< Salme 74 >

1 En Maskil af Asaf. Hvorfor har du, Gud, stødt os bort for evigt, hvi ryger din Vrede mod Hjorden, du røgter?
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​ဤ​သို့​စွန့်​ပစ်​၍ ထား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​စဉ်​အ​မြဲ အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​လော။
2 Kom din Menighed i Hu, som du fordum vandt dig, — du udløste den til din Ejendoms Stamme — Zions Bjerg, hvor du har din Bolig.
ရှေး​အ​ခါ​က​ရွေး​ကောက်​တော်​မူ​ခဲ့​သည့် လူ​စု​တော်၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ကျွန်​ဘ​ဝ​မှ​ရွေး​နုတ်​ဝယ်​ယူ​တော်​မူ​ခဲ့​သည့် လူ​စု​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယ​ခင်​က​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ခဲ့​ရာ ဇိ​အုန်​တောင်​ကို​သ​တိ​ရ​တော်​မူ​ပါ။
3 Løft dine Fjed til de evige Tomter: Fjenden lagde alt i Helligdommen øde.
ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည် ဗိ​မာန်​တော်​အ​တွင်း​မှ​ရှိ​သ​မျှ​သော​အ​ရာ တို့​ကို ဖျက်​ဆီး​ပစ်​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကြွ​လာ​တော်​မူ​၍​လုံး​ဝ ပျက်​စီး​နေ​သည့်​အ​ရာ​များ​ကို​ကြည့်​ရှု​တော် မူ​ပါ။
4 Dine Fjender brøled i dit Samlingshus, satte deres Tegn som Tegn deri.
ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။
5 Det saa ud, som naar man løfter Økser i Skovens Tykning.
သစ်​ခုတ်​သ​မား​များ​သည်​ပု​ဆိန်​ဖြင့်​သစ်​ပင်​များ​ကို ခုတ်​လှဲ​သ​ကဲ့​သို့
6 Og alt det udskaarne Træværk der! De hugged det sønder med Økse og Hammer.
သူ​တို့​သည်​ဗိ​မာန်​တော်​သစ်​သား​ပန်း​ပု​လက်​ရာ များ​ကို ပု​ဆိန်​တင်း​ပုတ်​များ​ဖြင့်​ရိုက်​ချိုး​ပစ်​ကြ​ပါ​၏။
7 Paa din Helligdom satte de Ild, de skændede og nedrev dit Navns Bolig.
သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။
8 De tænkte: »Til Hobe udrydder vi dem!« De brændte alle Guds Samlingshuse i Landet.
သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။
9 Vore Tegn, dem ser vi ikke, Profeter findes ej mer; hvor længe, ved ingen af os.
ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။
10 Hvor længe, o Gud, skal vor Modstander smæde, Fjenden blive ved at haane dit Navn?
၁၀အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။
11 Hvorfor holder du din Haand tilbage og skjuler din højre i Kappens Fold?
၁၁အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​လက်​ပိုက်​၍​နေ​တော်​မူ​ပါ သ​နည်း။
12 Vor Konge fra fordums Tid er dog Gud, som udførte Frelsens Værk i Landet.
၁၂သို့​သော် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။
13 Du kløvede Havet med Vælde, knuste paa Vandet Dragernes Hoved;
၁၃ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။
14 du søndrede Hovederne paa Livjatan og gav dem som Æde til Ørkenens Dyr;
၁၄ကိုယ်​တော်​ရှင်​သည်​ရေ​န​ဂါး​ကြီး​လေ​ဝိ​သန် ၏ ဦး​ခေါင်း​များ​ကို​ချေ​မှုန်း​တော်​မူ​၍ အ​သေ​ကောင်​ကို​တော​ကန္တာ​ရ​ရှိ​သား​ရဲ တိ​ရစ္ဆာန်​တို့​အား​စား​ရန်​ပေး​အပ်​တော်​မူ ပါ​၏။
15 Kilde og Bæk lod du vælde frem, du udtørred stedseflydende Strømme;
၁၅ကိုယ်​တော်​ရှင်​သည်​ချောင်း​ရေ​နှင့်​စမ်း​ရေ​ကို ပေါက်​စေ​တော်​မူ​၍ မြစ်​ကြီး​များ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ပါ​၏။
16 din er Dagen, og din er Natten, du grundlagde Lys og Sol,
၁၆နေ့​နှင့်​ည​ကို​ဖန်​ဆင်း​တော်​မူ​၍​နေ​နှင့်​လ​ကို နေ​ရာ​ချ​တော်​မူ​ပါ​၏။
17 du fastsatte alle Grænser paa Jord, du frembragte Sommer og Vinter.
၁၇ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​၏​နယ် နိ​မိတ်​ကို သတ်​မှတ်​တော်​မူ​၍​နွေ​ဥ​တု​နှင့်​ဆောင်း​ဥ​တု​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။
18 Kom i Hu, o HERRE, at Fjenden har haanet, et Folk af Daarer har spottet dit Navn!
၁၈သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။
19 Giv ikke Vilddyret din Turteldues Sjæl, glem ikke for evigt dine armes Liv;
၁၉ကိုယ်​တော်​ရှင်​၏​ခို​ကိုး​ရာ​မဲ့​သည့်​လူ​စု​တော်​အား ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏ လက်​တွင် စွန့်​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​နေ​ရ​သော​ကိုယ်​တော် ရှင်​၏ လူ​စု​တော်​အား​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
20 se hen til Pagten, thi fyldte er Landets mørke Steder med Voldsfærds Boliger.
၂၀ကျွန်​တော်​မျိုး​တို့​နှင့်​ကိုယ်​တော်​ရှင်​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ တိုင်း​ပြည်​ရှိ​မှောင်​ကျ​ရာ​အ​ရပ်​တိုင်း​တွင် အ​ကြမ်း​ဖက်​မှု​ရှိ​ပါ​၏။
21 Lad ej den fortrykte gaa bort med Skam, lad de arme og fattige prise dit Navn!
၂၁ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မ​မူ​ပါ​နှင့်။ ယင်း​ဆင်း​ရဲ​သူ​များ​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။
22 Gud, gør dig rede, før din Sag, kom i Hu, hvor du stadig smædes af Daarer,
၂၂အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။
23 lad ej dine Avindsmænds Røst uænset! Ustandseligt lyder dine Fjenders Larm!
၂၃ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

< Salme 74 >