< Hebræerne 10 >
1 Thi da Loven kun har en Skygge af de kommende Goder og ikke Tingenes Skikkelse selv, kan den aldrig ved de samme aarlige Ofre, som de bestandig frembære, fuldkomme dem, som træde frem dermed.
၁တနည်းကား၊ ပညတ် တရားသည် နောက်ဖြစ် လတံ့သော မင်္ဂလာ အကျိုးတို့၏ သေချာသော ပုံ သဏ္ဌာန် ကိုမ ပြ၊ အရိပ် ကိုသာပြ သည်ဖြစ်၍၊ နှစ် စဉ်မပြတ်ပူဇော် သောယဇ် အားဖြင့် အထံတော်သို့ ချဉ်းကပ် သောသူ တို့ကို စုံလင် ခြင်းအဖြစ်၌ မ တည် စေနိုင် ရာ
2 Vilde man ikke ellers have ophørt at frembære dem, fordi de ofrende ikke mere havde nogen Bevidsthed om Synder, naar de een Gang vare rensede?
၂တည်စေနိုင်လျှင်၊ ဝတ်ပြု သောသူ တို့သည် တစ်ခါ တည်းနှင့် စင်ကြယ် ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန်သံဝေဂ တရားရ စရာအကြောင်း အလျှင်းမ ရှိသည်ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တစ်ခါတည်းသာပူဇော်၍၊ နောက်တဖန်မ ပူဇော် ဘဲနေ ရကြမည်မဟုတ်လော
3 Men ved Ofrene sker Aar for Aar Ihukommelse af Synder.
၃ယခုမူကား ယဇ် ပူဇော်သည်တွင် အပြစ် များကို နှစ် တိုင်းအောက်မေ့ ခြင်းရှိ၏
4 Thi det er umuligt, at Blod af Tyre og Bukke kan borttage Synder.
၄အကြောင်းမူကား ၊ နွား ၊ ဆိတ် ၏အသွေး သည် အပြစ် ကို မ ပယ် နိုင်ရာ
5 Derfor siger han, idet han indtræder i Verden: „Slagtoffer og Madoffer havde du ikke Lyst til; men et Legeme beredte du mig;
၅ထိုကြောင့် ၊ ခရစ်တော်သည် ဤလောက သို့ ကြွလာ သောအခါ၊ အိုဘုရားသခင် ၊ ကိုယ်တော်သည် ယဇ် နှင့် ပူဇော်သက္ကာ ကို အလို တော်မ ရှိ သည်ဖြစ်၍၊ အကျွန်ုပ် အဘို့ကိုယ်ခန္ဓာ ကို ပြင်ဆင် တော်မူပြီ
6 Brændofre og Syndofre havde du ikke Behag i.
၆မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာ ယဇ်များကို အားရနှစ်သက် တော် မ မူသောအခါ၊ ကျမ်းစာ လိပ် ၌ အကျွန်ုပ် ကို အမှတ် ပြု၍ ရေး ထားသည်နှင့်အညီ၊
7 Da sagde jeg: Se, jeg er kommen (i Bogrullen er der skrevet om mig) for at gøre, Gud! din Villie.‟
၇အကျွန်ုပ်သည် ကိုယ်တော် ၏အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု အကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို ၏
8 Medens han først siger: „Slagtofre og Madofre og Brændofre og Syndofre havde du ikke Lyst til og ej heller Behag i‟ (og disse frembæres dog efter Loven),
၈ပညတ် တရားအတိုင်း ပြုရသော ဝတ် ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာ ယဇ်အစ ရှိသောယဇ် များနှင့် ပူဇော် သက္ကာများတို့ကို ကိုယ်တော်သည် အလို တော်မ ရှိ၊ အားရနှစ်သက် တော် မ မူဟု အထက် ကဆို နှင့်ပြီးမှ၊
9 saa har han derefter sagt: „Se, jeg er kommen for at gøre din Villie.‟ Han ophæver det første for at fastsætte det andet.
၉တဖန်တုံ ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု ဆို သည်တွင်၊ ဒုတိယ ဝတ်ကို တည် စေခြင်းငှာ ပဌမ ဝတ်ကို ပယ် ၏
10 Og ved denne Villie ere vi helligede ved Ofringen af Jesu Kristi Legeme een Gang for alle.
၁၀ထို အလို တော်နှင့်အညီ ယေရှု ခရစ် ၏ ကိုယ် တော်ကို တစ်ခါ တည်း ပူဇော် သောအားဖြင့် ၊ ငါတို့သည် စင်ကြယ် ခြင်းသို့ ရောက် ကြ၏
11 Og hver Præst staar daglig og tjener og ofrer mange Gange de samme Ofre, som dog aldrig kunne borttage Synder.
၁၁ယဇ် ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်း ဝတ်ပြု လျက်၊ အပြစ် ကို မ ဖြေ နိုင် သော ယဇ် ကို အထပ်ထပ် အဖန်ဖန်ပူဇော် လျက်ရပ် နေရ၏
12 Men denne har efter at have ofret eet Offer for Synderne sat sig for bestandig ved Guds højre Haand,
၁၂ထိုသခင် မူကား ၊ အပြစ် ကိုဖြေခြင်းငှာ ယဇ် တစ်ခု တည်းကို ပူဇော် ပြီးမှစ၍၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ အစဉ်အမြဲ ထိုင် ၍
13 idet han forøvrigt venter paa, at hans Fjender skulle lægges som en Skammel for hans Fødder.
၁၃မိမိ ရန်သူ တို့ကို မိမိ ခြေ တင် ရာမ ချ မထားမှီတိုင်အောင်မြော်လင့် လျက် နေ တော်မူ၏
14 Thi med et eneste Offer har han for bestandig fuldkommet dem, som helliges.
၁၄အကြောင်းမူကား ၊ စင်ကြယ် သောသူ တို့သည် ထာဝရ စုံလင် ခြင်းငှာ၊ တစ်ခါ တည်းပူဇော် ခြင်းအားဖြင့် ပြုတော်မူ၏
15 Men ogsaa den Helligaand giver os Vidnesbyrd; thi efter at have sagt:
၁၅ထိုသို့နှင့်အညီ၊ သန့်ရှင်း သောဝိညာဉ် တော်သည် ငါ တို့အား သက်သေ ပေးတော်မူသည်မှာ
16 „Dette er den Pagt, som jeg vil oprette med dem efter de Dage, ‟ siger Herren: „Jeg vil give mine Love i deres Hjerter, og jeg vil indskrive dem i deres Sind,
၁၆နောင် ကာလ အခါသူ တို့၌ ငါပေး သော ပဋိညာဉ် တရား ဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့နှလုံး ထဲမှာ ပေးသွင်း မည်။ သူ တို့စိတ် ဝိညာဉ်၏အပေါ်မှာ ရေး ထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ
17 og deres Synder og deres Overtrædelser vil jeg ikke mere ihukomme.‟
၁၇တဖန်တုံ ၊ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူး ခြင်း အမျိုးမျိုးကို ငါမ အောက်မေ့ဘဲ နေ မည်ဟု လာ သတည်း
18 Men hvor der er Forladelse for disse, er der ikke mere Offer for Synd.
၁၈ထိုအပြစ် တို့ကို လွှတ် ပြီးလျှင် နောက်တစ်ဖန်အပြစ် ဖြေသော ပူဇော်သက္ကာ ကို ပြုစရာအကြောင်း မရှိ
19 Efterdi vi da, Brødre! have Frimodighed til den Indgang i Helligdommen ved Jesu Blod,
၁၉ထိုကြောင့် ညီအစ်ကို တို့၊ ယေရှု ၏ကိုယ်ခန္ဓာ တော်တည်းဟူသော ကုလားကာ အားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်း သစ် တွင်၊
20 som han indviede os som en ny og levende Vej igennem Forhænget, det er hans Kød,
၂၀ငါတို့သည် သန့်ရှင်း ရာဌာနထဲသို့၊ အသွေး တော်ကိုအမှီပြု၍ အဆီးအတား မရှိ၊ ဝင် ရသောအခွင့်ရှိသဖြင့်၎င်း၊
21 og efterdi vi have en stor Præst over Guds Hus:
၂၁ဘုရားသခင် ၏အိမ် တော်ကို အုပ်စိုးသော ယဇ် ပုရောဟိတ်မင်း ရှိ သဖြင့်၎င်း၊
22 Saa lader os træde frem med et sandt Hjerte, i Troens fulde Forvisning, med Hjerterne ved Bestænkelsen rensede fra en ond Samvittighed, og Legemet tvættet med rent Vand;
၂၂ငါတို့သည် သစ္စာ နှင့် ပြည့်စုံသော သဘော ရှိ၍၊ ဝိစိကိစ္ဆာ နှင့် ကင်းသောယုံကြည် ခြင်း၌ တည်လျက်၊ စိတ်နှလုံး ကို သံဝေဂ တရားနှင့်လွတ်အောင်ဖြန်း ခြင်း၊ ကိုယ် ကာယကိုလည်း ကြည်သာ ရေ ဖြင့် ဆေးကြော ခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့
23 lader os fastholde Haabets Bekendelse urokket; thi trofast er han, som gav Forjættelsen;
၂၃မြော်လင့် ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည် ကြကုန်အံ့အကြောင်းမူကား ၊ ဂတိ ထားတော်မူသော သူ သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏
24 og lader os give Agt paa hverandre, saa vi opflamme hverandre til Kærlighed og gode Gerninger
၂၄ထိုမှတစ်ပါး မေတ္တာ စိတ် ရှိစေခြင်းငှာ၎င်း၊ ကောင်း သောအကျင့် ကို ကျင့်စေခြင်းငှာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့
25 og ikke forlade vor egen Forsamling, som nogle have for Skik, men formane hverandre, og det saa meget mere, som I se, at Dagen nærmer sig.
၂၅လူအချို့ တို့၏ ထုံးစံ ရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေး ခြင်းအမှုကို မ ရှောင် မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်း နှိုးဆော်ကြလော့။ ကာလ အချိန် ရောက် လုနီးသည်ကို ထောက် သဖြင့်၊ သာ၍ ကြိုစား ကြလော့
26 Thi synde vi med Villie, efter at have modtaget Sandhedens Erkendelse, er der intet Offer mere tilbage for Synder,
၂၆အကြောင်းမူကား ၊ သမ္မာတရား ကို သိ ပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှား ပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော် ရာအခွင့် မ ရှိ ဘဲ၊
27 men en frygtelig Forventelse af Dom og en brændende Nidkærhed, som skal fortære de genstridige.
၂၇ဒဏ် စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက် ဘွယ်သော မြော်လင့် ရသောအကြောင်း၊ ငြင်းဆန် သော သူတို့ကို ဖျက်ဆီး ဘို့ရာအမျက် တော် မီး လောင်ခြင်းကို ခံရ သောအကြောင်းရှိ၏
28 Naar en har brudt med Mose Lov, dør han uden Barmhjertighed paa to eller tre Vidners Udsagn;
၂၈မောရှေ ၏ တရား ကိုပယ် သော သူမည်သည်ကား၊ သက်သေခံ နှစ် ဦးသုံး ဦးရှိလျှင်၊ သနား ခြင်းကို မ ခံရဘဲ သေ ရ၏
29 hvor meget værre Straf mene I da, at den skal agtes værd, som træder Guds Søn under Fod og agter Pagtens Blod, hvormed han blev helliget, for urent og forhaaner Naadens Aand?
၂၉ထိုမျှမက၊ ဘုရားသခင် ၏ သား တော်ကို ခြေဖြင့်ကျော်နင်း လျက်၊ မိမိကိုစင်ကြယ် စေသော ပဋိညာဉ် တရား၏ သွေး ကိုအပြစ်တင်လျက်၊ ဆု ကျေးဇူးကိုပေးသော ဝိညာဉ် တော်ကို မထီမဲ့မြင် ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ် ဖြင့် ခံထိုက် သည်ကို သင်တို့ ထင် ကြသနည်း
30 Thi vi kende den, som har sagt: „Mig hører Hævnen til, jeg vil betale, siger Herren; ‟ og fremdeles: „Herren skal dømme sit Folk.‟
၃၀ငါ သည်အပြစ်တရားကိုစီရင် ပိုင်၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟူ၍၎င်း၊ ထာဝရ ဘုရားသည် မိမိ လူ တို့အဘို့ တရား စီရင်မည်ဟူ၍၎င်း မိန့် တော်မူသောသူ ကို ငါတို့သည် အမှန်သိ ကြ၏
31 Det er frygteligt at falde i den levende Guds Hænder.
၃၁အသက် ရှင်တော်မူသော ဘုရားသခင် ၏လက် တော်သို့ ကျရောက် ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း
32 Men kommer de forrige Dage i Hu, i hvilke I, efter at I vare blevne oplyste, udholdt megen Kamp i Lidelser,
၃၂သင်တို့သည် အလင်း သို့ ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ ညှဉ်းဆဲ ခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူ တို့နှင့် ဆက်ဆံ သော အပေါင်းအဖော်ဖြစ် သဖြင့်၎င်း၊
33 idet I dels selv ved Forhaanelser og Trængsler bleve et Skuespil, dels gjorde fælles Sag med dem, som fristede saadanne Kaar.
၃၃ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ ကြလော့
34 Thi baade havde I Medlidenhed med de fangne, og I fandt eder med Glæde i, at man røvede, hvad I ejede, vidende, at I selv have en bedre og blivende Ejendom.
၃၄ထိုအခါသင်တို့သည် အကျဉ်း ခံရသော သူ တို့အတွက် ကြောင့် ကြင်နာ သော စိတ်ရှိရသည်သာမက ၊ ကိုယ် ပစ္စည်း ဥစ္စာများကို သူတစ်ပါးလုယူ ဖျက်ဆီးသော်လည်း ၊ ကိုယ် သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲ တည်သောဘဏ္ဍာ ရှိ သည်ကိုသိ ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက် သောစိတ်နှင့် ဝန်ခံ ကြ၏
35 Kaster altsaa ikke eders Frimodighed bort, hvilken jo har stor Belønning;
၃၅ထိုကြောင့် ၊ ကြီးစွာ သောအကျိုး နှင့်ယှဉ်သော သင် တို့၏ ရဲရင့် ခြင်းစိတ်ကို မ စွန့် ကြနှင့်
36 thi I have Udholdenhed nødig, for at I, naar I have gjort Guds Villie, kunne opnaa Forjættelsen.
၃၆ဘုရားသခင် ၏အလို တော်ကိုဆောင် ပြီးမှ၊ ဂတိ တော်အတိုင်း အကျိုးကိုရ မည်အကြောင်း သည်းခံ ခြင်းစိတ်ရှိ ရမည်
37 Thi „der er endnu kun en saare liden Stund, saa kommer han, der skal komme, og han vil ikke tøve.
၃၇အဘယ်ကြောင့် နည်းဟူမူကား၊ ကြွလာ လတံ့သောသူ သည် မ ဆိုင်း မလင့်ဘဲ၊ မ ကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်
38 Men min retfærdige skal leve af Tro; og dersom han unddrager sig, har min Sjæl ikke Behag i ham.‟
၃၈ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။ သို့သော်လည်း ၊ ရွေ့လျော့ လျှင် ၊ ငါ့ စိတ် ဝိညာဉ်သည် ထိုသူ ကို အားရ နှစ်သက်ခြင်းမ ရှိဟုဘုရားသခင် အမိန့်တော်ရှိ ၏
39 Men vi ere ikke af dem, som unddrage sig, til Fortabelse, men af dem, som tro, til Sjælens Frelse.
၃၉ငါ တို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက် အံ့သောငှာရွေ့လျော့ သော သူမ ဟုတ်။ စိတ် ဝိညာဉ်သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာယုံကြည် သောသူ ဖြစ်ကြ၏။