< Josua 7 >
1 Men Israeliterne forgreb sig på det bandlyste, idet Akan, en Søn af Karmi en Søn af Zabdi, en Søn af Zera, af Judas Stamme, tilvendte sig noget af det bandlyste. Da blussede HERRENs Vrede op mod Israeliterne.
၁သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
2 Derpå sendte Josua nogle Mænd fra Jeriko til Aj, som ligger ved Bet Aven, østen for Betel, og sagde til dem: "Drag op og udspejd Egnen!" Og Mændene drog op og udspejdede Aj.
၂ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
3 Da de kom tilbage til Josua, sagde de til ham: "Lad ikke hele Folket drage derop; lad en to-tre Tusind Mand drage op og indtage Aj; du behøver ikke at umage hele Folket med at drage derop, thi de er få!"
၃ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
4 Så drog henved 3000 Mand af Folket derop; men de blev slået på Flugt af Ajjiterne,
၄လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
5 og Ajjiterne dræbte seks og tredive Mand eller så af dem; de forfulgte dem uden for Porten indtil Stenbruddene og huggede dem ned på Skråningen. Da sank Folkets Mod og blev til Vand.
၅အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
6 Men Josua og Israels Ældste sønderrev deres Klæder og faldt på deres Ansigt på Jorden foran HERRENs Ark og blev liggende til Aften og kastede Støv på deres Hoveder.
၆ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7 Og Josua sagde: "Ak, Herre, HERRE! Hvorfor lod du dette Folk gå over Jordan, når du vilde give os i Amoriternes Hånd og lade os gå til Grunde? Havde vi dog blot besluttet os til at blive hinsides Jordan!
၇ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
8 Ak, Herre! Hvad skal jeg sige, nu Israel har måttet tage Flugten for sine Fjender?
၈အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
9 Når Kana'anæerne og alle Landets Indbyggere hører det, falder de over os fra alle Sider og udsletter vort Navn af Jorden; hvad vil du da gøre for dit store Navns Skyld?"
၉ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10 Da sagde HERREN til Josua: "Stå op! Hvorfor ligger du på dit Ansigt?
၁၀ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
11 Israel har syndet, thi de har forbrudt sig imod min Pagt, som jeg pålagde dem; de har tilvendt sig noget af det bandlyste, de har stjålet; de har skjult det, de har gemt det i deres Oppakning.
၁၁ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
12 Derfor kan Israeliterne ikke holde Stand over for deres Fjender, men må flygte for dem; thi de er hjemfaldne til Band! Jeg vil ikke mere være med eder, hvis I ikke bortrydder Bandet af eders Midte.
၁၂ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
13 Stå derfor op, lad Folket hellige sig og sig: Helliger eder til i Morgen, thi så siger HERREN, Israels Gud: Der er Band i din Midte, Israel; og du kan ikke holde Stand over for dine Fjender, før I skaffer Bandet bort fra eder!
၁၃ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။
14 I Morgen skal I træde frem Stamme for Stamme, og den Stamme, HERREN rammer, skal træde frem Slægt for Slægt, og den Slægt, HERREN rammer, skal træde frem Familie for Familie, og den Familie, HERREN rammer, skal træde frem Mand for Mand.
၁၄နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည်။
15 Den, som da rammes, fordi han har det bandlyste Gods, skal brændes tillige med alt, hvad der tilhører ham; thi han har brudt HERRENs Pagt og begået en Skændselsdåd i Israel!"
၁၅ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူ ကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ၏။
16 Tidligt næste Morgen lod Josua Israel træde frem Stamme for Stamme, og da blev Judas Stamme ramt.
၁၆နံနက်စောစော ယောရှုသည် ထ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ၏။
17 Derpå lod han Judas Slægter træde frem, og Zeraiternes Slægt blev ramt. Derpå lod han Zeraiternes Slægt træde frem Familie for Familie, og Zabdi blev ramt.
၁၇ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။
18 Derpå lod han dennes Familie træde frem Mand for Mand, og da blev Akan ramt, en Søn af Harmi, en Søn af Zabdi, en Søn af Zera, af Judas Stamme.
၁၈ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။
19 Da sagde Josua til Akan: "Min Søn, giv HERREN, Israels Gud, Ære og Pris, og fortæl mig, hvad du har gjort, skjul ikke noget for mig!"
၁၉ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထား ပါနှင့်ဟု အာခန်အားဆိုလျှင်၊
20 Akan svarede Josua: "Ja, det er mig, som har syndet mod HERREN, Israels Gud. Således gjorde jeg:
၂၀အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား၊
21 Jeg så imellem Byttet en prægtig babylonisk Kappe, 200 Sekel Sølv og en Guldtunge på halvtredsindstyve Sekel; det fik jeg Lyst til, og jeg tog det; se, det ligger nedgravet i Jorden midt i mit Telt, Sølvet nederst."
၂၁လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။
22 Da sendte Josua nogle Folk hen, og de skyndte sig til Teltet, og se, det var gemt i hans Telt, Sølvet nederst;
၂၂ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး၍ ထိုဥစ္စာသည် တဲအတွင်း မြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
23 og de tog det ud af Teltet og bragte det til Josua og alle Israeliterne og lagde det hen foran HERREN.
၂၃တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့ တော်၌ ထားကြ၏။
24 Men Josua tog sammen med hele Israel Akan, Zeras Søn, og Sølvet, Kappen og Guldtungen og hans Sønner og Døtre, hans Hornkvæg, Æsler og Småkvæg, hans Telt og alt, hvad der tilhørte ham, og førte dem op i Akors dal.
၂၄ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊
25 Og Josua sagde: "Hvorfor har du styrtet os i Ulykke? HERREN skal styrte dig i Ulykke på denne Dag!" Derpå stenede hele Israel ham, og de brændte eller stenede dem.
၂၅ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့်၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ၊ မီးရှို့ကြ၏။
26 Og de opkastede en stor Stendysse over ham, som står der den Dag i Dag. Da lagde HERRENs heftige Vrede sig. Derfor fik Stedet Navnet Akors Dal, som det hedder den Dag i Dag.
၂၆သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထား ကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲ ပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း။