< Jeremias 36 >
1 I Josias's Søns, Kong Jojakim af Judas, fjerde Regeringsaar kom dette Ord til Jeremias fra HERREN:
၁ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ထာဝရဘုရားသည်ငါ့အား၊-
2 »Tag dig en Bogrulle og skriv deri alle de Ord, jeg har talet til dig om Jerusalem og Juda og om alle Folkene, fra den Dag jeg først talede til dig, fra Josias's Dage og til den Dag i Dag.
၂``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
3 Maaske vil Judas Hus mærke sig al den Ulykke, jeg har i Sinde at gøre dem, for at de maa omvende sig hver fra sin onde Vej, saa jeg kan tilgive deres Brøde og Synd.«
၃ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။
4 Saa tilkaldte Jeremias Baruk, Nerijas Søn, og Baruk optegnede i Bogrullen efter Jeremias's Mund alle de Ord, HERREN havde talet til ham.
၄သို့ဖြစ်၍ငါသည်နေရိ၏သားဗာရုတ်ကို ခေါ်ပြီးလျှင် မိမိအားထာဝရဘုရားမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် ရန်နှုတ်တိုက်ချပေးလေသည်။ ဗာရုတ်သည် လည်းစာလိပ်တစ်ခုတွင်ရေးမှတ်၍ထား၏။-
5 Derpaa sagde Jeremias til Baruk: »Jeg er hindret i at gaa ind i HERRENS Hus;
၅ထိုနောက်ငါသည်ဗာရုတ်အား``ငါသည်ဗိမာန် တော်သို့ဝင်ခွင့်မရပါ။-
6 men gaa du ind og læs HERRENS Ord op af Bogrullen, som du skrev efter min Mund, for Folket i HERRENS Hus paa en Fastedag; ogsaa for alle Judæere, der kommer ind fra deres Byer, skal du læse dem.
၆သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
7 Maaske naar deres klage HERRENS Aasyn, maaske omvender de sig hver fra sin onde Vej; thi stor er Vreden og Harmen, som HERREN har udtalt mod dette Folk.«
၇ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
8 Og Baruk, Nerijas Søn, gjorde ganske som Profeten Jeremias paalagde ham, og oplæste HERRENS Ord af Bogen i HERRENS Hus.
၈ထို့ကြောင့်ဗာရုတ်သည်မိမိအားငါမှာကြား ထားသည့်အတိုင်း တိကျစွာထာဝရဘုရား ၏ဗျာဒိတ်စကားတော်တို့ကိုဗိမာန်တော် ထဲ၌ဖတ်ပြလေ၏။
9 I Josias's Søns, Kong Jojakim af Judas, femte Regeringsaar i den niende Maaned udraabte alt Folket i Jerusalem og alt Folket, der fra Judas Byer kom ind til Jerusalem, en Faste for HERREN.
၉ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်း စံပဉ္စမနှစ်၊ နဝမလ၌ဣသရေလပြည်သား တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် မျက်နှာ ပွင့်လန်းအံ့သောငှာအစာရှောင်ချိန်ကိုကြေ ညာကြသဖြင့် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့သည်လည်းကောင်း၊ ယုဒမြို့ အသီးသီးမှလာရောက်ကြသူလူအပေါင်း တို့သည်လည်းကောင်းအစာရှောင်ကြကုန်၏။-
10 Da oplæste Baruk for alt Folket Jeremias's Ord af Bogen i HERRENS Hus, i Gemarjahus, Statsskriveren Sjafans Søns, Kammer i den øvre Forgaard ved Indgangen til HERRENS Hus's nye Port.
၁၀ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
11 Da nu Mika, en Søn af Sjafans Søn Gemarjahu, havde hørt HERRENS Ord oplæse af Bogen,
၁၁ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊-
12 gik han ned i Kongens Hus til Statsskriverens Kammer, hvor han traf alle Fyrsterne siddende, Statsskriveren Elisjama, Delaja Sjemajas Søn, Elnatan Akbors Søn, Gemarjahu Sjafans Søn, Zidkija Hananjas Søn og alle de andre Fyrster;
၁၂နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။-
13 og Mika meldte dem alt, hvad han havde hørt, da Baruk læste Bogen op for Folket.
၁၃မိက္ခာယသည်လူတို့အားဗာရုတ်ဖတ်ပြသည့် စကားများအနက်မိမိကြားသိခဲ့ရသမျှ ကိုထိုသူတို့အားပြောပြလေသည်။-
14 Da sendte alle Fyrsterne Jehudi, en Søn af Netanja, en Søn af Sjelemja, en Søn af Kusji, til Baruk og lod sige: »Tag Bogrullen, du læste op for Folket, og kom her ned!« Saa tog Baruk, Nerijas Søn, Bogrullen og kom til dem.
၁၄ထိုအခါမှူးမတ်တို့သည်ကုရှိ၏မြစ်၊ ရှေလမိ ၏မြေး၊ နာသနိ၏သားယေဟုဒိကိုဗာရုတ် ထံသို့စေလွှတ်၍ ဗာရုတ်အားမိမိလူတို့ဖတ်ပြ သည့်စာလိပ်နှင့်အတူလာရောက်ရန်မှာကြား လိုက်ကြ၏။ ဗာရုတ်သည်လည်းထိုသူတို့ထံ သို့လာလေသည်။-
15 De sagde til ham: »Sæt dig og læs den for os!« Og Baruk læste for dem.
၁၅ထိုသူတို့သည်ဗာရုတ်ကိုထိုင်ရန်ပြောကြား ပြီးလျှင်``ဤစာလိပ်ကိုငါ့တို့အားဖတ်ပြ ပါလော့'' ဟုဆိုသဖြင့်ဗာရုတ်သည်ဖတ်၍ ပြ၏။-
16 Men da de havde hørt alle disse Ord, saa de rædselsslagne paa hverandre og sagde: »Alt det maa vi sige Kongen.«
၁၆ဖတ်၍ပြီးဆုံးသွားသောအခါမှူးမတ်တို့သည် ထိတ်လန့်သည့်အမှုအရာဖြင့်အချင်းချင်း ကြည့်ကာ``ဤအမှုကိုမင်းကြီးအားငါတို့ သံတော်ဦးတင်ရပါမည်'' ဟုဗာရုတ်အား ပြောကြာပြီးလျှင်၊-
17 Og de spurgte Baruk: »Sig os, hvorledes du kom til at optegne alle disse Ord!«
၁၇``သင်သည်အဘယ်သို့လျှင်ဤစကားအလုံး စုံကိုရရှိရေးမှတ်ခဲ့ပါသနည်း။ ယင်းတို့ ကိုသင့်အားယေရမိနှုတ်တိုက်ချပေးပါ သလော'' ဟုမေးမြန်းကြ၏။
18 Baruk svarede: »Jeremias foresagde mig alle Ordene, og jeg optegnede dem i Bogen med Blæk.«
၁၈ဗာရုတ်သည်လည်း၊``ဤစကားအလုံးစုံကို ယေရမိကနှုတ်တိုက်ချပေး၍ အကျွန်ုပ်က မင်နှင့်စာလိပ်ပေါ်တွင်ရေးချပါသည်'' ဟု ပြန်လည်ဖြေကြား၏။
19 Saa sagde Fyrsterne til Baruk: »Gaa hen og gem eder, du og Jeremias, og lad ingen vide, hvor I er!«
၁၉ထိုအခါမှူးမတ်များက``သင်နှင့်ယေရမိ သည်ထွက်ပြေးပုန်းရှောင်နေရကြပေမည်။ သင်တို့ရှိရာကိုအဘယ်သူမျှမသိစေ နှင့်'' ဟုဗာရုတ်အားပြောကြားကြ၏။
20 Efter saa at have lagt Bogrullen til Side i Statsskriveren Elisjamas Kammer kom de til Kongen i hans Stue og sagde ham alt.
၂၀မှူးမတ်တို့သည်စာလိပ်ကိုဘုရင့်အတိုင် ပင်ခံအမတ်ဧလိရှမာ၏အခန်းတွင်ထား ခဲ့၍ နန်းတော်သို့သွားရောက်ကာမင်းကြီး အားဖြစ်ပျက်သမျှအကြောင်းစုံကိုသံ တော်ဦးတင်ကြ၏။-
21 Saa sendte Kongen Jehudi hen at hente Bogrullen i Statsskriveren Elisjamas Kammer; og Jehudi læste den op for Kongen og alle Fyrsterne, der stod om Kongen.
၂၁ထိုအခါမင်းကြီးသည်ယေဟုဒိအားစေ လွှတ်၍စာလိပ်ကိုအယူခိုင်းလေသည်။ ယေဟု ဒိသည်လည်းဧလိရှမာ၏အခန်းမှထိုစာ လိပ်ကိုယူပြီးလျှင် မင်းကြီးနှင့်တကွမင်း ကြီး၏ပတ်လည်တွင်ရပ်လျက်နေသည့် မှူးမတ်များ၏ရှေ့တွင်ဖတ်ပြ၏။-
22 Kongen sad i Vinterhuset med et brændende Kulbækken foran sig;
၂၂ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။-
23 og hver Gang Jehudi havde læst tre fire Spalter, skar Kongen dem af med Statsskriverens Pennekniv og kastede dem paa Ilden i Bækkenet, indtil hele Bogrullen var fortæret af Ilden i Bækkenet.
၂၃ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-
24 Og hverken Kongen eller nogen af hans Folk blev rædselsslagen eller sønderrev deres Klæder, da de hørte alle disse Ord;
၂၄သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။-
25 men skønt Elnatan, Delaja og Gemarjahu bad Kongen ikke brænde Bogrullen, hørte han dem ikke.
၂၅ဧလနာသန်၊ ဒေလာယနှင့်ဂေမရိတို့ သည်မင်းကြီးအား ထိုစာလိပ်ကိုမီးမရှို့ ရန်လျှောက်ထားတောင်းပန်ကြသော်လည်း မင်းကြီးသည်သူတို့၏ပန်ကြားချက်ကို နားမထောင်ချေ။-
26 Derpaa bød Kongen Kongesønnen Jerame'el, Seraja Azriels Søn og Sjelemja Abde'els Søn at gribe Skriveren Baruk og Profeten Jeremias; men HERREN skjulte dem.
၂၆ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
27 Men da Kongen havde brændt Bogrullen med de Ord, Baruk havde optegnet efter Jeremias's Mund, kom HERRENS Ord til Jeremias saaledes:
၂၇ဗာရုတ်အားငါနှုတ်တိုက်ချပေးသည့်စာလိပ် ကိုမင်းကြီးမီးရှို့လိုက်ပြီးနောက်ထာဝရ ဘုရားသည်ငါ့အား၊-
28 »Tag dig en anden Bogrulle og optegn i den alle de Ord, som stod i den første Bogrulle, den, Kong Jojakim af Juda brændte.
၂၈``သင်သည်အခြားစာလိပ်တစ်ခုကိုယူ၍ ယောယကိမ်မင်းမီးရှို့လိုက်သည့်စာလိပ်တွင် ပါရှိသမျှသောစကားတို့ကိုရေးမှတ်၍ ထားလော့။-
29 Og til Kong Jojakim af Juda skal du sige: Saa siger HERREN: Du brændte denne Bogrulle og sagde: Hvorfor skrev du i den: Babels Konge skal komme og ødelægge dette Land og udrydde baade Folk og Fæ?
၂၉ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
30 Derfor, saa siger HERREN om Kong Jojakim af Juda: Han skal ikke have nogen Mand til at sidde paa Davids Trone, og hans Lig skal slænges hen og gives Dagens Hede og Nattens Kulde i Vold;
၃၀သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။-
31 jeg vil hjemsøge ham, hans Afkom og hans Tjenere for deres Brøde og bringe over dem og Jerusalems Borgere og Judas Mænd al den Ulykke, jeg har udtalt over dem, uden at de vilde høre.«
၃၁သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
32 Saa tog Jeremias en anden Bogrulle og gav den til Skriveren Baruk, Nerijas Søn; og han optegnede i den efter Jeremias's Mund alle Ordene fra den Bog, Kong Jojakim af Juda havde brændt. Og flere lignende Ord lagdes til.
၃၂ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။