< Amos 5 >

1 Hør dette Ord, en klagesang, som jeg istemmer over eder, Israels Hus:
အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို သင်္ဂြိုဟ်​ဖို့​ငါ​သီ​ဆို​မည့်​ဤ​အ​သု​ဘ တေး​ကို​နား​ဆင်​ကြ​လော့။
2 Hun er faldet og rejser sig ikke, Israels Jomfru, henstrakt på sin Jord, og ingen rejser hende op.
အ​ပျို​က​ညာ​ဣသ​ရေ​လ​သည် ဘယ်​ခါ​မျှ​ပြန်​မ​ထ​နိုင်​အောင်​လဲ​ရ ချေ​ပြီ။ မြေ​ပေါ်​မှာ​အ​ထီး​ကျန်​စွာ​လဲ​နေ​ရှာ​ပြီ။ သူ့​အား​ထူ​မ​ရန်​မည်​သူ​မျှ​မ​ရှိ​ပြီ။
3 Thi så siger den Herre HERREN: Den By, som går i Leding med tusind, får hundred tilbage, og den som går i Leding med hundred, får ti tilbage i Israels Hus.
အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ဣ​သ​ရေ​လ​မြို့​တစ်​မြို့​မှ​စစ်​သည်​တစ် ထောင်​စစ်​ချီ​ထွက်​သွား​သော်​လည်း၊ တစ်​ရာ သာ​လျှင်​ပြန်​ရောက်​လာ​မည်။ လူ​တစ်​ရာ စေ​လွှတ်​လိုက်​သော​မြို့​သည်​ဆယ်​ယောက်​ကို သာ​ပြန်​တွေ့​ရ​မည်။
4 Thi så siger HERREN til Israels Hus: Søg mig, så skal I leve!
ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​အား​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​သည်​အ​သက်​ချမ်း​သာ​လိမ့်​မည်။-
5 Søg ikke til Betel, gå ikke til Gilgal, drag ikke til Beersjeba! Thi Gilgal skal blive landflygtig, og Betel skal blive til intet.
ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''
6 Søg HERREN, så skal I leve, at ikke en Lue slår ud, en ædende Ild mod Josefs Hus, og Betel har ingen, som slukker.
ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-
7 Ve dem, som gør Ret til Malurt og kaster Retfærd i Støvet!
လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။
8 Syvstjernens og Orions Skaber, han, som vender Mulm til Morgen og gør Dag til Nattemørke, som kalder ad Havets Vande og gyder dem ud over Jorden, HERREN er hans Navn!
ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
9 Han lader Ødelæggelse bryde ind over Borge, Ødelæggelse komme over Fæstninger.
ကိုယ်​တော်​သည်​ခွန်​အား​ကြီး​သူ​တို့​နှင့် ခံ​တပ်​များ​ကို​ဖြို​ဖျက်​ခဲ့​ပြီ။
10 De hader Rettens Talsmand i Porten og afskyr den, som taler sandt.
၁၀ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-
11 Derfor, da I træder på den ringe og tager Afgift af hans Korn, skal I vel bygge Kvaderstenshuse, men ikke bo den; I skal vel plante yndige Vingårde, men Vinen skal I ikke drikke.
၁၁သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-
12 Jeg ved, eders Overtrædelser er mange og uden Tal eders Synder, I Rettens Fjender, som tager mod Bøde og bortviser fattige i Porten.
၁၂သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-
13 Derfor tier den kloge i denne Tid, thi det er onde Tider.
၁၃ဤ​မျှ​ဆိုး​ယုတ်​သော​ခေတ်​ကာ​လ​၌​လိမ္မာ​ရေး ခြား​ရှိ​သူ​သည် နှုတ်​ပိတ်​ရေ​ငုံ​နေ​မည်​မှာ​မ ဆန်း​တော့​ပေ။
14 Søg det gode, ej det onde, for at I må leve og Hærskarers Gud, må være med eder, som I siger, han er.
၁၄သင်​တို့​သည်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရန် အ​တွက် အ​ဆိုး​ကို​ရှောင်​၍​အ​ကောင်း​ကို သာ​ရှာ​ဖွေ​ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ဆို​သည့်​အ​တိုင်း​ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​အ​မှန်​ပင်​ရှိ​တော်​မူ​မည်။-
15 Had det onde og elsk det gode, hold Retten i Hævd i Porten! Måske vil da HERREN, Hærskarers Gud, være nådig mod Josefs Rest.
၁၅အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။
16 Derfor, så siger HERREN, Herren, Hærskarers Gud: På alle Torve skal klages, i alle Gader råbes: "Ve! Ve!" Bonden kalder til Sorg, til Ligklage Klagemænd;
၁၆ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-
17 i hver en Vingård skal klages, når jeg drager igennem din Midte, siger HERREN.
၁၇စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။
18 Ve eder, som længes efter HERRENs Dag! Hvad vil I med HERRENs Dag? Mørke er den, ej Lys.
၁၈ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။-
19 Da går det, som når en Mand flyr for en Løve og møder en Bjørn og, når han tyr ind i Huset og støtter sin Hånd til Væggen, bides af en Slange.
၁၉ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-
20 Ja, HERRENs Dag er Mørke, ej Lys, Bælgmørke uden Solskin.
၂၀ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။
21 Jeg hader, forsmår eders Fester, er led ved eders festlige Samlinger,
၂၁ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။-
22 om også I bringer mig Brændofre. Eders Afgrødeofre behager mig ej, eders Fedekvægs-Takofre ser jeg ej til.
၂၂သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။-
23 Spar mig dog for eders larmende Sang, eders Harpeklang hører jeg ikke.
၂၃ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။-
24 Nej, Ret skal vælde frem som Vand og Retfærd som svulmende Bæk.
၂၄တ​ရား​မျှ​တ​ရေး​သည်​စမ်း​ရေ​ကဲ့​သို့​လည်း ကောင်း၊ ဖြောင့်​မတ်​ခြင်း​သည်​မ​ခန်း​နိုင်​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​စီး​ပါ​လေ​စေ။
25 Bragte I mig Slagtoffer og Afgrødeoffer de fyrretyve Ørkenår, Israels Hus?
၂၅``အို ဣ​သ​ရေ​လ​အမျိုး​သား​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​ထဲ​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​နေ​စဉ်​က​ယဇ်​ပူ​ဇော်​သ​ကာ​တို့ ကို ငါ့​အား​မ​ပူ​ဇော်​ဘဲ​နေ​ခဲ့​ကြ​သည်​မ ဟုတ်​လော။-
26 Så skal I da bære Sakkut, eders Konge, og Kevan, eders Gudestjerne, Billeder, som I har lavet eder.
၂၆သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ကိုယ်​တိုင်​ထု လုပ်​၍ ကိုး​ကွယ်​နေ​ကြ​သော​မော​လုပ်​နှင့်​ခိ​အုန် ကြယ်​ဘု​ရား​ရုပ်​တု​များ​ကို ယ​ခု​ပင်​လျှင် ကိုယ်​တိုင်​ထမ်း​ယူ​သွား​ရ​တော့​မည်။-
27 I Landflygtighed jager jeg eder hinsides Damaskus, siger HERREN; Hærskarers Gud er hans Navn.
၂၇ငါ​သည်​သင်​တို့​ကို​ဒ​မာ​သက်​မြို့​တစ်​ဘက် သို့​ဖမ်း​ယူ​သွား​တော့​မည်'' ဟု​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

< Amos 5 >