< Anden Krønikebog 27 >
1 Jotam var fem og tyve Aar gammel, da han blev Konge, og han herskede seksten Aar i Jerusalem. Hans Moder hed Jerusja og var Datter af Zadok.
၁ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ဇာဒုတ်၏သမီးယေရုရှာဖြစ်၏။-
2 Han gjorde, hvad der var ret i HERRENS Øjne, ganske som hans Fader Uzzija havde gjort, men han gik ikke ind i HERRENS Helligdom. Men Folket gjorde fremdeles, hvad fordærveligt var.
၂သူသည်ခမည်းတော်နည်းတူထာဝရဘုရား ၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုတို့ ကိုပြု၏။ သို့ရာတွင်သူသည်ခမည်းတော် ကဲ့သို့ ဗိမာန်တော်ထဲသို့ဝင်၍အပြစ်မကူး လွန်ချေ။ ပြည်သူတို့မူကားအပြစ်ကူးမြဲ ကူးလွန်လျက်နေကြလေသည်။
3 Det var ham, der opførte Øvreporten i HERRENS Hus, og desuden byggede han meget paa Ofels Mur.
၃ဗိမာန်တော်မြောက်တံခါးကိုပြုလုပ်၍ ယေရုရှလင်မြို့၊ သြဖေလအရပ်ရှိမြို့ ရိုးကိုအလွန်ခိုင်ခံ့စေသူမှာယောသံပင် ဖြစ်၏။-
4 Han opførte Byer i Judas Bjerge og Borge og Taarne i Skovene.
၄သူသည်ယုဒတောင်ရိုးများပေါ်တွင်မြို့ များကိုတည်၍ တောင်ကုန်းမြင့်များတွင် ခံတပ်များနှင့်မျှော်စင်များကိုတည် ဆောက်ခဲ့၏။
5 Han førte Krig med Ammoniternes Konge og overvandt dem, saa Ammoniterne det Aar maatte svare ham 100 Talenter Sølv, 10 000 Kor Hvede og 10 000 Kor Byg i Skat; og lige saa meget svarede Ammoniterne ham det andet og tredje Aar.
၅အမ္မုန်ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက် ခိုက်နှိမ်နင်းပြီးလျှင် အမ္မုန်အမျိုးသားတို့ အားလက်ဆောင်ပဏ္ဏာအဖြစ်ဖြင့်တစ်နှစ် လျှင်ငွေချိန်လေးတန်၊ ဂျုံဆန်တင်းငါးသောင်း နှင့် မုယောဆန်တင်းငါးသောင်းကိုသုံးနှစ် တိုင်တိုင်ပေးဆက်စေလေသည်။-
6 Saaledes blev Jotam stærk, fordi han vandrede troligt for HERREN sin Guds Aasyn.
၆ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။-
7 Hvad der ellers er at fortælle om Jotam, alle hans Krige og Foretagender, staar jo optegnet i Bogen om Israels og Judas Konger.
၇ယောသံ၏နန်းသက်အတွင်းဖြစ်ပျက်သည့် အခြားအမှုအရာများ၊ သူဆင်နွှဲသည့် စစ်ပွဲများနှင့်သူချမှတ်သည့်မူဝါဒများ ကိုဣသရေလရာဇဝင်နှင့်ယုဒရာဇဝင် တို့တွင်ရေးထားသတည်း။-
8 Han var fem og tyve Aar gammel, da han blev Konge, og han herskede seksten Aar i Jerusalem.
၈ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။-
9 Saa lagde Jotam sig til Hvile hos sine Fædre, og man jordede ham i Davidsbyen; og hans Søn Akaz blev Konge i hans Sted.
၉သူကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်တွင်သင်္ဂြိုဟ်ကြ၏။ သားတော်အာခတ် သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။