< Efeserne 6 >
1 I Børn! adlyder eders Forældre i Herren, thi dette er ret.
၁သားသမီး တို့၊ သခင် ဘုရား၏ အလိုတော်နှင့်အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘစကား ကိုနားထောင် ခြင်းအမှုသည်တရား သောအမှုဖြစ် ၏။
2 "Ær din Fader og Moder", dette er jo det første Bud med Forjættelse,
၂မိဘ ကိုရိုသေ စွာပြုလော့။
3 "for at det må gå dig vel, og du må leve længe i Landet."
၃ဤ ပညတ်တော်ကား၊ သင်သည် ပြည် တော်၌ ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ဟူ၍ဂတိ တော်နှင့် ဆိုင်သောပဌမ ပညတ် ဖြစ် ၏။
4 Og I Fædre! opirrer ikke eders Børn, men opfostrer dem i Herrens Tugt og Formaning!
၄အဘ တို့၊ ကိုယ် သားသမီး ကို စိတ်ဆိုး စေခြင်းငှာမ ပြုကြနှင့်။ သခင် ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင် ခြင်းကိုပြုလျက် ကျွေးမွေး ကြလော့။
5 I Trælle! adlyder eders Herrer efter Kødet med Frygt og Bæven i eders Hjertes Enfold som Kristus;
၅အစေခံ ကျွန်တို့၊ ခရစ်တော် ၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ် လျက် ၊ စိတ် နှစ်ခွ မရှိဘဲ လောကီ သခင် ၏စကားကို နားထောင် ကြလော့။
6 ikke med Øjentjeneste, som de, der ville tækkes Mennesker, men som Kristi Tjenere, så I gøre Guds Villie af Hjertet,
၆လူ တို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မ ဟုတ်၊ ခရစ်တော် ၏ ကျွန် ကဲ့သို့ စေတနာစိတ် နှင့် ဘုရားသခင် ၏ အလို တော်ကို စောင့် ၍၊
7 idet I med god Villie gøre Tjeneste som for Herren, og ikke for Mennesker,
၇လူ ၏အစေကိုသာ ခံသကဲ့သို့မ ဟုတ်၊ သခင် ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညို သော သဘောနှင့် အစေ ကိုခံကြလော့။
8 idet I vide, at hvad godt enhver gør, det skal han få igen af Herren, hvad enten han er Træl eller fri.
၈ကောင်း သောအကျင့်ကို ကျင့် သောသူ မည်သည်ကား ၊ ကျွန် ဖြစ်စေ ၊ လူ လွတ်ဖြစ်စေ ၊ သခင် ဘုရား၏ လက်တော်မှ အကျိုးကိုခံရ လိမ့်မည်ဟု သိမှတ် ကြလော့။
9 Og I Herrer! gører det samme imod dem, så I lade Trusel fare, idet I vide, at både deres og eders Herre er i Himlene, og der er ikke Persons Anseelse hos ham.
၉သခင် တို့၊ ခြိမ်းချောက် ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန် တို့ကို ထိုနည်းတူ ပြု ကြလော့။ သင် တို့၏ သခင် သည် ကောင်းကင် ဘုံ၌ ရှိ သည်ကို၎င်း၊ ထိုသခင် သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မ မူသည်ကို၎င်း၊ သိမှတ် ကြလော့။
10 For øvrigt bliver stærke i Herren og i hans Styrkes Vælde!
၁၀ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။
11 Ifører eder Guds fulde Rustning, for at I må kunne bolde Stand imod Djævelens snedige Anløb.
၁၁မာရ်နတ် ၏ ပရိယာယ် တို့ကို တားဆီး နိုင် မည်အကြောင်း ၊ ဘုရားသခင် သည်ပြင်ဆင်တော်မူသော လက်နက်စုံ ကို ဝတ်ဆောင် ကြလော့။
12 Thi for os står Kampen ikke imod Blod og Kød, men imod Magterne, imod Myndighederne, imod Verdensherskerne i dette Mørke, imod Ondskabens Åndemagter i det himmelske. (aiōn )
၁၂အကြောင်းမူကား ၊ ငါ တို့သည် အသွေး အသား ရှိ သော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မ ဟုတ်။ အထွဋ်အမြတ် တို့နှင့် ၎င်း၊ အာဏာစက် တို့နှင့် ၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင် ၌ နေသောနတ်ဆိုး တို့နှင့် ၎င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ (aiōn )
13 Derfor tager Guds fulde Rustning på, for at I må kunne stå imod på den onde Dag og bestå efter at have fuldbyrdet alt.
၁၃ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ် သော နေ့ရက် ကာလ ၌ ဆီးတား နိုင် သဖြင့် ၊ ကိစ္စအလုံးစုံ တို့ကို ပြီးစီး ၍ ခံရပ် နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံ ကိုယူဆောင် ကြလော့။
14 Så står da omgjordede om eders Lænd med Sandhed og iførte Retfærdighedens Panser.
၁၄သစ္စာ တည်းဟူသောခါးပန်း ကိုစည်း လျက်၊ ဖြောင့်မတ် ခြင်းပါရမီတည်းဟူသောရင်အုပ် တန်ဆာကို ဝတ်ဆင် လျက် ၊
15 Fødderne ombundne med Kampberedthed fra Fredens Evangelium;
၁၅ငြိမ်သက် ခြင်းနှင့်ယှဉ်သော ဧဝံဂလိ တရားကို ဟောပြောအံ့သောငှာပြင်ဆင် သော အဖြစ်တည်းဟူသောခြေစွပ် ကိုစွပ် လျက် ခံရပ် ကြလော့။
16 og i alle Forhold løfter Troens Skjold, med hvilket I ville kunne slukke alle den ondes gloende Pile,
၁၆မာရ်နတ် ပြစ်ခတ်သော မီးစက် လက်နက် ကို ကာသတ် နိုင် သော ယုံကြည် ခြင်းတည်းဟူသောလွှား ကို လည်းခပ်သိမ်း သော လက်နက်တို့အပေါ်မှာထပ်ဆင့်၍ ယူဆောင် ကြလော့။
17 og tager imod Frelsens Hjelm og Åndens Sværd, som er Guds Ord,
၁၇ကယ်တင် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တည်းဟူသောဝိညာဉ် တော်၏ဓား ကို၎င်း ယူ ကြလော့။
18 idet I under al Påkaldelse og Bøn bede til enhver Tid i Ånden og ere årvågne dertil i al Vedholdenhed og Bøn for alle de hellige,
၁၈ကာလ အစဉ် စိတ် နှလုံးပါလျက် ဆုတောင်း ပဌာနာ ပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ ဘဲလျက် ၊ ငါမှစ၍သန့်ရှင်း သူအပေါင်း တို့အဘို့ ဆုတောင်း လျက် စောင့်ရှောက် ကြလော့။
19 også for mig, om at der må gives mig Ord, når jeg oplader min Mund, til med Frimodighed at kundgøre Evangeliets Hemmelighed,
၁၉ငါသည် ဧဝံဂေလိ တရားကြောင့် သံကြိုး နှင့် ချည်နှောင်ခြင်းကိုခံလျက်၊
20 for hvis Skyld jeg er et Sendebud i Lænker, for at jeg må have Frimodighed deri til at tale, som jeg bør.
၂၀သံတမန် အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲ သောအရာကိုဖော်ပြ ခြင်းငှာငါ သည်နှုတ် ကို ရဲရင့် စွာ ဖွင့်လှစ် ခြင်း အခွင့်ရှိ မည်အကြောင်း ကို၎င်း၊ ထိုတရား ကိုဟောပြောအပ် သည်နှင့်အညီ ၊ ရဲရင့် စွာဟောပြော မည်အကြောင်း ကို၎င်း၊ ငါ့ အဘို့ လည်း ဆုတောင်းကြလော့။
21 Men for at også I skulle kende mine Forhold, hvorledes det går mig, da skal Tykikus, den elskede Broder og tro Tjener i Herren kundgøre eder alt;
၂၁သင် တို့သည် ငါ ၌ ဖြစ်သော အကြောင်း အရာများကို သိ စေခြင်းငှာ ၊ သခင် ဘုရားထံ၌ သစ္စာ ရှိသော ဆရာ တည်းဟူသောငါချစ် သောညီ တုခိတ် သည် အလုံးစုံ တို့ကို သင် တို့အား ဖော်ပြ လိမ့်မည်။
22 ham sender jeg til eder, just for at I skulle lære at kende, hvorledes det står til hos os, og for at han skal opmuntre eders Hjerter.
၂၂သင်တို့သည်ငါ တို့၏အကြောင်း အရာများကို သိ မည်အကြောင်း နှင့်၊ ထို သူ သည်သင် တို့စိတ်နှလုံး ကို သက်သာ စေမည်အကြောင်း ၊ ထိုသူ ကိုသင် တို့ဆီသို့ ငါစေလွှတ် ၏။
23 Fred være med Brødrene og Kærlighed med Tro fra Gud Fader og den Herre Jesus Kristus!
၂၃ညီအစ်ကို တို့၌ ငြိမ်သက် ခြင်းရှိပါစေသော။ ခမည်းတော် ဘုရား နှင့် သခင် ယေရှု ခရစ် ပေးတော်မူသောယုံကြည် ခြင်းနှင့် ချစ် ခြင်းမေတ္တာရှိပါစေသော။
24 Nåden være med alle dem, som elske vor Herre Jesus Kristus i Uforkrænkelighed!
၂၄ငါ တို့သခင် ယေရှု ခရစ် ကို အမှန် ချစ် သော သူ အပေါင်း တို့၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။