< Jeremias 7 >
1 Det Ord som kom til Jeremias fra Herren
၁ထာဝရဘုရားသည်ယေရမိအားဗိမာန် တော်၏ဝင်းတံခါးသို့စေလွှတ်တော်မူ၍ ထိုဝင်းတံခါးအနီးတွင်ရပ်လျက်ဤ သို့ကြေညာစေ၏။-
2 Stå hen i Porten til HERRENs Hus og udråb dette Ord: Hør HERRENs Ord, hele Juda, I, som går ind gennem disse Porte for at tilbede HERREN!
၂ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန် ဤတံခါးမှဝင်ရောက်လာကြသည့်၊ အို ယုဒ ပြည်သူတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။-
3 Så siger Hærskarers HERRE, Israels Gud: Bedrer eders Veje og eders Gerninger, så vil jeg lade eder bo på dette Sted.
၃ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောအနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သင်တို့အား ဤအရပ်တွင်ဆက်လက် နေထိုင်ခွင့်ပြုနိုင်ရန်သင်တို့သည် မိမိတို့နေ ထိုင်မှုနှင့်အပြုအမူတို့ကိုပြုပြင်ပြောင်း လဲစေကြလော့။-
4 Stol ikke på den Løgnetale: Her er HERRENs Tempel, HERRENs Tempel, HERRENs Tempel!
၄`ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
5 Men bedrer eders Veje og eders Gerninger! Dersom I virkelig øver Ret Mand og Mand imellem,
၅``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။-
6 ikke undertrykker den fremmede, den faderløse og Enken, ej heller udgyder uskyldigt Blod på dette Sted, ej heller til egen Skade holder eder til fremmede Guder,
၆တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။-
7 så vil jeg til evige Tider lade eder bo på dette Sted i det Land, jeg gav eders Fædre.
၇ဤသို့ပြုပြင်ပြောင်းလဲပါမူငါသည်သင် တို့ဘိုးဘေးများအား အပိုင်ပေးအပ်ခဲ့ သည့်ပြည်တော်တွင်သင်တို့ကိုဆက်လက် ၍ထာဝရနေထိုင်ခွင့်ပြုတော်မူမည်။
8 Se, I stoler på Løgnetale, som intet båder.
၈``ကြည့်လော့။ သင်တို့သည်လိမ်လည်လှည့် ဖြား၍တန်ဖိုးမရှိသောစကားများကို ယုံကြည်အားကိုးကြ၏။-
9 Stjæle, slå ihjel, hore, sværge falsk, tænde Offerild for Ba'al, holde eder til fremmede Guder, som I ikke kender til
၉သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။-
10 og så kommer I og står for mit Åsyn i dette Hus, som mit Navn nævnes over, og siger: "Vi er frelst!" for at gøre alle disse Vederstyggeligheder.
၁၀သင်တို့သည်ငါစက်ဆုတ်သည့်အမှုများကို ပြုကျင့်ကာငါ၏ဗိမာန်တော်သို့လာ၍ ငါ့ ရှေ့မှောက်၌ရပ်ပြီးလျှင်`ငါတို့သည်ဘေး ကင်းကြပြီ၊ ဤရွံရှာဖွယ်ကောင်းသော အရာတို့ကိုလုပ်နိုင်ကြပြီ' ဟုဆိုကြ၏။-
11 Holder I dette Hus, som mit Navn nævnes over, for en Røverkule? Men se, også jeg har Øjne, lyder det fra HERREN.
၁၁ငါ၏နာမကိုဆောင်သောဗိမာန်တော်ကို ဋ္ဌားပြများပုန်းအောင်းရာအရပ်ဟုသင် တို့ထင်မှတ်သလော။ သင်တို့ပြုသည့်အမှု တို့ကိုငါမြင်တော်မူပြီဟုထာဝရ ဘုရားမိန့်တော်မူ၏။-
12 Gå dog hen til mit hellige Sted i Silo, hvor jeg først stadfæstede mit Navn, og se, hvad jeg gjorde ved det for mit Folk Israels Ondskabs Skyld.
၁၂``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-
13 Og nu, fordi I øver alle disse Gerninger, lyder det fra HERREN, og fordi I ikke vilde høre, når jeg årle og silde talede til eder, eller svare, når jeg kaldte på eder,
၁၃သင်တို့သည်အထက်ကငါဖော်ပြခဲ့သည့် အပြစ်အပေါင်းကိုကူးလွန်ကြလေပြီ။ အကြိမ်ကြိမ်အဖန်ဖန်ငါပြောသော်လည်း သင်တို့နားမထောင်ကြ။ သင်တို့အားငါ ခေါ်သောအခါ၌မထူးကြ။-
14 derfor vil jeg gøre med Huset, som mit Navn nævnes over, og som I stoler på, og med Stedet, jeg gav eder og eders Fædre, ligesom jeg gjorde med Silo;
၁၄သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
15 og jeg vil støde eder bort fra mit Åsyn, som jeg stødte alle eders Brødre bort, al Efraims Æt.
၁၅ငါသည်သင်တို့၏ဆွေမျိုးဖြစ်သည့်ဧဖရိမ် ပြည်သားတို့အား ငါ့ရှေ့မှောက်မှနှင်ထုတ် သကဲ့သို့သင်တို့အားနှင်ထုတ်မည်'' ဟု ထာဝရဘုရားမိန့်တော်မူခဲ့၏။
16 Men du må ikke gå i Forbøn for dette Folk eller frembære klage og Bøn eller trænge ind på mig for dem, thi jeg hører dig ikke.
၁၆``အချင်းယေရမိ၊ ဤလူတို့အဖို့ဆုတောင်း ပတ္ထနာမပြုနှင့်။ သူတို့အတွက်တောင်းပန်မှု ကိုသော်လည်းကောင်း၊ အသနားခံမှုကို သော်လည်းကောင်းမပြုနှင့်။ ငါသည်သင် ၏စကားကိုနားထောင်လိမ့်မည်မဟုတ် သဖြင့်ငါ့အားမလျှောက်မလဲနှင့်။-
17 Ser du ikke, hvad de har for i Judas Byer og på Jerusalems Gader?,
၁၇ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ သူတို့ပြုကျင့်လျက်ရှိသောအမှုတို့ကို သင်မမြင်သလော။-
18 Børnene sanker Brænde, Fædrene tænder Ild, og Kvinderne ælter Dejg for at bage Offerkager til Himmelens Dronning og udgyde Drikofre for fremmede Guder og og krænke mig.
၁၈ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
19 Mon det er mig, de krænker, lyder det fra HERREN, mon ikke sig selv til deres Ansigters Skam?
၁၉သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။-
20 Derfor, så siger den Herre HERREN: Se, min Vrede og Harme udgyder sig over dette Sted, over Folk og Fæ, over Markens Træer og Jordens Frugt, og den skal brænde uden at slukkes.
၂၀သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
21 Så siger Hærskarers HERRE, Israels Gud: Læg eders Brændofre til eders Slagtofre og æd Kød!
၂၁ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။-
22 Thi dengang jeg førte eders Fædre ud af Ægypten, talede jeg ikke til dem eller bød dem noget om Brændoffer og Slagtoffer;
၂၂သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။-
23 men dette bød jeg dem: "I skal høre min Røst, så vil jeg være eders Gud, og I skal være mit Folk; og I skal gå på alle de Veje, jeg byder eder, at det må gå eder vel."
၂၃သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
24 Men de hørte ikke og lånte ikke Øre; de fulgte deres onde Hjertes Stivsind og gik tilbage, ikke fremad.
၂၄သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
25 Fra den Dag eders Fædre drog ud af Ægypten, og til i Dag har jeg Dag efter Dag, årle og silde sendt eder alle mine Tjenere Profeterne;
၂၅အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။-
26 men de hørte ikke og lånte ikke Øre; de gjorde Nakken stiv og øvede mere ondt end deres Fædre.
၂၆သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
27 Når du siger dem alle disse Ord, hører de dig ikke, og kalder du på dem, svarer de dig ikke.
၂၇``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
28 Sig så til dem: Det er det Folk, som ej hørte HERREN deres Guds Røst, det, som ej tog ved Lære; Sandhed er svundet, udryddet af deres Mund.
၂၈သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။
29 Afklip dit Hår, kast det bort og klag på de nøgne Høje! Thi HERREN har forkastet og bortstødt den Slægt, han var vred på.
၂၉``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။ ငါထာဝရဘုရားသည်မိမိအမျက်တော် ရှသည့် လူမျိုးတော်အားပစ်ပယ်စွန့်လွှတ်လိုက်ပြီ ဖြစ်၍ သင်တို့သည်တောင်ထိပ်များပေါ်တွင်အသုဘ သီချင်းကိုဆိုကြလော့။
30 Thi Judas Sønner har gjort, hvad der er ondt i mine Øjne, lyder det fra HERREN; de har opstillet deres væmmelige Guder i Huset, som mit Navn nævnes over, for at gøre det urent;
၃၀ထာဝရဘုရားက``ယုဒပြည်သူတို့သည် ဒုစရိုက်ကိုပြုကျင့်ကြလေပြီ။ သူတို့သည် ငါစက်ဆုတ်သည့်ရုပ်တုများဖြင့် ငါ့နာမ တော်ကိုဆောင်သောအိမ်တော်ထဲသို့ယူဆောင် လာ၍ညစ်ညမ်းစေလေပြီ။-
31 de har bygget Tofets Offerhøje i Hinnoms Søns Dal for at brænde deres Sønner og Døtre i Ilden, hvad jeg ikke har påbudt, og hvad aldrig var i min Tanke.
၃၁သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။-
32 Se, derfor skal Dage komme, lyder det fra HERREN, da man ikke mere skal sige Tofet og Hinnoms Søns Dal, men Morddalen, og man skal jorde de døde i Tofet, fordi Pladsen ikke slår til.
၃၂သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။-
33 Og dette Folks Lig skal blive Himmelens Fugle og Jordens Dyr til Æde, og ingen skal skræmme dem bort.
၃၃လူသေအလောင်းတို့သည်ငှက်များနှင့်တော သားရဲတို့၏အစာဖြစ်ကြလိမ့်မည်။ ထို တိရစ္ဆာန်များအားခြောက်လှန့်နှင်ထုတ်မည့် သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။-
34 Og i Judas Byer og på Jerusalems Gader gør jeg Ende på Fryderåb og Glædesråb, Brudgoms Røst og Bruds Røst, thi Landet skal lægges øde.
၃၄ငါသည်ယုဒမြို့များနှင့်ယေရုရှလင်လမ်း များတွင်မင်္ဂလာဆောင်ခဲ့၏။ ရွှင်လန်းဝမ်း မြောက်သံများကိုဆိတ်သုဉ်းစေမည်။ ထို ဒေသသည်လူသူကင်းမဲ့လိမ့်မည်။