< Apostelenes gerninger 17 >

1 Men de rejste igennem Amfipolis og Apollonia og kom til Thessalonika, hvor Jøderne havde en Synagoge.
ထိုနောက်၊ အံဖိပေါလိ မြို့၊ အာပေါလောနိ မြို့ကို ရှောက်သွား ၍ သက်သာလောနိတ် မြို့သို့ ရောက် ကြ၏။ ထို မြို့မှာယုဒ တရားစရပ် ရှိ ၏။
2 Og efter sin Sædvane gik Paulus ind til dem, og på tre Sabbater samtalede han med dem ud fra Skrifterne,
ပေါလု သည် မိမိထုံးစံ ရှိသည်အတိုင်း ထိုစရပ် သို့ ဝင် ၍ ၊ ဥပုသ်နေ့ သုံး ရက်တွင် ကျမ်းစာ ကိုအမှီပြု ၍ ထိုသူ တို့နှင့် ဆွေးနွေး နှီးနှောသဖြင့်၊
3 idet han udlagde og forklarede, at Kristus måtte lide og opstå fra de døde, og han sagde: "Denne Jesus, som jeg forkynder eder, han er Kristus."
ခရစ်တော် သည် အသေခံ ရ မည်။ သေ ခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြော သောယေရှု သည် ခရစ်တော် ဖြစ် သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြ လေ၏။
4 Og nogle af dem bleve overbeviste og sluttede sig til Paulus og Silas, og tillige en stor Mængde at de gudfrygtige Grækere og ikke få af de fornemste Kvinder.
ထိုသူ အချို့ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ ၊ ပေါလု ၊ သိလ တို့နှင့် ပေါင်းဘော် ကြ၏။ ဘုရား ကို ကိုးကွယ်သော ဟေလသ လူ အပေါင်း တို့နှင့် ထင်ရှား သော မိန်းမ များ တို့လည်း ယုံကြည်ကြ၏။
5 Men Jøderne bleve nidkære og toge med sig nogle slette Mennesker af Lediggængerne på Torvet, rejste et Opløb og oprørte Byen; og de stormede Jasons Hus og søgte efter dem for at føre dem ud til Folket.
ယုဒ လူတို့သည် ဆိုးယုတ် လျှပ်ပေါ် သော သူ အချို့ တို့ကို ခေါ် ၍ လူများကို စုဝေး စေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန် ၏ အိမ် ကိုဝိုင်း ၍ သူ တို့ကို လူ များရှေ့ သို့ ဆွဲထုတ်ခြင်းငှာရှာ ကြ၏။
6 Men da de ikke fandt dem, trak de Jason og nogle Brødre for Byens Øvrighed og råbte: "Disse, som have bragt hele Verden i Oprør, ere også komne hid;
မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။
7 dem har Jason taget ind til sig; og alle disse handle imod Kejserens Befalinger og sige, at en anden er Konge, nemlig Jesus."
ယာသုန် သည်လည်း သူ တို့ကို လက်ခံ ပါပြီ။ ထိုသူ အပေါင်း တို့သည် ကဲသာ ဘုရင်၏ အမိန့် တော်ကို ဆန့်ကျင်ဘက် ပြု ၍၊ ယေရှု အမည် ရှိသော ရှင်ဘုရင် တစ်ပါး ရှိ သည်ဆို တတ်ပါ၏ဟု ဟစ်ကြော် လျက် ၊
8 Og de satte Skræk i Mængden og Byens Øvrighed, som hørte det.
မင်း အရာရှိမှစ၍ စုဝေး သောသူတို့၏ စိတ်ကို ထိုသို့သောစကားအားဖြင့်နှောင့်ရှက် ကြ၏။
9 Og denne lod Jason og de andre stille Borgen og løslod dem.
ထိုအခါယာသုန် မှစ၍ ကြွင်း သောသူ တို့ကို အာမခံပေးစေပြီးမှလွှတ် လိုက်ကြ၏။
10 Men Brødrene sendte straks om Natten både Paulus og Silas bort til Berøa; og da de vare komne dertil, gik de ind i Jødernes Synagoge.
၁၀ညဉ့် အခါ ညီအစ်ကို တို့သည် ပေါလု နှင့် သိလ ကို ဗေရိ မြို့သို့ ချက်ခြင်း လွှတ် လိုက်ကြ၏။ ထိုမြို့သို့ ရောက် လျှင် ယုဒ တရားစရပ် သို့ ဝင် ကြ၏။
11 Men disse vare mere velsindede end de i Thessalonika, de modtoge Ordet med al Redebonhed og ransagede daglig Skrifterne, om disse Ting forholdt sig således.
၁၁ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။
12 Så troede da mange af dem og ikke få af de fornemme græske Kvinder og Mænd.
၁၂ထိုကြောင့် ၊ ယုဒ လူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်ကြ၏။ အသရေ ထင်ရှားသော ဟေလသ မိန်းမ တို့နှင့် ယောက်ျား အများတို့သည် လည်း ယုံကြည်ကြ၏။
13 Men da Jøderne i Thessalonika fik at vide, at Guds Ord blev forkyndt af Paulus også i Berøa, kom de og vakte også der Røre og Bevægelse iblandt Skarerne.
၁၃ပေါလု သည် ဗေရိ မြို့၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုဟောပြော သည်ကို၊ သက်သာလောနိတ် မြို့သားဖြစ်သော ယုဒ လူ တို့သည် ကြားသိ ရလျှင် ၊ ဗေရိ မြို့သို့လာ ပြန်၍ လူ များတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
14 Men da sendte Brødrene straks Paulus bort, for at han skulde drage til Havet; men både Silas og Timotheus bleve der tilbage.
၁၄ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။
15 Og de, som ledsagede Paulus, førte ham lige til Athen; og efter at have fået det Bud med til Silas og Timotheus, at de snarest muligt skulde komme til ham, droge de bort.
၁၅ပေါလု ကိုပို့ သောသူ တို့သည် အာသင် မြို့ တိုင်အောင် ပို့ဆောင် ပြီးမှ၊ သိလ နှင့် တိမောသေ တို့ကို အလျင်အမြန် လာ စေခြင်းငှာမှာစာ ကိုခံ ၍ပြန် ကြ၏။
16 Medens nu Paulus ventede på dem i Athen, harmedes hans Ånd i ham, da han så, at Byen var fuld af Afgudsbilleder.
၁၆ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။
17 Derfor talte han i Synagogen med Jøderne og de gudfrygtige og på Torvet hver Dag til dem, som han traf på.
၁၇ထိုကြောင့် တရားစရပ် ၌ ယုဒ လူမှစ၍ ဘုရား ကို ကိုးကွယ် သော သူ တို့နှင့်၎င်း ၊ လူများစုဝေးရာအရပ်၌ နေ့တိုင်း တွေ့ကြုံ သော သူ တို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
18 Men også nogle af de epikuræiske og stoiske Filosoffer indlode sig i Ordstrid med ham; og nogle sagde: ""Hvad vil denne Ordgyder sige?"" men andre: ""Han synes at være en Forkynder af fremmede Guddomme;"" fordi han forkyndte Evangeliet om Jesus og Opstandelsen.
၁၈ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
19 Og de toge ham og førte ham op på Areopagus og sagde: ""Kunne vi få at vide, hvad dette er for en ny Lære, som du taler om?
၁၉ထိုအခါ ၊ ထိုသူတို့သည် ပေါလု ကိုခေါ် ၍ အာရေ တောင်သို့ ဆောင်သွား ပြီးလျှင်၊ သင် သည် ဟောပြော သော ဤ အယူဝါဒသစ် ကို ငါတို့ သိ အပ် သလော။
20 Thi du bringer os nogle fremmede Ting for Øren; derfor ville vi vide, hvad dette skal betyde.""
၂၀ငါ တို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏။ ထို အရာများကား အဘယ်သို့ ဆိုလို သည် ကို ငါတို့သိ ချင် ပါသည်ဟု ဆို ကြ၏။
21 Men alle Atheniensere og de fremmede, som opholdt sig der, gave sig ikke Stunder til andet end at fortælle eller høre nyt.
၂၁အာသင် မြို့သူမြို့သားအပေါင်း တို့နှင့် ဧည့်သည် များ တို့သည် သိတင်း စကားကိုကြားပြော ခြင်း၊ နားထောင် ခြင်း အမှုမှတစ်ပါးအခြားသော အမှုဖြင့်ကာလကို မ လွန် စေတတ်ကြ။
22 Men Paulus stod frem midt på Areopagus og sagde: ""I athemiensiske Mænd! jeg ser, at I i alle Måder ere omhyggelige for eders Gudsdyrkelse.
၂၂ထိုအခါ ပေါလု သည် အာရေ တောင်ပေါ်၌ ရပ် လျက်၊ အချင်း အာသင် လူတို့ ၊ သင် တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင် ပါ၏။
23 Thi da jeg gik omkring og betragtede eders Helligdommen, fandt jeg også et Alter, på hvilket der var skrevet: ""For en ukendt Gud."" Det, som I således dyrke uden at kende det, det forkynder jeg eder.
၂၃လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။
24 Gud, som har gjort Verden og alle Ting, som ere i den, han, som er Himmelens og Jordens Herre, bor ikke i Templer, gjorte med Hænder,
၂၄လောကဓာတ် မှစ၍ လောကဓာတ် ၌ ရှိ လေသမျှသောအရာ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင် သည်၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသော အရှင် ဖြစ် ၍၊ လူတို့လက် ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
25 han tjenes ikke heller af Menneskers Hænder som en, der trænger til noget, efterdi han selv giver alle Liv og Ånde og alle Ting.
၂၅ဘုရားသခင် သည် ခပ်သိမ်း သောသူတို့အား ဇီဝ အသက်နှင့်တကွ ထွက်သက်ဝင်သက် မှစ၍ ခပ်သိမ်း သောအရာ တို့ကို ပေး တော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခု ကို အလို တော်ရှိသကဲ့သို့လူ တို့လက် ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မ ဟုတ်။
26 Og han har gjort, at hvert Folk iblandt Mennesker bor ud af eet Blod på hele Jordens Flade, idet han fastsatte bestemte Tider og Grænserne for deres Bolig,
၂၆ဘုရားသခင်သည် မြေ တပြင်လုံး ၌ နေ ရသော လူ အမျိုးမျိုး တို့ ကိုတစ် သွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေ စီမံ သောအချိန် ကာလကို ၎င်း ၊ သူ တို့၏ နေရာ အပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
27 for at de skulde søge Gud, om de dog kunde føle sig frem og finde ham, skønt han er ikke langt fra hver enkelt af os;
၂၇အကြောင်းမူကား၊ လူတို့သည် ဘုရားသခင် ကို ရှာ စမ်း သဖြင့် တွေ့ ကောင်းတွေ့ကြလိမ့်မည်အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါ တို့တွင် အဘယ်သူနှင့်မျှဝေး တော်မူသည်မ ဟုတ်။
28 thi i ham leve og røres og ere vi, som også nogle af eders Digtere have sagt: Vi ere jo også hans Slægt.
၂၈ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။
29 Efterdi vi da ere Guds Slægt, bør vi ikke mene, at Guddommen er lig Guld eller Sølv eller Sten, formet ved Menneskers Kunst og Opfindsomhed.
၂၉ထိုသို့ ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ် ဖြစ် လျက်နှင့် လူတို့ အတတ် အကြံအစည် အားဖြင့်ထုလုပ် သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကျောက် ရုပ်တုနှင့် ဘုရားသခင် တူ တော်မူသည်ဟု မ ထင် မမှတ်အပ်။
30 Efter at Gud altså har båret over med disse Vankundighedens Tider, byder han nu Menneskene at de alle og alle Vegne skulle omvende sig.
၃၀ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
31 Thi han har fastsat en Dag, på hvilken han vil dømme Jorderige med Retfærdighed ved en Mand, som han har beskikket dertil, og dette har han bevist for alle ved at oprejse ham fra de døde."
၃၁အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။
32 Men da de hørte om de dødes Opstandelse, spottede nogle; men andre sagde: "Ville atter høre dig om dette."
၃၂သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။
33 Således gik Paulus ud fra dem.
၃၃ထိုသို့ ဆိုကြသောအခါပေါလု သည် ထိုသူ တို့ အထဲ မှ ထွက်သွား လေ၏။
34 Men nogle Mænd holdt sig til ham og troede; iblandt hvilke også var Areopagiten Dionysius og en Kvinde ved Navn Damaris og andre med dem.
၃၄လူ အချို့ တို့သည် ပေါလု ၌ မှီဝဲ ဆည်းကပ်၍ ယုံကြည် ခြင်းသို့ ရောက်ကြ၏။ ထိုသူ တို့အဝင် ဒယောနုသိ အမည်ရှိသော အာရေ တောင် မင်းတစ်ယောက်၊ ဒမာရိ အမည် ရှိသောမိန်းမ တစ်ယောက်မှစ၍ အခြား သောသူရှိ ကြ၏။

< Apostelenes gerninger 17 >