< 1 Mosebog 45 >
1 Da kunde Josef ikke længer beherske sig over for alle dem der stod hos ham, og han råbte "Lad alle gå ud!" Således var der ingen til Stede, da Josef gav sig til Kende for sine Brødre.
၁ယောသပ်သည်မိမိ၏စိတ်ခံစားချက်ကိုမချုပ် တီးနိုင်သဖြင့် သူ၏အမှုထမ်းတို့အားလုံးကို အခန်းတွင်းမှထွက်သွားရန်အမိန့်ပေးသည်။ ထို့ ကြောင့်ယောသပ်သည်သူ၏ညီအစ်ကိုတို့အား မိမိ၏ဇာတိကိုထုတ်ဖော်ပြောသည့်အခါ၌ အခြားမည်သူတစ်ယောက်မျှသူနှင့်အတူ မရှိချေ။-
2 Så brast han i lydelig Gråd, så Ægypterne hørte det, og det spurgtes i Faraos Hus;
၂သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။-
3 og Josef sagde til sine Brødre: "Jeg er Josef! Lever min Fader endnu?" Men hans Brødre kunde ikke svare ham, så forfærdede var de for ham.
၃ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်ယောသပ်ဖြစ်ပါသည်။ ကျွန်ုပ်၏အဖ အသက်ရှင်လျက်ရှိသေးသလော'' ဟုမေး လေ၏။ သို့ရာတွင်သူ၏ညီအစ်ကိုတို့သည် စိုးရိမ်ကြောက်လန့်ကြသဖြင့်ပြန်၍ပင် မဖြေနိုင်ကြချေ။-
4 Så sagde Josef til sine Brødre: "Kom hen til mig!" Og da de kom derhen, sagde Josef: "Jeg er eders Broder Josef, som I solgte til Ægypten;
၄ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။-
5 men I skal ikke græmme eder eller være forknytte, fordi I solgte mig herhen, thi Gud har sendt mig forud for eder for at opholde Liv;
၅သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ရောင်းချ မိသောကြောင့်စိတ်မညှိုးငယ်ကြပါနှင့်။ မိမိ တို့ကိုယ်ကိုလည်းအပြစ်မတင်ကြပါနှင့်။ ဘုရားသခင်သည်လူအပေါင်းတို့၏အသက် ကိုကယ်ဆယ်ခြင်းငှာ သင်တို့အလျင်ကျွန်ုပ် အားစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။-
6 i to År har der nu været Hungersnød i Landet, og fem År endnu skal der hverken pløjes eller høstes;
၆တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။-
7 derfor sendte Gud mig forud for eder, for at I kan få Efterkommere på Jorden, og for at mange hos eder kan reddes og holdes i Live.
၇ဘုရားသခင်သည်သင်တို့နှင့်သင်တို့၏သား မြေးများအသက်ရှင်ကျန်ရစ်စေရန် ဤသို့အံ့သြ ဖွယ်ကောင်းသောနည်းဖြင့် သင်တို့ကိုကယ်ဆယ်စေ ခြင်းငှာကျွန်ုပ်ကိုအလျင်စေလွှတ်တော်မူပြီ။-
8 Og nu, ikke I, men Gud har sendt mig hid, og han har gjort mig til Fader hos Farao og til Herre over hele hans Hus og til Hersker over hele Ægypten.
၈သို့ဖြစ်၍သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ စေလွှတ်လိုက်ခြင်းမဟုတ်၊ ဘုရားသခင်ကစေ လွှတ်တော်မူခြင်းပင်ဖြစ်သည်။ ဘုရားသခင် သည်ကျွန်ုပ်ကိုဤတိုင်းပြည်၏ဘုရင်ခံအရာ၌ ခန့်ထားတော်မူပြီ။ ကျွန်ုပ်သည်အီဂျစ်ပြည် တစ်ပြည်လုံးကိုအုပ်ချုပ်ရသူဖြစ်၏။
9 Skynd jer nu hjem til min Fader og sig til ham: Din Søn Josef lader sige: Gud har sat mig til Hersker over hele Ægypten; kom uden Tøven ned til mig
၉ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။-
10 og tag Bolig i Gosens Land og bo i min Nærhed med dine Sønner og Sønnesønner, dit Småkvæg og Hornkvæg og alt, hvad du ejer og har;
၁၀ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။-
11 der vil jeg sørge for dit Underhold - thi Hungersnøden vil vare fem År endnu - for at ikke du, dit Hus eller nogen, der hører dig til, skal gå til Grunde!
၁၁ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
12 Nu ser I, også min Broder Benjamin, med egne Øjne, at det er mig, der taler til eder;
၁၂ယောသပ်ကဆက်လက်၍``သင်တို့အားယခုစကား ပြောနေသူသည်ယောသပ်ပင်ဖြစ်ကြောင်း ဗင်္ယာမိန် အပါအဝင်သင်တို့အားလုံးကမျက်စိဖြင့် မြင်နိုင်ပါပြီ။-
13 og I skal fortælle min Fader om al min Herlighed i Ægypten og om alt, hvad I har set, og så skal I skynde eder at bringe min Fader herned."
၁၃ကျွန်ုပ်သည်အီဂျစ်ပြည်တွင်မည်မျှလောက်တန်ခိုး ကြီးပုံနှင့် သင်တို့တွေ့မြင်သမျှအကြောင်းကို ဖခင်အားပြောပြကြပါလော့။ ဖခင်ကိုလည်း ဤအရပ်သို့အလျင်အမြန်ခေါ်ဆောင်ခဲ့ကြ ပါလော့'' ဟုထပ်မံမှာကြားလေ၏။
14 Så faldt han grædende sin Broder Benjamin om Halsen, og Benjamin græd i hans Arme.
၁၄ထိုသို့မှာကြားပြီးနောက်ညီဗင်္ယာမိန်ကိုဖက်၍ ငို၏။ ဗင်္ယာမိန်ကလည်းယောသပ်ကိုဖက်၍ငို၏။-
15 Og han kyssede alle sine Brødre og græd ved deres Bryst; og nu kunde hans Brødre tale med ham.
၁၅ထိုနောက်အစ်ကိုတစ်ယောက်စီကိုလည်းဖက်နမ်း၍ ငိုလေသည်။ ထိုနောက်ညီအစ်ကိုတို့သည်ယောသပ် နှင့်ရင်းနှီးစွာစကားပြောဆိုကြ၏။
16 Men det spurgtes i Faraos Hus, at Josefs Brødre var kommet, og Farao og hans Tjenere glædede sig derover:
၁၆ယောသပ်၏ညီအစ်ကိုတို့ရောက်ရှိလာသောသတင်း ကိုကြားရသောအခါ ဖာရောဘုရင်နှင့်မှူးမတ် အပေါင်းတို့သည်နှစ်ထောင်းအားရကြ၏။-
17 og Farao sagde til Josef: "Sig til dine Brødre: Således skal I gøre: Læs eders Dyr og drag til Kana'ans Land,
၁၇ဖာရောဘုရင်ကယောသပ်အား``သင်၏ညီအစ်ကို တို့အား မြည်းများပေါ်တွင်ပစ္စည်းများတင်ဆောင် ၍ခါနာန်ပြည်သို့ပြန်စေပြီးလျှင်၊-
18 hent eders Fader og eders Familier og kom hid til mig, så vil jeg give eder det bedste, der er i Ægypten, og I skal nyde Landets Fedme.
၁၈သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
19 Byd dem at gøre således: Tag eder Vogne i Ægypten til eders Børn og Kvinder, sæt eders Fader op og kom hid;
၁၉သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
20 bryd eder ikke om eders Ejendele, thi det bedste, der er i hele Ægypten, skal være eders!"
၂၀သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
21 Det gjorde Israels Sønner så. Og efter Faraos Bud gav Josef dem Vogne og Rejsekost med;
၂၁ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
22 hver især gav han dem et Sæt Festklæder, men Benjamin gav han 300 Sekel Sølv og fem Sæt Festklæder;
၂၂သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။-
23 og sin Fader sendte han ti Æsler med det bedste, der var i Ægypten og ti Aseninder med Korn, Brød og Rejsetæring til Faderen.
၂၃သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။-
24 Så tog han Afsked med sine Brødre, og da de drog bort, sagde han til dem: "Kives ikke på Vejen!"
၂၄ထိုနောက်သူသည်ညီအစ်ကိုတို့ကိုလမ်းခရီး တွင် အချင်းချင်းမသင့်မတင့်မဖြစ်ကြရန် မှာကြားပြီးလျှင်ခါနာန်ပြည်သို့ပြန်စေ၏။
25 Således drog de hjem fra Ægypten og kom til deres Fader Jakob i Kana'ans Land;
၂၅သူတို့သည်အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန် ပြည်ရှိအဖထံသို့ရောက်လာကြ၏။-
26 og de fortalte ham det og sagde: "Josef lever endnu, og han er Hersker over hele Ægypten." Men hans Hjerte blev koldt, thi han troede dem ikke.
၂၆သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
27 Så fortalte de ham alt, hvad Josef havde sagt til dem; og da han så Vognene, som Josef havde sendt for at hente ham, oplivedes deres Fader Jakobs Ånd atter;
၂၇သို့ရာတွင်သားတို့ကယောသပ်ပြောသမျှ စကားတို့ကိုသူ့အားပြန်ပြောကြသော အခါနှင့်၊ သူ့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် လာရန်ယောသပ်ကပို့လိုက်သောလှည်းများ ကိုမြင်ရသောအခါ သူသည်အံ့အားသင့် ရာမှပြန်လည်သတိရလျက်၊-
28 og Israel sagde: "Det er stort, min Søn Josef lever endnu; jeg vil drage hen og se ham, inden jeg dør!"
၂၈ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။