< Ezekiel 46 >
1 Saa siger den Herre HERREN: Den indre Forgaards Østport skal være lukket de seks Hverdage, men paa Sabbatsdagen skal den aabnes, ligeledes paa Nymaanedagen:
၁အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
2 og Fyrsten skal udefra gaa ind gennem Portens Forhal og stille sig ved Portens Dørstolpe. Præsterne skal ofre hans Brændoffer og Takofre, og han skal tilbede paa Portens Tærskel og saa gaa ud igen; og Porten skal staa aaben til Aften.
၂မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
3 Men Folket i Landet skal paa Sabbaterne og Nymaanedagene tilbede for HERRENS Aasyn ved denne Ports Indgang.
၃ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
4 Det Brændoffer, Fyrsten bringer HERREN paa Sabbatsdagen, skal udgøre seks lydefri Lam og en lydefri Væder,
၄ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
5 dertil et Afgrødeoffer paa en Efa med Væderen og et Afgrødeoffer efter Behag med Lammene, desuden en Hin Olie med hver Efa.
၅ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
6 Paa Nymaanedagen skal det udgøre en ung, lydefri Tyr, seks Lam og en Væder, lydefri Dyr;
၆လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
7 med Tyren skal han ofre et Afgrødeoffer paa en Efa, med Væderen ligeledes en Efa og med Lammene efter Behag desuden en Hin Olie med hver Efa.
၇ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
8 Naar Fyrsten gaar ind, skal han komme gennem Portens Forhal, og samme Vej skal han gaa ud;
၈မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
9 men naar Folket i Landet kommer for HERRENS Aasyn paa Festerne, skal den, der kommer ind gennem Nordporten for at tilbede, gaa ud gennem Sydporten, og den, der kommer ind gennem Sydporten, gaa ud gennem Nordporten; han maa ikke vende tilbage gennem den Port, han kom ind ad, men skal gaa ud paa den modsatte Side.
၉ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
10 Fyrsten skal være iblandt dem; naar de gaar ind, skal han ogsaa gaa ind, og naar de gaar ud, skal han ogsaa gaa ud.
၁၀ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
11 Paa Festerne og Højtiderne skal Afgrødeofferet være en Efa med hver Tyr og ligeledes en Efa med hvem Væder, men med Lammene efter Behag; desuden en Hin Olie med hver Efa.
၁၁ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။
12 Naar Fyrsten ofrer et frivilligt Offer, et Brændoffer eller Takofre som frivilligt Offer til HERREN, skal man aabne Østporten for ham, og han skal ofre sit Brændoffer eller sine Takofre, som han gør paa Sabbatsdagen; og naar han er gaaet ud, skal man lukke Porten efter ham.
၁၂မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
13 Et aargammelt, lydefrit Lam skal han daglig ofre som Brændoffer for HERREN; hver Morgen skal han ofre det;
၁၃နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန်၌ ပူဇော်ရမည်။
14 og dertil skal han hver Morgen som Afgrødeoffer ofre en Sjettedel Efa og til at fugte Melet desuden en Tredjedel Hin Olie; det er et Afgrødeoffer for HERREN, en evigt gældende Ordning.
၁၄နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း။
15 Saaledes skal de hver Morgen ofre Lammet, Afgrødeofferet og Olien som dagligt Brændoffer.
၁၅ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို၎င်း ပြင်ဆင်ရမည်။
16 Saa siger den Herre HERREN: Naar Fyrsten giver en af sine Sønner en Gave af sin Arvelod, skal den tilhøre hans Sønner; den skal være deres arvelige Grundejendom;
၁၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။
17 men giver han en af sine Tjenere en Gave af sin Arvelod, skal den kun tilhøre ham til Frigivningsaaret; saa skal den vende tilbage til Fyrsten. Kun hans Sønner skal varigt eje en saadan Arvelod.
၁၇မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရ မည်။
18 Og Fyrsten maa ikke tage noget af Folkets Arvelod, idet han med Vold trænger dem ud af deres Grundejendom; af sin egen Grundejendom skal han give sine Sønner Arvelod, at ingen i mit Folk skal jages bort fra sin Grundejendom.
၁၈ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။
19 Derpaa førte han mig ind gennem Indgangen ved Siden af Porten til de hellige Kamre, som var indrettet til Præsterne og vendte mod Nord, og se, der var et Rum i den inderste Krog mod Vest.
၁၉ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။
20 Han sagde til mig: »Her er det Rum, hvor Præsterne skal koge Syndofferet og Skyldofferet og bage Afgrødeofferet for ikke at tvinges til at bringe det ud i den ydre Forgaard og saaledes hellige Folket.«
၂၀ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။
21 Saa bragte han mig ud i den ydre Forgaard og førte mig rundt til Forgaardens fire Hjørner, og se, i hvert Hjørne var der et Gaardsrum;
၂၁တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
22 i Forgaardens fire Hjørner var der smaa Gaardsrum, fyrretyve Alen lange og tredive Alen brede, alle fire lige store;
၂၂ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
23 der var Mure rundt om dem alle fire, og der var indrettet Køkkener rundt om langs Murene.
၂၃ထိုလေးထောင့်တို့အတွင်း ပတ်လည်၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
24 Og han sagde til mig: »Her er Køkkenerne, hvor de, der gør Tjeneste i Templet, skal koge Folkets Slagtofre.«
၂၄ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို၏။