< Hoseas 5 >
1 Hører dette, I Præster, lyt til du Israels hus, lån Øre, du Kongehus, thi eder gælder Dommen. Thi I blev en Snare for Mizpa, et Garn bredt ud over Tabor,
၁``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
2 en dyb Faldgrube i Sjittim; men jeg er en Lænke for alle.
၂အကာရှာမြို့တွင်တူးထားသောကျင်း နက်ဖြစ်ကြပြီ။ ထို့ကြောင့်ငါသည်သင် တို့အားလုံးကိုဒဏ်ခတ်မည်။-
3 Efraim kender jeg, ej skjult er Israel for mig; thi du har bolet, Efraim, uren er Israel blevet.
၃ငါသည်ဣသရေလအမျိုးသားတို့၏ အကြောင်းကိုသိသဖြင့် သူတို့၏ဒုစရိုက် ကိုဖုံးကွယ်၍မရနိုင်၊ သူတို့သည်ငါ့အား သစ္စာဖောက်သဖြင့် ငါနှင့်မထိုက်တန်တော့ ပြီ'' ဟုမိန့်တော်မူ၏။
4 Deres Gerninger tillader ikke, at de vender sig til deres Gud; thi Horeånd har de i sig, HERREN kender de ej.
၄``သူတို့သည်ဒုစရိုက်ကိုပြုသောကြောင့် သူတို့၏ဘုရားသခင်ထံသို့ပြန်၍မလာ နိုင်ကြ။ သူတို့သည်ရုပ်တုကိုးကွယ်ခြင်း ကိုစွဲလန်းကြသဖြင့် ထာဝရဘုရား ကိုမသိကြ။-
5 Mod Israel vidner dets Hovmod; Efraim styrter for sin Brøde, med dem skal og Juda styrte.
၅ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။ သူတို့သည် မိမိတို့ ၏အပြစ်ကြောင့်ပြိုလဲကြ၏။ ယုဒပြည် သားတို့သည်လည်းသူတို့နှင့်အတူ ပြိုလဲကြ၏။-
6 Da går de med Småkvæg og Hornkvæg hen for at søge HERREN; men ham skal de ikke finde, thi bort fra dem vil han vige.
၆သူတို့၏သိုးနွားများကိုထာဝရဘုရား အားယဇ်ပူဇော်ရန်ယူဆောင်ခဲ့ကြသော် လည်းအကျိုးမရှိ၊ ကိုယ်တော်သည်သူတို့ ကိုစွန့်ပစ်သွားပြီဖြစ်၍သူတို့သည် ကိုယ်တော်ကိုမတွေ့နိုင်ကြ။-
7 Troløse var de mod HERREN, thi uægte Børn har de født; nu vil han opsluge dem, Plovmand sammen med Mark.
၇သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။''
8 Lad Hornet gjalde i Gibea, Trompeten i Rama, opløft Råb i Bet-Aven, Benjamin, var dig!
၈``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
9 Til Ørk skal Efraim blive på Straffens Dag. Jeg kundgør om Israels Stammer, hvad sikkert skal ske.
၉အပြစ်ဒဏ်စီရင်ရာနေ့ရောက်လာပြီဖြစ် ၍၊ ဣသရေလအမျိုးသားတို့သည်ပျက် စီးရလိမ့်မည်။ ဣသရေလပြည်သားတို့၊ ဤအရာသည်မုချဖြစ်လိမ့်မည်။''
10 Som Folk, der flytter Skel, blev Judas Fyrster, over dem vil jeg øse min Harme som Vand.
၁၀ထာဝရဘုရားက``ယုဒအမျိုးသား ခေါင်းဆောင်တို့သည်ဣသရေလနိုင်ငံ ကိုဝင်ရောက်တိုက်ခိုက်၍သူတို့၏မြေယာ ကိုခိုးယူကြသဖြင့် ငါသည်အမျက်ထွက် ၍ရေလွှမ်းမိုးဖျက်ဆီးသကဲ့သို့သူတို့ အားဒဏ်စီရင်မည်။-
11 Efraim er undertrykt, Retten knust; frivilligt løb han efter Fjenden.
၁၁ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
12 Jeg er som Møl for Efraim, Edder for Judas Hus.
၁၂ငါသည်ဣသရေလနိုင်ငံသားတို့ကိုဖျက် ဆီး၍ယုဒပြည်သားတို့အားပျက်သုဉ်း စေမည်။''
13 Da Efraim mærked sin Sygdom og Juda mærked sin Byld, gik Efraim hen til Assur, Storkongen sendte han Bud. Men han kan ej give jer Helse, han læger ej eders Byld.
၁၃``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-
14 Thi jeg er som en Løve for Efraim, en Løveunge for Judas Hus; jeg, jeg river sønder og går, slæber bort, og ingen redder.
၁၄ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
15 Jeg går til mit sted igen, indtil de bøder for skylden og søger frem for mit Åsyn, søger mig i deres Trængsel.
၁၅``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''