< Ezekiel 7 >

1 Og HERRENs Ord kom til mig således
နောက် တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 Du, Menneskesøn, sig: Så siger den Herre HERREN til Israels Land: Enden kommer, Enden kommer over Landet vidt og bredt!
အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် ဣသရေလ ပြည်သား တို့ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ ပြည် လေး ထောင့် တို့သည် ဆုံး ခြင်းသို့ ရောက် ကြ၏။
3 Nu kommer Enden over dig, og jeg sender min Vrede imod dig og dømmer dig efter dine Veje og gengælder dig alle dine Vederstyggeigheder.
သင် သည် ဆုံး ခြင်းသို့ရောက်၍ သင့် အပေါ် သို့ ငါ ၏အမျက် ကို ငါလွှတ် လိုက်မည်။ သင် ၏အကျင့် နှင့် အလျောက်ငါစီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။
4 Jeg viser dig ingen Medynk eller Skånsel, men gengælder dig dine Veje, og dine Vederstyggeligheder skal blive i din Midte; og du skal kende, at jeg er HERREN.
ငါသည် နှမြောစုံမက်ခြင်းမ ရှိဘဲ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသော ရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကိုသင်သိ ရလိမ့်မည်။
5 Så siger den Herre HERREN: Ulykke følger på Ulykke; se, det kommer!
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး တခု နောက်တခု ရောက် လာ၏။
6 Enden kommer, Enden kommer; den er vågnet og tager Sigte på dig; se, det kommer!
ဆုံး ခြင်းဘေးရောက် လာ၏။ ဆုံး ခြင်းဘေး ရောက် လာ၏။ သင့် ကို စောင့် လျက် ရောက် လာ၏။
7 Turen kommer til dig, som bor i Landet; Tiden er inde, Dagen er nær, en Dag med Rædsel og ikke med Frydeskrig på Bjergene.
အိုပြည် တော်သား၊ သင်သည် အလှည့်ခံရသောအချိန်ရောက်လာ၏။ အချိန် စေ့ ပြီ။ ရွှင်လန်းစွာ ကြွေးကြော် ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသောနေ့ နီး ပြီ။
8 Nu udøser jeg snart min Harme over dig og udtømmer min Vrede på dig, dømmer dig efter dine Veje og gengælder dig alle dine Vederstyggeligheder.
ငါသည် မ ကြာမမြင့်မှီသင် ၏ အပေါ် သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း မည်။ သင်၌ ငါ့ အမျက် အလိုကို ပြည့်စုံ စေမည်။ သင် ၏အကျင့် အတိုင်း စီရင် မည်။ သင် ပြုမိသမျှ သော ရွံ့ရှာဘွယ် အမှုတို့၏အကျိုး အပြစ်ကိုဆပ် ပေးမည်။
9 Jeg viser dig ingen Medynk eller Skånsel, men gengælder dig dine Veje, og dine Vederstyggeligheder skal blive i din Midte; og I skal kende, at jeg, HERREN, er den, som slår.
နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သင့် အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ် ပေးမည်။ သင် ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏အလယ် ၌ တည် ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် ဒဏ် ပေးကြောင်း ကို သိ ရကြ လိမ့်မည်။
10 Se, Dagen! Se, det kommer; Turen kommer til dig"! Riset blomstrer, Overmodet grønnes.
၁၀နေ့ရက် ရောက် လာ၏။ ရောက် လာ၏။ အလှည့် ခံရချိန်စေ့ ပြီ။ တံဖျာ ပွင့် ပြီ။ မာန ကြီးပွား ပြီ။
11 Vold rejser sig til et Ris over Gudløshed; der bliver intet tilbage af dem, intet af deres larmende Hob, intet af deres Gods, og der er ingen Herlighed iblandt dem.
၁၁ညှဉ်းဆဲ ခြင်းအမြစ်မှ အပြစ် တံဖျာ ပေါက် လေပြီ။ သူ တို့အစည်း အဝေး၊ သူ တို့ပရိသတ် တစုံတယောက်မျှ မ ကျန်ကြွင်းရ။ သူ တို့အဘို့ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုရ။
12 Tiden er inde, Dagen er nær; Køberen skal ikke glæde sig og Sælgeren ikke sørge, thi Vrede kommer over al den larmende Hob derinde.
၁၂အချိန် စေ့ ပြီ။ နေ့ရက် နီး ပြီ။ ဝယ် သောသူသည် ဝမ်း မ မြောက်စေနှင့်။ ရောင်း သောသူသည် စိတ်မသာ၊ မ ညည်းတွား စေနှင့်။ အကြောင်း မူကား၊ ထိုလူ အစုအဝေးအပေါင်း တို့အပေါ် မှာ အမျက် တော်သည် တည်လျက် ရှိ၏။
13 Thi Sælgeren skal ikke vende tilbage til det solgte, om han end bliver i Live; thi Synet om al den larmende Hob derinde tages ikke tilbage, og ingen skal styrke sit Liv ved sin Misgerning.
၁၃ရောင်း သောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်း သော မြေသို့ ပြန် ၍ မ လာရ။ ထို လူ အစုအဝေးအပေါင်း တို့နှင့်ဆိုင် သော ဗျာဒိတ် ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မ တရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမ တည် နိုင်ရ။
14 Man støder i Hornet og gør alt rede, men ingen drager i krig; thi min Vrede kommer over al den larmende Hob derinde.
၁၄စစ် ခင်းကျင်းစေခြင်းငှါတံပိုး ကို မှုတ် ကြသော်လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်း မူကား၊ ငါ့ အမျက် သည် ထို လူ အစုအဝေးအပေါင်း တို့အပေါ် မှာ တည်လျက်ရှိ၏။
15 Sværd ude og Pest og Hunger inde! De, der er i Marken, omkommer for Sværd, og dem, der er i Byen, fortærer Hunger og Pest.
၁၅ပြင် ၌ ကား ထား ရှိ၏။ အတွင်း ၌ ကားနာ ခြင်း၊ မွတ်သိပ် ခြင်းရှိ၏။ လယ်ပြင် တွင် ရှိသော သူ သည် ထား ဖြင့် သေ လိမ့်မည်။ မြို့ ထဲ တွင်ရှိသောသူ သည် လည်း နာ ခြင်း၊ မွတ်သိပ် ခြင်း အားဖြင့် ဆုံး လိမ့်မည်။
16 Og selv om nogle af dem undslipper og når op i Bjergene som Kløfternes Duer, skal de alle dø, hver for sin Misgerning.
၁၆သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။
17 Alle Hænder er slappe, alle Knæ flyder som Vand.
၁၇ထိုသူရှိသမျှ တို့သည် လက် အားလျော့ ၍ ၊ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။
18 De klæder sig i Sæk, og Rædsel omhyller dem; alle Ansigter er skamfulde, alle Hoveder skaldede.
၁၈သူတို့သည်လည်း လျှော်တေ အဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့် ခြင်းနှင့် ကိုယ် ကို ခြုံ လျက်၊ တယောက်မျှမကြွင်း၊ မျက်နှာ ရှက်ကြောက် လျက် ၊ ဆံပင် ဖြတ်လျက် ရှိကြလိမ့်မည်။
19 Deres Sølv kaster de ud på Gaden, deres Guld regnes for Snavs; deres Sølv og Guld kan ikke redde dem på HERRENs Vredes Dag; de kan ikke stille deres Hunger eller fylde deres Bug dermed, thi det var dem Årsag til Skyld.
၁၉သူ တို့ငွေ ကို လမ်း သို့ ပစ် ၍ ၊ ရွှေ ကိုညစ်ညူး သော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက် တော်မူသောကာလ ၌၊ သူ တို့ ရွှေ ငွေ သည် သူ တို့ကို ကယ်တင် ခြင်းငှါ မ တတ်နိုင် ။ သူ တို့အလို ဆန္ဒကို မ ဖြေ နိုင်။ ဝ စွာမ ကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူ တို့ထိမိ ၍မှားယွင်းခြင်းအကြောင်း ဖြစ် သတည်း။
20 I dets strålende Pragt satte de deres Stolthed, og deres vederstyggelige Billeder, deres væmmelige Guder, lavede de deraf: derfor gør jeg det til Snavs for dem.
၂၀သူ တို့၌ တင့်တယ် သောတန်ဆာ အားဖြင့်သူတို့ မာန ကို တိုးပွါးစေ၍၊ သူ တို့၌ စက်ဆုပ် ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း ၊ ရွံ့ရှာဘွယ် သော အရာတို့ကို၎င်းလုပ် ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူး သောအရာ ဖြစ်စေ ခြင်းငှါငါစီရင် မည်။
21 Jeg giver det som Bytte i de fremmedes Hånd og som Rov til de mest gudløse på Jorden, og de skal vanhellige det.
၂၁တပါး အမျိုးသားတည်းဟူသောအဓမ္မ လူတို့ သည် လုယူ ဖျက်ဆီးစေခြင်းငှါ သူတို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် ညစ်ညူး စေကြလိမ့်မည်။
22 Jeg vender mit Åsyn fra dem og man skal vanhellige mit Kleodie, Ransmænd skal trænge ind og vanhellige det.
၂၂ငါ လည်း မျက်နှာ လွှဲ သည်ဖြစ်၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြ တို့သည် ဝင် ၍ ညစ်ညူး စေကြလိမ့်မည်။
23 Gør Lænkerne rede! Thi Landet er fuldt af Blodskyld og Byen af Vold.
၂၃သံကြိုး ကိုလုပ် လော့။ အကြောင်း မူကား၊ ပြည် သည် လူအသက် ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏။
24 Jeg henter de værste af Folkene, og de skal tage Husene i Eje; jeg gør Ende på de mægtiges Stolthed, og deres Helligdomme skal vanhelliges.
၂၄ထိုကြောင့် ၊ ကြမ်းကြုတ် သော လူမျိုး တို့ကို ငါဆောင် ခဲ့၍ ၊ သူ တို့သည် အိမ် များကို သိမ်းယူ ကြလိမ့် မည်။ ခွန်အားကြီး သောသူတို့၏ မာန ကို ငါငြိမ်း စေမည်။ သူ တို့သန့်ရှင်း သောအရပ်တို့သည် ညစ်ညူး ခြင်း ရှိကြလိမ့်မည်။
25 Der opstår Angst; man søger Redning, men finder den ikke.
၂၅ပျက်စီး ခြင်းဘေးလာ ၏။ သူတို့သည် ငြိမ်ဝပ် ခြင်း ကို ရှာ ၍ မ တွေ့ရကြ။
26 Uheld følger på Uheld, Rygte på Rygte; man skal tigge Profeten om et Syn, Præsten kommer til kort med Vejledning og de Ældste med Råd.
၂၆ဘေး တခုနောက်တခု၊ သိတင်း တခုနောက်တခု ပေါ် လာလိမ့်မည်။ ပရောဖက် ထံမှာ ဗျာဒိတ် ရူပါရုံကို ရှာ သော်လည်း မရကြ။ ယဇ် ပုရောဟိတ်တို့သည် တရား ဟော သောအခွင့်၊ အသက်ကြီး သောသူတို့ သည် အကြံ ပေးသောအခွင့်ကို မ ရဘဲနေ ကြလိမ့်မည်။
27 Kongen sørger, Fyrsten hyller sig i Rædsel, og Landboernes Hænder lammes af Forfærdelse. Jeg gør med dem efter deres Færd og dømmer dem, som de fortjener; og de skal kende, at jeg er HERREN.
၂၇ရှင် ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်။ မင်းသား သည် မှိုင်တွေ ခြင်းအဝတ် ကို ဝတ်ရ လိမ့်မည်။ ပြည်သူ ပြည်သားတို့၏ လက် တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူ တို့ကျင့် ကြသည်အတိုင်း သူ တို့၌ ငါပြု မည်။ သူ တို့စီရင် ကြသည်အတိုင်း ငါပြန် ၍ စီရင်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 7 >