< Anden Krønikebog 35 >
1 Derpå fejrede Josias Påske for HERREN i Jerusalem, og de slagtede Påskelammet den fjortende Dag i den første Måned.
၁ယောရှိမင်းသည်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းသည့်အနေဖြင့်ယေရုရှလင်မြို့ တွင် ပသခါပွဲတော်ကျင်းပ၍ပထမလ တစ်ဆယ့်လေးရက်နေ့၌ထိုပွဲတော်အတွက် သိုးနွားများကိုသတ်စေ၏။-
2 Han satte Præsterne til det, de havde at varetage, og opmuntrede dem til Tjenesten i HERRENs Hus;
၂မင်းကြီးသည်ယဇ်ပုရောဟိတ်တို့အားဗိမာန် တော်တွင်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကိုသတ်မှတ်ပေးပြီးလျှင် ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ကြရန်အားပေး တိုက်တွန်းတော်မူ၏။-
3 og til Leviterne, som underviste hele Israel og var helliget HERREN, sagde han: "Sæt den hellige Ark i Templet, som Davids Søn, Kong Salomo af Israel, byggede; I skal ikke mere bære den på Skuldrene. Tjen nu HERREN eders Gud og hans Folk Israel!
၃ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-
4 Gør eder rede Fædrenehus for Fædrenehus, Skifte for Skifte, efter Kong David af Israels Forskrift og hans Søn Salomos Anvisning,
၄ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းပေး အပ်တော်မူခဲ့သည့်တာဝန်ဝတ္တရားများအရ သားချင်းစုအလိုက်ဗိမာန်တော်တွင်နေရာ ယူရကြမည်။-
5 og stil eder op i Helligdommen, således at der bliver et Skifte af et levitisk Fædrenehus for hver Afdeling af eders Brødres, Almuens, Fædrenehuse,
၅ယင်းသို့ပြုရာတွင်ဣသရေလအမျိုးသား အိမ်ထောင်စုတိုင်းကို သင်တို့အနက်အချို့တို့ သည်ကူညီမစနိုင်စေရန်စီစဉ်ဆောင်ရွက် ကြလော့။-
6 og slagt så Påskeofferdyrene, helliger eder og tillav dem til eders Brødre for at handle efter HERRENs Ord ved Moses."
၆သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
7 Josias gav frivilligt Almuen, alle dem, der var til Stede, en Ydelse af Småkvæg, Lam og Gedekid, alt sammen til Påskeofferdyr, 30.000 Stykker i Tal, og 3.000 Stykker Hornkvæg, alt af Kongens Ejendom;
၇ယောရှိမင်းသည်ပသခါပွဲတော်တွင်ပြည် သူတို့အသုံးပြုရန်အတွက် မိမိပိုင်သိုး ကြီးသိုးငယ်နှင့် ဆိတ်ငယ်ကောင်ရေသုံး သောင်း၊ နွားကောင်ရေသုံးထောင်ပေးလှူ တော်မူ၏။-
8 og hans Øverster gav frivilligt Folket, Præslerne og Leviterne en Ydelse; Hilkija, Zekarja og Jehiel, Guds Hus's Øverster, gav Præsterne til Påskeofferdyr 2.600 Stykker Småkvæg og 300 Stykker Hornkvæg.
၈သူ၏မှူးမတ်များကလည်းပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အသုံးပြုရန်အတွက်ပေးလှူကြလေ သည်။ ဗိမာန်တော်မှူးများဖြစ်ကြသောယဇ် ပုရောဟိတ်မင်းဟိလခိ၊ ဇာခရိနှင့်ယေ ဟေလတို့သည်ယဇ်ပုရောဟိတ်တို့အား သိုးငယ်ဆိတ်ငယ်ကောင်ရေနှစ်သောင်းခြောက် ထောင်နှင့်နွားကောင်ရေသုံးရာကိုပွဲတော် အတွင်းယဇ်ပူဇော်ရန်ပေးလှူကြ၏။-
9 Leviternes Øverster Konanja og hans Brød1e Sjemaja og Netan'el, Hasjabja, Je'iel og Jozabad ydede Leviterne til Påskeofferdyr 5.000 Stykker Småkvæg og 500 Stykker Hornkvæg.
၉လေဝိအနွယ်ဝင်ခေါင်းဆောင်များဖြစ်ကြ သောကောနနိ၊ ရှေမာယ၊ ရှေမာယ၏ညီ နာသနေလ၊ ဟာရှဘိ၊ ယေယေလနှင့်ယော ဇဗဒ်တို့ကလည်းလေဝိအနွယ်ဝင်တို့ယဇ် ပူဇော်ရန်အတွက် သိုးငယ်ဆိတ်ငယ်ကောင် ရေငါးရာကိုပေးလှူကြ၏။
10 Således ordnedes Tjenesten, og Præsterne stod på deres Plads, ligeledes Leviterne, Skifte for Skifte efter Kongens Bud.
၁၀ပသခါပွဲတော်ကျင်းပရန်လိုအပ်သည့်ပြင် ဆင်မှုများပြုလုပ်ပြီးသောအခါယဇ်ပုရော ဟိတ်များနှင့် လေဝိအနွယ်ဝင်တို့သည် မင်းကြီး ၏အမိန့်တော်အတိုင်းမိမိတို့၏နေရာများ ကိုယူကြ၏။-
11 De slagtede Påskedyrene, og Præsterne sprængte Blodet, som de rakte dem, medens Leviterne flåede Huden af.
၁၁လေဝိအနွယ်ဝင်တို့သည်သိုးများဆိတ်များကို သတ်ပြီးနောက်အရေကိုခွာကြ၏။ ယဇ်ပုရော ဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင်သွေးကိုပက်ဖြန်း ကြ၏။-
12 Derpå gjorde de Brændofrene tede for at give dem til de enkelte Afdelinger af Almuens Fædrenehuse, så at de kunde frembæres for HERREN, som det er foreskrevet i Moses's Bog, og på samme Måde gjorde de med Hornkvæget.
၁၂ထိုနောက်သူတို့သည်မောရှေ၏ပညတ်ကျမ်း တွင်ညွှန်ကြားထားသည့်အတိုင်း မီးရှို့ရန် ယဇ်ကောင်များကိုပြည်သူတို့အားအိမ် ထောင်စုအလိုက်ခွဲဝေပေးကြ၏။-
13 Påskedyrene stegte de over Ilden på den foreskrevne Måde, men de hellige Stykker kogte de i Gryder, Kedler og Skåle og bragte dem skyndsomt til Almuen.
၁၃လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
14 Derefter gjorde de Påskedyr rede til sig selv og Præsterne, thi Præsterne, Arons Sønner, var sysselsatte med at ofre 81ændofrene og Fedtstykkerne lige til Nattens Frembrud; derfor gjorde Leviterne Ofre rede både for sig selv og Præsterne, Arons Sønner.
၁၄ထိုနောက်လေဝိအနွယ်ဝင်တို့သည်မိမိတို့ အတွက်နှင့်အာရုန်မှဆင်းသက်သူ ယဇ်ပုရော ဟိတ်များအတွက်အသားများကိုပေးဝေ ကြလေသည်။ အဘယ်ကြောင့်ဆိုသော်ယဇ် ပုရောဟိတ်တို့သည်တစ်ကောင်လုံးမီးရှို့ ပူဇော်ရသောယဇ်များနှင့် ယဇ်ကောင်ဆီဥ များကိုမီးရှို့ပူဇော်ခြင်းဖြင့်ညဥ့်ဦးတိုင် အောင်အလုပ်များလျက်နေကြသော ကြောင့်ဖြစ်၏။-
15 Sangerne, Asafs Sønner, var på deres Plads efterDavids, Asafs, Hemans og Kongens Seer Jedutuns Bud, og Dørvogterne ved de forskellige Porte; de måtte ikke forlade deres Plads, men deres Brødre Leviterne gjorde Påskedyr rede for dem.
၁၅အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
16 Således ordnedes hele HERRENs Tjeneste den Dag, idet man fejrede Påsken og bragte Brændofre på HERRENs Alter efter Kong Josias's Bud;
၁၆ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။-
17 og Israeliterne, som var til Stede, fejrede dengang Påsken og de usyrede Brøds Højtid i syv Dage.
၁၇ထိုအရပ်၌ရှိကြကုန်သောဣသရေလပြည် သူအပေါင်းတို့သည် ပသခါပွဲတော်နှင့်တဆေး မဲ့မုန့်ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပ ကြလေသည်။-
18 En Påske som den var ikke blevet fejret i Israel siden Profeten Samuels Dage, og ingen af Israels Konger havde fejret en Påske som den, Josias, Præsterne og Leviterne og alle de Judæere og Israeliter, som var til Stede, og Jerusalems Indbyggere fejrede.
၁၈ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။
19 I Josias's attende Regeringsår blev denne Påsk fejret.
၁၉
20 Efter alt dette, da Josias havde sat Templet i Stand, drog Ægypterkongen Neko op til Kamp ved Karkemisj, der ligger ved Eufrat. Josias drog imod ham;
၂၀ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
21 men han sendte Sendebud til ham og lod sige: "Hvad er der mig og dig imellem, Judas Konge? Det er ikke dig, det nu gælder, men det Kongehus, jeg ligget i Krig med; og Gud har sagt, at jeg skulde haste. Gå ikke imod den Gud, der er med mig, at han ikke skal ødelægge dig!"
၂၁နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
22 Josias vendte dog ikke om, men vovede at indlade sig i Hamp med ham; han tog ikke Hensyn til Nekos Ord, der dog kom fra Guds Mund, men drog ud til Kamp på Megiddos Slette.
၂၂သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။
23 Da ramte Bueskytterne Kong Josias; og Kongen sagde til sine Folk: "Før mig bort, thi jeg er hårdt såret!"
၂၃တိုက်ပွဲဝင်နေစဉ်ယောရှိသည်အီဂျစ်လေးသည် တော်တို့၏မြားချက်ထိမှန်သဖြင့်``ငါသည် ပြင်းစွာဒဏ်ရာရပြီ။ ငါ့အားထုတ်ဆောင် သွားလော့'' ဟုမိန့်တော်မူ၏။-
24 Hans Folk bragte ham da bort fra Vognen og satte ham på hans anden Vogn og førte ham til Jerusalem, hvor han døde. De jordede ham i hans Fædres Grave, og hele Juda og Jerusalem sørgede over Josias.
၂၄သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
25 Jeremias sang en Klagesang over Josias, og alle Sangerne og Sangerinderne talte i deres Klagesange om ham, som de gør den Dag i Dag; man gjorde dette til en stående Skik i Israel, og Sangene står optegnet blandt Klagesangene.
၂၅ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
26 Hvad der ellers er at fortælle om Josias og hans fromme Gerninger, der sfemte med, hvad der er foreskrevet i HERRENs Lov,
၂၆ထာဝရဘုရားအားယောရှိဆည်းကပ်ပုံနှင့် ပညတ်တော်များကိုစောင့်ထိန်းပုံတို့ကို လည်းကောင်း၊-
27 hans Historie fra først til sidst står jo optegnet i Bogen om Israels og Judas Konger.
၂၇သူ၏အတ္ထုပ္ပတ္တိအစအဆုံးနှင့်သူဆောင် ရွက်ခဲ့သည့်အမှုအရာအလုံးစုံတို့ကို လည်းကောင်းဣသရေလရာဇဝင်တွင်ရေး ထားသတည်း။