်ပွဲခံခွင့်ပေးတော်မမူ။ ယောရှုကွယ်လွန်ပြီးသောအခါ၌လည်းသူ တို့အားအဆောတလျင်နှင်ထုတ်ခြင်းကို ပြုတော်မမူ။