< Anden Krønikebog 13 >
1 I Kong Jerobeams attende Regeringsår blev Abija Konge over Juda.
၁ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
2 Tre År herskede han i Jerusalem. Hans Moder hed Mikaja og var Datter af Uriel fra Gibea. Abija og Jeroboam lå i Krig med hinanden.
၂ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
3 Abija åbnede Krigen med en krigsdygtig Hær, 400.000 udsøgte Mænd, og Jeroboam mødte ham med 800.000 udsøgte Mænd, dygtige Krigere,
၃အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
4 Da stillede Abija sig på Bjerget Zemarajim, der hører til Efraims Bjerge, og sagde: "Hør mig, Jeroboam og hele Israel!
၄တပ်မတော်နှစ်စုသည်တောင်ပေါများသောဧဖရိမ် ပြည်တွင်တွေ့ဆုံမိကြ၏။ အဘိယမင်းသည်ဇေ မရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့အား``နားထောင်ကြ လော့။-
5 Burde I ikke vide, at HERREN, Israels Gud, har givet David og hans Efterkommere Kongemagten over Israel til evig Tid ved en Saltpagt?
၅ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
6 Men Jeroboam, Nebats Søn, Davids Søn Salomos Træl, rejste sig og gjorde Oprør mod sin Herre,
၆နေဗတ်သားယေရောဗောင်သည်မိမိ၏ဘုရင် ရှောလမုန်အားပုန်ကန်ပြီးလျှင်၊-
7 og dårlige Folk, Niddinger, samlede sig om ham og bød Rehabeam, Salomos Søn, Trods; og Rebabeam var ung og veg og kunde ikke hævde sig over for dem.
၇ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
8 Og nu mener I at kunne hævde eder over for HERRENs Kongedømme i Davids Efterkommeres Hånd, fordi I er en stor Hob og på eders Side har de Guldkalve, Jeroboam lod lave eder til Guder!
၈ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-
9 Har I ikke drevet HERRENs Præster, Arons Sønner, og Leviterne bort og skaffet eder Præster på samme Måde som Hedningefolkene? Enhver, der kommer med en ung Tyr og syv Vædre for at indsættes, bliver Præst for Guder, der ikke er Guder!
၉သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။
10 Men vor Gud er HERREN, og vi har ikke forladt ham; de Præster, der tjener HERREN, er Arons Sønner og Leviterne udfører den øvrige Tjeneste;
၁၀``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။-
11 de antænder hver Morgen og Aften Brændofre til HERREN og vellugtende Røgelse, lægger Skuebrødene til Rette på Guldbordet og tænder Guldlysestagen og dens Lamper Aften efter Aften, thi vi holder HERREN vor Guds Forskrifter, men l har forladt ham!
၁၁သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
12 Se, med os, i Spidsen for os er Gud og hans Præster og Alarmtrompeterne, med hvilke der skal blæses til Kamp imod eder! Israeliter, indlad eder ikke i Kamp med HERREN, eders Fædres Gud, thi I får ikke Lykken med eder!"
၁၂ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
13 Jeroboam lod imidlertid Bagholdet gøre en omgående Bevægelse for at komme i Ryggen på dem, og således havde Judæerne Hæren foran sig og Bagholdet i Ryggen.
၁၃ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
14 Da Judæerne vendte sig om og så, at Angreb truede dem både forfra og bagfra, råbte de til HERREN, medens Præsterne blæste i Trompeterne.
၁၄ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
15 Så udstødte Judæerne Krigsskriget, og da Judæerne udstødte Krigsskriget, slog Gud Jeroboam og hele Israel foran Abija og Juda.
၁၅ယုဒအမျိုးသားတို့သည်အဘိယ၏ခေါင်း ဆောင်မှုဖြင့် အသံကျယ်စွာကြွေးကြော် လျက်တိုက်ခိုက်ကြကုန်၏။-
16 Israeliterne flygtede for Judæerne, og Gud gav dem i deres Hånd;
၁၆ထိုအခါဣသရေလအမျိုးသားတို့သည်ယုဒ အမျိုးသားများထံမှထွက်ပြေးကြလေသည်။ ဘုရားသခင်သည်ယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ကိုနှိမ်နင်းခွင့် ပေးတော်မူသတည်း။-
17 og Abija og hans Folk tilføjede dem et stort Nederlag, så der af Israeliterne faldt 500.000 udsøgte Krigere.
၁၇အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။-
18 Således ydmygedes Israeliterne den Gang, men Judæerne styrkedes, fordi de støttede sig til HERREN, deres Fædres Gud.
၁၈ယုဒအမျိုးသားတို့သည်မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုအားကိုးကြသည် ဖြစ်၍ ဣသရေလအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံရကြခြင်းဖြစ်ပေသည်။
19 Og Abija forfulgte Jeroboam og fratog ham flere Byer, Betel med Småbyer, Jesjana med Småbyer og Efrajin med Småbyer.
၁၉အဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။-
20 Jeroboam kom ikke til Kræfter mere, så længe Abija levede; og HERREN slog ham, så han døde.
၂၀အဘိယလက်ထက်၌ယေရောဗောင်သည် တန်ခိုးအာဏာဆုတ်ယုတ်လျက်နေ၏။ နောက် ဆုံး၌ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ကွယ်လွန်လေသည်။
21 Men Abijas Magt voksede. Han ægtede fjorten Hustruer og avlede to og tyve Sønner og seksten Døtre.
၂၁အဘိယမူကားတိုး၍တန်ခိုးကြီးလာ၏။ သူ၌မိဖုရားတစ်ဆယ့်လေးယောက်၊ သားနှစ် ဆယ့်နှစ်ယောက်နှင့်သမီးတစ်ဆယ့်ခြောက် ယောက်ရှိ၏။-
22 Hvad der ellers er at fortælle om Abija, hans Færd og Ord, står jo optegnet i Profeten Iddos Udlægning".
၂၂အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။