< 1 Mosebog 40 >
1 Nogen Tid efter hændte det, at Ægypterkongens Mundskænk og Bager forbrød sig mod deres Herre Ægypterkongen,
၁ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။
2 og Farao vrededes på sine to Hofmænd, Overmundskænken og Overbageren,
၂ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊
3 og lod dem sætte i Forvaring i Livvagtens Øverstes Hus, i samme Fængsel, hvor Josef sad fængslet;
၃ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
4 og Livvagtens Øverste gav dem Josef til Opvartning, og han gik dem til Hånde. Da de nu havde været i Forvaring en Tid lang,
၄ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။
5 drømte Ægypterkongens Mundskænk og Bager, som sad i Fængselet, samme Nat hver sin Drøm med sin særlige Betydning.
၅ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
6 Da Josef om Morgenen kom ind til Faraos Hofmænd, der sammen med ham var i Forvaring i hans Herres Hus, og så, at de var nedslåede,
၆နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊
7 spurgte han dem: "Hvorfor ser I så ulykkelige ud i Dag?"
၇သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။
8 Besvarede: "Vi har haft en Drøm, og her er ingen, som kan tyde den." Da sagde Josef til dem: "Er det ikke Guds Sag at tyde Drømme? Fortæl mig det da!"
၈သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
9 Så fortalte Overmundskænken Josef sin Drøm og sagde: "Jeg så i Drømme en Vinstok for mig;
၉ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။
10 på Vinstokken var der tre Ranker, og næppe havde den sat Skud. før Blomsterne sprang ud, og Klaserne bar modne Druer;
၁၀ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။
11 og jeg havde Faraos Bæger i Hånden og tog Druerne og pressede dem i Faraos Bæger og rakte Farao det."
၁၁ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။
12 Da sagde Josef: "Det skal udtydes således: De tre Ranker betyder tre Dage;
၁၂ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။
13 om tre Dage skal Farao løfte dit Hoved og genindsætte dig i dit Embede, så du atter rækker Farao Bægeret som før, da du var hans Mundskænk.
၁၃သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။
14 Vilde du nu blot tænke på mig, når det går dig vel, og vise mig Godhed og omtale mig for Farao og således hjælpe mig ud af dette Hus;
၁၄သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။
15 thi jeg er stjålet fra Hebræernes Land og har heller ikke her gjort noget, de kunde sætte mig i Fængsel for."
၁၅အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။
16 Da nu Overbageren så, at Josef gav Mundskænken en gunstig Tydning, sagde han til ham: "Jeg havde en lignende Drøm: Se, jeg bar tre Kurve Hvedebrød på mit Hoved.
၁၆ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
17 I den øverste Kurv var der alle Hånde Bagværk til Faraos Bord, men Fuglene åd det af Kurven på mit Hoved!"
၁၇အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။
18 Da sagde Josef: "Det skal udtydes således: De tre Kurve betyder tre Dage;
၁၈ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
19 om tre Dage skal Farao løfte dit Hoved og hænge dig op på en Pæl, og Fuglene skal æde Kødet af din Krop!"
၁၉သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
20 Tre Dage efter, da det var Faraos Fødselsdag, gjorde han et Gæstebud for alle sine Tjenere, og da løftede han Overmundskænkens og Overbagerens, Hoveder iblandt sine Tjenere.
၂၀ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊
21 Overmundskænken genindsatte han i hans Embede, så han atter rakte Farao Bægeret,
၂၁အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
22 og Overbageren lod han hænge, som Josef havde tydet det for dem.
၂၂စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
23 Men Overmundskænken tænkte ikke på Josef; han glemte ham.
၂၃သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။