< Første Kongebog 15 >
1 I Kong Jeroboams, Nebats Søns, attende Regeringsår blev Abija Konge over Juda.
၁ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်တွင်နန်းတက်၍၊-
2 Tre År herskede han i Jerusalem. Hans Moder hed Ma'aka og var en datter af Absalom.
၂ယေရုရှလင်မြို့၌သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာအဗရှလုံ၏သမီးမာခါ ဖြစ်၏။-
3 Han vandrede i alle de Synder, hans Fader havde begået før ham, og hans Hjerte var ikke helt med HERREN hans Gud som hans Fader Davids.
၃အဘိယသည်မိမိ၏ခမည်းတော်ကူးခဲ့သည့် အပြစ်များကိုဆက်လက်၍ကူးလွန်၏။ သူသည် မိမိ၏ဘုရားသခင်ထာဝရဘုရားအား ဘေးတော်ဒါဝိဒ်ကဲ့သို့အကြွင်းမဲ့သစ္စာမစောင့်။-
4 Men for Davids Skyld lod HERREN hans Gud ham få en Lampe i Jerusalem, idet han ophøjede hans Sønner efter ham og lod Jerusalem bestå,
၄သို့ရာတွင်သူ၏ဘုရားသခင်ထာဝရဘုရား သည် ဒါဝိဒ်၏မျက်နှာကိုထောက်၍အဘိယမရှိ သည့်နောက်၌ ယေရုရှလင်မြို့ကိုအုပ်စိုးရန်နှင့် ယေရုရှလင်မြို့ကိုဘေးမဲ့လုံခြုံစွာစောင့်ထိန်း ရန်သားတော်တစ်ပါးကိုပေးတော်မူ၏။-
5 fordi David havde gjort, hvad der var ret i HERRENs Øjne, og ikke, så længe han levede, var veget fra noget af, hvad han havde pålagt ham, undtagen over for Hetiten Urias.
၅အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
6 (Rehabeam lå i Krig med Jeroboam, så længe han levede).
၆အဘိယသည်မိမိ၏နန်းသက်တစ်လျှောက် လုံး၌ယေရောဗောင်နှင့်စစ်ဖြစ်ခဲ့၏။-
7 Hvad der ellers er at fortælle om Abija, alt, hvad han gjorde, står jo optegnet i Judas Kongers Krønike. Abija og Jeroboam lå i Krig med hinanden.
၇အဘိယဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။
8 Så lagde Abija sig til Hvile hos sine Fædre, og man jordede ham i Davidsbyen; og hans Søn Asa blev Konge i hans Sted.
၈အဘိယကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော်အာသသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
9 I Kong Jeroboam af Israels tyvende Regeringsår blev Asa Konge over Juda,
၉ဣသရေလဘုရင်ယေရောဗောင်နန်းစံအနှစ် နှစ်ဆယ်မြောက်၌ အာသသည်ယုဒပြည်တွင် နန်းတက်၍၊-
10 og han herskede een og fyrretyve År i Jerusalem. Hans Moder hed Ma'aka og var en Datter af Absalom.
၁၀ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
11 Asa gjorde, hvad der var ret i HERRENs Øjne, ligesom hans Fader David;
၁၁အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-
12 han jog Mandsskøgerne ud af Landet og fjernede alle Afgudsbillederne, som hans Fædre havde ladet lave.
၁၂သူသည်ရုပ်တုကိုးကွယ်ဝတ်ပြုရာဌာနများ တွင် ပြည့်တန်ဆာအလုပ်ကိုလုပ်နေသောအမျိုး သားအမျိုးသမီးများကို တိုင်းပြည်မှနှင်ထုတ် ပြီးလျှင် မိမိ၏ဘိုးတော်ဘေးတော်ဘုရင်များ ပြုလုပ်ခဲ့သည့်ရုပ်တုများကိုဖယ်ရှားပစ်တော် မူ၏။-
13 Han fratog endog sin Moder Ma'aka Værdigheden som Herskerinde, fordi hun havde ladet lave et Skændselsbillede til Ære for Asjera; Asa lod hendes Skændselsbillede nedbryde og brænde i Kedrons Dal.
၁၃မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-
14 Vel forsvandt Offerhøjene ikke, men alligevel var Asas Hjerte helt med HERREN, så længe han levede.
၁၄ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
15 Og han bragte sin Faders og sine egne Helliggaver ind i HERRENs Hus, Sølv, Guld og forskellige Kar.
၁၅သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
16 Asa og Kong Basja af Israel lå i Krig med hinanden, så længe de levede.
၁၆ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
17 Kong Basja af Israel drog op imod Juda og befæstede Rama for at hindre, at nogen af Kong Asa af Judas Folk drog ud og ind.
၁၇ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။-
18 Da tog Asa alt det Sølv og Guld, der var tilbage i Skatkamrene i HERRENs Hus og i Kongens Palads, overgav det til sine Folk og sendte dem til Kong Benhadad af Aram, en Søn af Hezjons Søn Tabrimmon, som boede i Damaskus, idet han lod sige:
၁၈ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။-
19 "Der består en Pagt mellem mig og dig, mellem min Fader og din Fader; her sender jeg dig en Gave af Sølv og Guld; bryd derfor din Pagt med Kong Basja af Israel, så at han nødes til at drage bort fra mig!"
၁၉အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။
20 Benhadad gik ind på Kong Asas Forslag og sendte sine Hærførere mod Israels Byer og indtog Ijjon, Dan, Abel-Bet-Ma'aka og hele Kinnerot tillige med hele Naftalis Land.
၂၀ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
21 Da Basja hørte det, opgav han at befæste Rama og vendte tilbage til Tirza.
၂၁ဤသတင်းကိုကြားသောအခါဗာရှာမင်း သည်ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ၍ တိရဇမြို့သို့ထွက်ခွာသွားတော်မူ၏။
22 Men Kong Asa stævnede hver eneste Mand i hele Juda sammen, og de førte Stenene og Træværket bort, som Basja havde brugt ved Befæstningen af Rama; dermed befæstede Kong Asa så Geba i Benjamin og Mizpa.
၂၂ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
23 Hvad der ellers er at fortælle om Asa, alle hans Heltegerninger, alt, hvad han gjorde, og de Byer, han befæstede, står jo optegnet i Judas Kongers Krønike. I øvrig led han i sin Alderdom af en Sygdom i Fødderne.
၂၃အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
24 Så lagde han sig til Hvile hos sine Fædre og blev jordet hos sine Fædre i sin Fader Davids By; og hans Søn Josafat blev Konge i hans Sted.
၂၄ကွယ်လွန်သော်သူ့ကိုဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်ယေဟောရှဖတ် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
25 Nadab, Jeroboams Søn, blev Konge over Israel i Kong Asa af Judas andet Regeringsår, og han herskede to År over Israel.
၂၅ယုဒဘုရင်အာသနန်းစံဒုတိယနှစ်၌ ယေရော ဗောင်မင်း၏သားတော်နာဒဒ်သည် ဣသရေလ ပြည်တွင်နန်းတက်၍နှစ်နှစ်မျှနန်းစံတော်မူ၏။-
26 Han gjorde, hvad der var ondt i HERRENs Øjne, og vandrede i sin Faders Spor og i de Synder, han havde forledt Israel til.
၂၆သူသည်မိမိ၏ခမည်းတော်ကဲ့သို့ပင်ထာဝရ ဘုရားအားပြစ်မှား၍ ဣသရေလပြည်သူတို့ အားအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြပေးလေ သည်။
27 Da stiftede Basja, Ahijas Søn af Issakars Hus, en Sammensværgelse imod ham, og Basja huggede ham ned ved Gibbeton, der tilhørte Filisterne, medens Nadab og hele Israel belejrede Byen.
၂၇နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
28 Basja dræbte ham i Kong Asa af Judas tredje Regeringsår og blev Konge i hans Sted;
၂၈
29 nu da han var blevet Konge, lod han hele Jeroboams Hus nedhugge, idet han ikke skånede en eneste Sjæl af Jeroboams Slægt, men udryddede dem efter det Ord, HERREN havde talet ved sin Tjener Ahija fra Silo,
၂၉ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။-
30 for de Synders Skyld, Jeroboam havde begået og forledt Israel til, for den Krænkelse, han havde tilføjet HERREN, Israels Gud.
၃၀ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။
31 Hvad der ellers er at fortælle om Nadab, alt, hvad han gjorde, står jo optegnet i Israels Kongers Krønike
၃၁နာဒဒ်ဆောင်ရွက်ခဲ့သော အခြားအမှုအရာ အလုံးစုံကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
32 ( Asa og kong Ba'sja af Israel lå i Krig med hinanden, så længe de levede.)
၃၂ယုဒဘုရင်အာသနှင့်ဣသရေလဘုရင် ဗာရှာတို့သည် မိမိတို့နန်းသက်တစ်လျှောက် လုံးစစ်ဖြစ်ကြလေသည်။
33 I Kong Asa af Judas tredje Regeringsår blev Basja, Ahijas Søn, Konge over hele Israel, og han herskede tre og tyve År i Tirza.
၃၃ယုဒဘုရင်အာသနန်းစံတတိယနှစ်၌၊ အဟိယ ၏သားဗာရှာသည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ် လာပြီးလျှင်၊ တိရဇမြို့တွင်နှစ်ဆယ့်လေးနှစ်နန်း စံတော်မူ၏။-
34 Han gjorde, hvad der var ondt i HERRENs Øjne, og vandrede i Jeroboams Spor og de Synder, han havde forledt Israel til.
၃၄ယေရောဗောင်မင်းကဲ့သို့သူသည်ထာဝရဘုရား ကိုပြစ်မှား၍ ဣသရေလပြည်သူတို့အားအပြစ် ကူးစေရန်ရှေ့ဆောင်လမ်းပြလေသည်။