< Josua 5 >
1 Men da alle Amoriterkongerne vesten for Jordan og alle Kana'anæerkongerne ved Havet hørte, at HERREN havde ladet Jordans Vand tørre bort foran Israeliterne, indtil de var gaaet over, blev de slaget af Rædsel og tabte Modet over for Israeliterne.
၁ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။
2 Paa den Tid sagde HERREN til Josua: »Lav dig Stenknive og omskær paa ny Israeliterne!«
၂ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ၊ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊
3 Da lavede Josua sig Stenknive og omskar Israeliterne ved Forhudshøjen.
၃ယောရှု သည် ကျောက် ထား များကို လုပ် ၍ ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
4 Og dette var Grunden til, at Josua omskar dem: Alt Mandkøn af Folket, som drog ud af Ægypten, alle vaabenføre Mænd, var døde undervejs i Ørkenen, efter at de var draget ud af Ægypten.
၄ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။
5 Hele Folket, som drog ud, havde nok været omskaaret, men af det Folk, som var født i Ørkenen under Vandringen, efter at de var draget ud af Ægypten, var ingen blevet omskaaret;
၅ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ၌ ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။
6 thi i fyrretyve Aar havde Israeliterne vandret i Ørkenen, indtil hele Folket, de vaabenføre Mænd, som var draget ud af Ægypten, var døde, fordi de ikke havde adlydt HERRENS Røst, hvorfor HERREN havde svoret, at han ikke vilde lade dem se det Land, HERREN havde tilsvoret deres Fædre at ville give os, et Land, der flyder med Mælk og Honning.
၆အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။
7 Men deres Børn, som han havde ladet træde i deres Sted, dem omskar Josua; thi de var uomskaarne, eftersom de ikke var blevet omskaaret under Vandringen.
၇သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း ၌ အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ၊ ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
8 Da saa hele Folket var blevet omskaaret, holdt de sig i Ro, hvor de var i Lejren, indtil de kom sig.
၈လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ ၊ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။
9 Men HERREN sagde til Josua: »I Dag har jeg bortvæltet Ægypternes Forsmædelse fra eder.« Og han kaldte dette Sted Gilgal, som det hedder den Dag i Dag.
၉ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။
10 Medens Israeliterne laa i Lejr i Gilgal, fejrede de Paasken om Aftenen den fjortende Dag i Maaneden paa Jerikos Sletter;
၁၀ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ၍ ၊ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။
11 og Dagen efter Paasken spiste de af Landets Afgrøde, usyrede Brød og ristet Korn;
၁၁ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။
12 selv samme Dag hørte Mannaen op, da de nu spiste af Landets Afgrøde; Israeliterne fik ikke Manna mer, men spiste det Aar af Høsten i Kana'ans Land.
၁၂ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ရ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ၌ ဖြစ် သော အသီးအနှံကို စား ရကြ၏။
13 Og det skete, medens Josua opholdt sig ved Jeriko, at han saa op og fik Øje paa en Mand, som stod foran ham med draget Sværd i Haanden. Josua gik da hen til ham og sagde: »Er du en af vore eller en af vore Fjender?«
၁၃ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊
14 Han svarede: »Ingen af Delene, jeg er Fyrsten over HERRENS Hær; lige nu er jeg kommet!« Da faldt Josua til Jorden paa sit Ansigt og tilbad og sagde til ham: »Hvad har min Herre at sige sin Tjener?«
၁၄ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊
15 Og Fyrsten over HERRENS Hær svarede Josua: »Drag dine Sko af Fødderne, thi det Sted, du staar paa, er helligt!« Det gjorde Josua.
၁၅ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။