< Ezra 1 >
1 Og i Perserkongen Kyros's første Regeringsaar vakte HERREN, for at hans Ord gennem Jeremias's Mund kunde opfyldes, Perserkongen Kyros's Aand, saa han lod følgende udraabe i hele sit Rige og desuden kundgøre ved en Skrivelse:
၁ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
2 Perserkongen, Kyros gør vitterligt: Alle Jordens Riger har HERREN, Himmelens Gud, givet mig; og han har paalagt mig at bygge ham et Hus i Jerusalem i Juda.
၂ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
3 Hvem iblandt eder, der hører til hans Folk, med ham være hans Gud, og han drage op til Jerusalem i Juda og bygge HERRENS, Israels Guds, Hus; han er den Gud, som bor i Jerusalem;
၃ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။-
4 og alle Steder, hvor de tiloversblevne bor som fremmede, skal Beboerne støtte dem med Sølv, Guld, Heste og Kvæg, bortset fra de frivillige Gaver til Guds Hus i Jerusalem.
၄အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။
5 Da brød Overhovederne for Judas og Benjamins Fædrenehuse og Præsterne og Leviterne op, alle, hvis Aand Gud vakte, saa de drog op for at bygge HERRENS Hus i Jerusalem;
၅ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
6 og bortset fra alle de frivillige Gaver kom alle deres Naboer dem til Hjælp med alt, baade Sølv, Guld, Heste og Kvæg og Kostbarheder i Mængde.
၆ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
7 Og Kong Kyros udleverede Karrene fra HERRENS Hus, som Nebukadnezar havde ført bort fra Jerusalem og ladet opstille i sin Guds Hus;
၇သူတို့အားကုရုမင်းသည် ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာမင်းသိမ်းယူ၍ မိမိ၏ဘုရားတို့ဗိမာန်တွင်ထားရှိခဲ့သည့်ဖလားများကိုပေးအပ်တော်မူ၏။-
8 dem gav Perserkongen Kyros ny til Skatmesteren Mitredat, og han talte dem og overgav dem til Sjesjbazzar, Judas Fyrste.
၈မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
9 Og Tallet paa dem var følgende: 30 Guldbækkener, 1000 Sølvbakker, 29 Røgelseskaale,
၉အောက်ပါအတိုင်းစာရင်းပြုလုပ်ပေးအပ်လေသည်။ ပူဇော်သကာများထည့်ရန်ရွှေဖလား ၃၀ ပူဇော်သကာများထည့်ရန်ငွေဖလား ၁၀၀၀ အခြားဖလား ၂၉ ရွှေဖလားအငယ် ၃၀ ငွေဖလားအငယ် ၄၁၀ အခြားအသုံးအဆောင်များ ၁၀၀၀
10 30 Guldbægre, 410 Sølvbægre af ringere Art og 1000 andre Kar,
၁၀
11 i alt 5400 Kar, dels af Guld og dels af Sølv. Alt dette bragte Sjesjbazzar med sig, da de landflygtige drog op fra Babel til Jerusalem.
၁၁ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။