< 1 Mosebog 28 >

1 Da kaldte Isak Jakob til sig og velsignede ham, idet han bød ham: »Du maa ikke tage dig en Hustru blandt Kana'ans Døtre.
ထိုအခါ ဣဇာက် သည် ယာကုပ် ကို ခေါ် ၍ ၊ သင်သည် ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရ။
2 Drag til Paddan-Aram, til din Morfader Betuels Hus, og tag dig der en af din Morbroder Labans Døtre til Hustru!
အမိ ၏အဘ ဗေသွေလ အမျိုးသားနေရာ ပါဒနာရံ အရပ်သို့ ထ ၍ သွား လော့။ သင့် ဦးရီး လာဗန် ၏ သမီး တစုံတယောက်နှင့် အိမ်ထောင် ဘက်ပြု လော့။
3 Gud den Almægtige velsigne dig og gøre dig frugtbar og give dig et talrigt Afkom, saa du bliver til Stammer i Hobetal.
အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
4 Han give dig og dit Afkom med dig Abrahams Velsignelse, saa du faar din Udlændigheds Land i Eje, det, Gud skænkede Abraham!«
အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။
5 Saa lod Isak Jakob fare, og han drog til Paddan-Aram, til Aramæeren Laban, Betuels Søn, som var Broder til Rebekka, Jakobs og Esaus Moder.
ထိုသို့ ယာကုပ် နှင့် ဧသော ၏ အမိ ၊ ရေဗက္က ၏ မောင် ၊ ရှုရိ လူဗေသွေလ သား လာဗန် နေရာ ပါဒနာရံ ပြည် သို့ ယာကုပ် သွား လေ၏။
6 Men Esau fik at vide, at Isak havde velsignet Jakob og sendt ham til Paddan-Aram for at tage sig en Hustru der, og at han, da han velsignede ham, havde paalagt ham ikke at tage sig en Hustru blandt Kana'ans Døtre,
ထိုသို့ ဣဇာက် သည် ယာကုပ် ကို ကောင်းကြီး ပေး၍ ၊ ပါဒနာရံ ပြည်၌ အိမ်ထောင် ဘက်ပြု စေခြင်းငှါ လွှတ် လိုက်သောအကြောင်းကို၎င်း၊ ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရဟု၊ ကောင်းကြီး ပေးသောအခါ မှာ ထားကြောင်းကို၎င်း၊
7 og at Jakob havde adlydt sin Fader og Moder og var draget til Paddan-Aram.
ယာကုပ် သည် မိဘ စကားကို နားထောင် ၍ ၊ ပါဒနာရံ ပြည်သို့ သွား ကြောင်း ကို၎င်း၊
8 Da skønnede Esau, at Kana'ans Døtre vakte hans Fader Isaks Mishag,
ခါနာန် အမျိုးသမီး တို့ကို အဘ ဣဇာက် မ နှစ်သက်ကြောင်း ကို၎င်း၊ ဧသော သိ မြင်လျှင်၊
9 og han gik til Ismael og tog Mahalat, en Datter af Abrahams Søn Ismael og Søster til Nebajot, til Hustru ved Siden af sine andre Hustruer.
ဣရှမေလ ထံ သို့သွား ၍ အထက် မယား တို့မှတပါး၊ အာဗြဟံ သား ဣရှမေလ သမီး ၊ နဗာယုတ် နှမ ၊ မဟာလတ် နှင့် တဖန် အိမ်ထောင် ဘက် ပြုပြန်လေ၏။
10 Saa drog Jakob bort fra Be'ersjeba og vandrede ad Karan til.
၁၀ယာကုပ် သည် ဗေရရှေဘ ရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွား စဉ်တွင်၊
11 Paa sin Vandring kom han til det hellige Sted og overnattede der, da Solen var gaaet ned; og han tog en af Stenene paa Stedet og brugte den som Hovedgærde og lagde sig til, Hvile der.
၁၁တစုံတခုသောအရပ် သို့ ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့် ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ် ၌ ကျောက် ကိုယူ ၍ ခေါင်းအုံး ဘို့ ထား ပြီးလျှင် အိပ် လေ၏။
12 Da drømte han, og se, paa Jorden stod en Stige, hvis Top naaede til Himmelen, og se, Guds Engle steg op og ned ad den;
၁၂မြင် ရသောအိပ်မက် ဟူမူကား ၊ မြေကြီး ပေါ် ၌ လှေကား ထောင် လျက် အဖျား သည် မိုဃ်းကောင်းကင် တိုင်အောင် မှီ ၏။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ သည်၊ ထို လှေကားဖြင့် ဆင်း လျက် တက် လျက် ရှိ ကြ၏။
13 og HERREN stod foran ham og sagde: »Jeg er HERREN, din Fader Abrahams og Isaks Gud! Det Land, du hviler paa, giver jeg dig og dit Afkom;
၁၃ထာဝရဘုရား သည် လှေကားထက် ၌ ရပ် တော်မူလျက် ၊ ငါ သည် သင် ၏အဘ အာဗြဟံ ဘုရား ၊ ဣဇာက် ၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင် အိပ် သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်။
14 dit Afkom skal blive som Jordens Støv, og du skal brede dig mod Vest og Øst, mod Nord og Syd; og i dig og i din Sæd skal alle Jordens Slægter velsignes;
၁၄သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
15 se, jeg vil være med dig og vogte dig, hvorhen du end gaar og føre dig tilbage til dette Land; thi jeg vil ikke forlade dig, men opfylde alt, hvad jeg har lovet dig!«
၁၅ငါ သည် သင့် ဘက် မှာရှိ၏။ သင်သွား လေရာရာ ၌ ငါစောင့် မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိ ထားသည်အတိုင်း မပြည့်စုံမှီ၊ သင့် ကိုငါမ စွန့် ဟု မိန့်တော်မူ၏။
16 Da Jakob vaagnede af sin Søvn, sagde han: »Sandelig, HERREN er paa dette Sted, og jeg vidste det ikke!«
၁၆ယာကုပ် သည်အိပ်ပျော် ရာမှ နိုး လျင် ၊ အကယ်စင်စစ် ထာဝရဘုရား သည် ဤအရပ် ၌ ရှိ တော်မူ၏။ ရှိ တော်မူကြောင်းကို ငါ မ သိ။
17 Og han blev angst og sagde: »Hvor forfærdeligt er dog dette Sted! Visselig, her er Guds Hus, her er Himmelens Port!«
၁၇ဤအရပ်ကား၊ အဘယ်မျှလောက်ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင် ၏ ဘုံ ဗိမာန်၊ ကောင်းကင် တံခါး ဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ ခြင်းသို့ ရောက်၍ ဆို ၏။
18 Tidligt næste Morgen tog Jakob den Sten, han havde brugt som Hovedgærde rejste den som en Stenstøtte og gød Olie over den.
၁၈နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
19 Og han kaldte dette Sted Betel; før hed Byen Luz.
၁၉ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
20 Derpaa gjorde Jakob følgende Løfte: »Hvis Gud er med mig og vogter mig paa den Vej, jeg skal vandre, og giver mig Brød at spise og Klæder at iføre mig,
၂၀ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
21 og hvis jeg kommer uskadt tilbage til min Faders Hus, saa skal HERREN være min Gud,
၂၁ငါသည် တဖန် အဘ ၏အိမ် သို့ ငြိမ်ဝပ် စွာ ပြန် ရောက်၍ ၊ ထာဝရဘုရား သည်ငါ ၏ ဘုရား ဖြစ် တော်မူလျှင် ၎င်း၊ မှတ် တိုင်ပြု၍ ငါထူထောင် သော ဤ ကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန် ဖြစ် ရမည်။
22 og denne Sten, som jeg har rejst som en Støtte, skal være Guds Hus, og af alt, hvad du giver mig, vil jeg give dig Tiende!«
၂၂ပေး သနားတော်မူသမျှ တို့ကို ဆယ်ဘို့ တဘို့ပူဇော် ပါမည်ဟူ၍သစ္စာ ပြုလေ၏။

< 1 Mosebog 28 >