< 2 Samuel 22 >
1 David sang HERREN denne Sang, dengang HERREN havde frelst ham af alle hans Fjenders og af Sauls Haand.
၁ရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။
2 Han sang: »HERRE, min Klippe, min Borg, min Befrier,
၂ထာဝရဘုရားသည်ငါ၏ကယ်တင်ရှင် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
3 min Gud, mit Bjerg, hvortil jeg tyr, mit Skjold, mit Frelseshorn, mit Værn, min Tilflugt, min Frelser, som frelser mig fra Vold!
၃ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
4 Jeg paakalder HERREN, den Højlovede, og frelses fra mine Fjender.
၄ငါသည်ထာဝရဘုရားအားတောင်းလျှောက်သည့် အခါတိုင်းကိုယ်တော်သည် ငါ့အားရန်သူများလက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
5 Dødens Brændinger omsluttede mig, Ødelæggelsens Strømme forfærdede mig,
၅သေမင်း၏လှိုင်းတံပိုးများသည်ငါ့ကိုဝိုင်းရံ လျက်ရှိ၏။ ဆုံးပါးပျက်စီးခြင်းလှိုင်းလုံးများသည်ငါ၏ အပေါ်သို့ လွှမ်းမိုး၍လာကြ၏။
6 Dødsrigets Reb omspændte mig, Dødens Snarer faldt over mig; (Sheol )
၆မရဏာနိုင်ငံ၏ကြိုးတို့သည်ငါ့ကိုရစ်ပတ် ကြ၏။ သေမင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်၏။ (Sheol )
7 i min Vaande paakaldte jeg HERREN og raabte til min Gud. Han hørte min Røst fra sin Helligdom, mit Raab fandt ind til hans Ører!
၇ငါသည်ဒုက္ခရောက်၍ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကူမတော်မူရန်ငါ၏ဘုရားသခင်အား ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှာငါ၏အသံ ကို ကြားတော်မူ၏။ ကူမတော်မူရန်ငါဟစ်ခေါ်သံကိုကြားတော် မူ၏။
8 Da rystede Jorden og skjalv, Himlens Grundvolde bæved og rysted, thi hans Vrede blussede op.
၈ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
9 Røg for ud af hans Næse, fortærende Ild af hans Mund, Gløder gnistrede fra ham.
၉နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
10 Han sænkede Himlen, steg ned med Skymulm under sine Fødder;
၁၀ကိုယ်တော်သည်မိုးကောင်းကင်ကို ကွေးညွှတ်စေပြီးလျှင်ဆင်းသက်ကြွလာ တော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
11 baaret af Keruber fløj han, svæved paa Vindens Vinger;
၁၁ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်လေပြင်း အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
12 han omgav sig med Mulm som en Bolig, mørke Vandmasser, vandfyldte Skyer.
၁၂ကိုယ်တော်သည်မှောင်မိုက်တည်းဟူသော ရေခိုးရေငွေ့အပြည့်ပါရှိသည့် ထူထပ်သောမိုးတိမ်တိုက်ကိုပတ်လည်တော်၌ ကာရံစေတော်မူ၏။
13 Fra Glansen foran ham for der Hagl og Ildgløder ud.
၁၃ရှေ့တော်၌လျှပ်စီးပြက်သဖြင့်မီးကျီး ခဲများသည် အလျှံထလေ၏။
14 HERREN tordned fra Himlen, den Højeste lod høre sin Røst;
၁၄ထိုနောက်ထာဝရဘုရားသည်ကောင်းကင်မှ မိုးချုန်းစေတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံ တော်သည် ထွက်ပေါ်လာ၏။
15 han udslynged Pile, adsplittede dem, lod Lynene funkle og skræmmede dem.
၁၅ကိုယ်တော်သည်မြားတော်တို့ကို ပစ်လွှတ်တော်မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စီးပြက်စေလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
16 Havets Bund kom til Syne, Jordens Grundvolde blottedes ved HERRENS Trusel, for hans Vredes Pust.
၁၆ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏ အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
17 Han udrakte Haanden fra det høje og greb mig, drog mig op af de vældige Vande,
၁၇ထာဝရဘုရားသည်ကောင်းကင်ဘုံမှလက်တော်ကို ဆန့်တော်မူ၍ငါ့ကိုကိုင်တော်မူ၏။ ရေနက်ကြီးထဲမှငါ့ကိုဆယ်တင်တော်မူ၏။
18 frelste mig fra mine mægtige Fjender, fra mine Avindsmænd; de var mig for stærke.
၁၈ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူ ငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။ သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။
19 Paa min Ulykkes Dag faldt de over mig, men HERREN blev mig et Værn.
၁၉ငါသည်ဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
20 Han førte mig ud i aabent Land, han frelste mig, thi han havde Behag i mig.
၂၀ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
21 HERREN gengældte mig efter min Retfærd, lønned mig efter mine Hænders Uskyld;
၂၁ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့် ထာဝရဘုရားသည်ငါ့အားဆုလာဘ်များ ချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသဖြင့်ကိုယ်တော်သည် ငါ့ကိုကောင်းချီးပေးတော်မူ၏။
22 thi jeg holdt mig til HERRENS Veje, svigted i Gudløshed ikke min Gud;
၂၂ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
23 hans Bud stod mig alle for Øje, jeg veg ikke fra hans Love.
၂၃ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
24 Ustraffelig var jeg for ham og vogtede mig for Brøde.
၂၄ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
25 HERREN lønned mig efter min Retfærd, mine Hænders Uskyld, som var ham for Øje!
၂၅ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။
26 Du viser dig from mod den fromme, retsindig mod den retsindige,
၂၆အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သစ္စာရှိ သူတို့အားသစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့အား အကန့်အသတ်မရှိဘဲကျေးဇူးပြုတော်မူ တတ်၏။
27 du viser dig ren mod den rene og vrang mod den svigefulde.
၂၇စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားဆန့်ကျင်သော စိတ်သဘောထားကိုလည်းကောင်းပြတော် မူ၏။
28 De arme giver du Frelse, hovmodiges Øjne Skam!
၂၈ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အားကယ်တော် မူ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူ၏။
29 Ja, du er min Lampe, HERRE! HERREN opklarer mit Mørke.
၂၉အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်၏အလင်းဖြစ်လျက်အကျွန်ုပ်၏ အမှောင်ကိုလင်းစေတော်မူ၏။
30 Thi ved din Hjælp søndrer jeg Mure, ved min Guds Hjælp springer jeg over Volde.
၃၀ကိုယ်တော်ရှင်သည်ရန်သူများကိုတိုက်ခိုက်ရန် ခွန်အားကိုလည်းကောင်း၊ သူတို့၏ခံတပ်များကိုဖြိုခွင်းရန်တန်ခိုးကို လည်းကောင်းအကျွန်ုပ်အားပေးတော်မူ၏။
31 Fuldkommen er Guds Vej, lutret er HERRENS Ord. Han er et Skjold for alle, der sætter deres Lid til ham.
၃၁ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
32 Ja, hvem er Gud uden HERREN, hvem er en Klippe uden vor Gud,
၃၂ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဘုရားဖြစ်တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ ကွယ်ကာရာဖြစ်တော်မူ၏။
33 den Gud, der omgjorded mig med Kraft, jævnede Vejen for mig,
၃၃ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
34 gjorde mine Fødder som Hindens og gav mig Fodfæste paa Højne,
၃၄ကိုယ်တော်သည်ငါ့အားသမင်ကဲ့သို့ခြေမြဲစေ၍ တောင်များပေါ်တွင်၊ဘေးမဲ့လုံခြုံစွာထားတော် မူ၏။
35 oplærte min Haand til Krig, saa mine Arme spændte Kobberbuen?
၃၅အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
36 Du gav mig din Frelses Skjold, din Nedladelse gjorde mig stor;
၃၆အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ် အား ကွယ်ကာစောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကူမတော်မူသဖြင့်အကျွန်ုပ်သည် ကြီးမြင့်လာရပါ၏။
37 du skaffede Plads for mine Skridt, mine Ankler vaklede ikke.
၃၇ကိုယ်တော်ရှင်သည်အကျွန်ုပ်အားရန်သူဖမ်းဆီးခြင်း မခံရအောင်စီရင်တော်မူပါ၏။ အကျွန်ုပ်သည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ခဲ့သည်မရှိပါ။
38 Jeg jog mine Fjender, indhentede dem, vendte først om, da de var gjort til intet,
၃၈အကျွန်ုပ်သည်ရန်သူတို့အားလိုက်လံဖမ်းဆီးလျက် သူတို့အားနှိမ်နင်းပယ်ရှားပြီးသည့်တိုင်အောင် မပြန်ပါ။
39 slog dem ned, saa de ej kunde rejse sig, men laa faldne under min Fod.
၃၉အကျွန်ုပ်သည်ရန်သူတို့အားနာလန်မထူ နိုင်အောင် ချေမှုန်းပါ၏။ သူတို့သည်အကျွန်ုပ်၏ခြေရင်းတွင်လဲ၍ အညံ့ခံကြပါ၏။
40 Du omgjorded mig med Kraft til Kampen, mine Modstandere tvang du i Knæ for mig;
၄၀ကိုယ်တော်ရှင်သည်အကျွန်ုပ်အားစစ်ပွဲဝင်နိုင်ရန် ခွန်အားကိုပေးတော်မူပါ၏။ ရန်သူများအပေါ်တွင်အောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
41 du slog mine Fjender paa Flugt mine Avindsmænd ryddede jeg af Vejen.
၄၁ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
42 De raabte, men ingen hjalp, til HERREN, han svared dem ikke.
၄၂သူတို့သည်ကယ်မည့်သူကိုရှာသော်လည်း ကယ်မည့်သူမရှိပါ။ ထာဝရဘုရားအားအော်ဟစ်ကြသော်လည်း ထူးတော်မမူပါ။
43 Jeg knuste dem som Jordens Støv, som Gadeskarn tramped jeg paa dem.
၄၃အကျွန်ုပ်သည်သူတို့အားချေမှုန်းသဖြင့် သူတို့သည် မြေမှုန့်ကဲ့သို့ညက်ညက်ကြေကြပါ၏။ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့သူတို့အား အကျွန်ုပ်နင်းပါ၏။
44 Du friede mig af Folkekampe, du satte mig til Folkeslags Høvding; nu tjener mig ukendte Folk;
၄၄ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။ အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။
45 Udlandets Sønner kryber for mig; blot de hører om mig, lyder de mig:
၄၅လူမျိုးခြားတို့သည်အကျွန်ုပ်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်အကျွန်ုပ်၏အမိန့်ကိုကြားသော အခါ နာခံကြပါ၏။
46 Udlandets Sønner vansmægter, kommer skælvende frem af deres Skjul.
၄၆သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲ မိမိတို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
47 HERREN lever, højlovet min Klippe, ophøjet være min Frelses Gud,
၄၇ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ တန်ခိုးကြီး၍ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်သည်ကြီးမြတ်တော်မူကြောင်း ကြွေးကြော်ကြလော့။
48 den Gud, som giver mig Hævn, lægger Folkeslag under min Fod
၄၈ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
49 og frier mig fra mine Fjender! Du ophøjer mig over mine Modstandere, fra Voldsmænd frelser du mig.
၄၉ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍ အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။
50 HERRE, derfor priser jeg dig blandt Folkene og lovsynger dit Navn,
၅၀သို့ဖြစ်၍အကျွန်ုပ်သည်လူမျိုးတကာတို့ရှေ့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုသီချင်းဆို ပါမည်။
51 du, som kraftig hjælper din Konge og viser din Salvede Miskundhed. David og hans Æt evindelig.«
၅၁ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။